Nokia 2.4 ဟာ Budget ဖုန်းသစ်တစ်လုံးအနေနဲ့ ထွက်ပေါ်လာမယ်ဆိုပြီး လွန်ခဲ့တဲ့ ဇူလိုင်လလယ်လောက်ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ အထူးသဖြင့် ဒီဟန်းဆက်ကို Helio P22 Chipset နဲ့အတူ Geekbench မှာတွေ့ပြီးကတည်းက နောက်ဆက်ထွက်မယ့် သတင်းတွေကို စောင့်ဆိုင်းနေကြရတာပါ။

အခုတော့ Nokia 2.4 (Wolverine) ရဲ့ Render ပုံလည်း ထွက်လာပါပြီ။ ဒီဟန်းဆက်ဟာ IFA မှာ Nokia 3.4 နဲ့အတူ ပွဲထုတ်ခံရမယ်လို့လည်း သတင်းထွက်နေပြန်တာပါ။ ရုပ်ပုံတွေအရတော့ Nokia 2.4 ရော Nokia 3.4 ဟာ သူတို့ရှေ့ကမော်ဒယ်တွေနဲ့ ဒီဇိုင်းပိုင်း သိပ်ပြီးမကွာခြားတာကိုလည်း တွေ့ရပါတယ်။

Nokia 2.4 ရုပ်ပုံသစ်မှာတော့ ဒီဟန်းဆက်ဟာ ကျောဘက်မှာ Fingerprint scanner တပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ သူ့ရှေ့က 2.3 တွေကတော့ အခြေခံလုံခြုံရေးစနစ်နဲ့ Face Unlock စနစ်ပဲ ပါဝင်တာပါ။ FCC ရဲ့ စာရွက်စာတမ်းတွေမှာတော့ မော်ဒယ်နံပါတ် TA-1270 အနေနဲ့ တွေ့မြင်လာရပြီး ဘက်ထရီပမာဏကလည်း 4,000mAh ကနေ 4,800mAh ကို တိုးမြှင့်လာတာ တွေ့ရပါတယ်။

ဒါပေမယ့် အခုအချိန်ထိ 10W charger နဲ့ပဲလာဦးမှာ ဖြစ်ပါတယ်။ ကင်မရာနှစ်လုံးကလည်း အပြောင်းအလဲမရှိဘူးလို့ ကောလာဟလထွက်နေပါတယ်။ 13MP အဓိကကင်မရာနဲ့ 2MP depth sensor တို့ပဲ ဖြစ်မယ်လို့ ဆိုနေကြပါတယ်။ Teardrop notch ထဲက Selfie ကင်မရာကလည်း 5MP အဖြစ် မပြောင်းမလဲရှိနေနိုင်ပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာလဟတွေကတော့ Nokia 2.4 ဟာ အရင်ကထက်ပိုကြီးမားတဲ့ မျက်နှာပြင်အဖြစ် 6.2-inch ကနေ 6.5-inch ကြား ဖြစ်လာမယ်လို့ ဆိုနေကြပါတယ်။ Geekbench အရ 2GB of RAM နဲ့ 16GB storage ရှိတာကို သိရပါတယ်။ ဒါပေမယ့် 3GB/32GB အမျိုးအစားလည်း ရွေးချယ်နိုင်ဖွယ်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် HMD အနေနဲ့ Nokia 2.4 အပြင် Nokia 3.4, Nokia 6.3 နဲ့ 7.3 တွေကိုပါ တစ်ပါတည်း ပွဲထုတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena