Zawgyi

လာမယ့္အပတ္ထဲမွာ စတင္ေရာင္းခ်လာေတာ့မယ့္ Realme X စမတ္ဖုန္းဟာ ကုမၸဏီရဲ႕ တရုတ္ျပည္တြင္း ေစ်းကြက္ကို ပထမဆုံးထိုးေဖာက္မယ့္ လက္နက္ျဖစ္တာေၾကာင့္ ခါတုိင္းထက္ပိုၿပီး စိတ္ဝင္စားမႈေတြ ရရွိေနပါတယ္။ ယခုအခါ Realme X ဖုန္းအတြက္ တရားဝင္ Promo ဗီဒီယုိေလး ထြက္ရွိလာခဲ့ၿပီး သူ႕ဖုန္းမွာပါတဲ့ Highlight Feature ေတြနဲ႔ ဖုန္းရဲ႕ ဒီဇုိင္းကို အျပန္ျပန္အလွန္လွန္ ျပသသြားခဲ့ပါတယ္။

တစ္မိနစ္ခန္႔သာရွိတဲ့ ဒီဗီဒီယုိထဲမွာေတာ့ ဖုန္းရဲ႕အားသာခ်က္ေတြကို ျခဳံငုံျပသြားၿပီး In-display Fingerprint ကေန Pop-up ဆယ္ဖီကင္မရာထိ ျမင္ရမွာပါ။ 6.53” OLED Display ပါဝင္တဲ့ Realme X ဖုန္းဟာ Realme 3 Pro ထက္ အရြယ္ပိုႀကီးၿပီး Realme 3 Pro ဖုန္းကိုလည္း တရုတ္ေစ်းကြက္မွာ Realme X Lite ဆုိတဲ့ အမည္နဲ႔ ေရာင္းခ်လာမွာျဖစ္ပါတယ္။ Steam White နဲ႔ Punk Blue လို႔အမည္ေပးထားတဲ့ ဟန္းဆက္ေတြရဲ႕ ထူးျခားတဲ့အေရာင္ေျပးကာလာကိုလည္း ျမင္ေတြ႕ရမွာပါ။

Realme X ဖုန္းမွာ Snapdragon 710 ခ်စ္ပ္ဆက္ သုံးစြဲထားၿပီး မန္မုိရီက 64GB Storage ကို 4 / 6GB RAM နဲ႔အတြဲ သုိ႔မဟုတ္ 128GB Storage ကို 8GB RAM နဲ႔တြဲဖက္ထားတာဆုိၿပီး သုံးမ်ဳိးထြက္ရွိလာမွာပါ။ ေနာက္ဘက္မွာ 48MP Sensor ဦးေဆာင္တဲ့ Dual-camera ပါဝင္လာၿပီး Pop-up Selfie ကင္မရာကေတာ့ 16MP ျဖစ္ပါတယ္။

ပထမဆုံး Realme X ယူနစ္ေတြကို ေမလ ၂၀ ရက္ေန႔ တရုတ္စံေတာ္ခ်ိန္ မနက္ဆယ္နာရီဝန္းက်င္မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး 4/64 GB အေျခခံေမာ္ဒယ္က တရုတ္ယြမ္ေငြ ၁,၅၀၀ (ျမန္မာေငြသုံးသိန္းသုံးေသာင္းေက်ာ္) ကေန စတင္သတ္မွတ္ထားပါတယ္။

Ref – GSM Arena

Unicode

လာမယ့်အပတ်ထဲမှာ စတင်ရောင်းချလာတော့မယ့် Realme X စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ တရုတ်ပြည်တွင်း ဈေးကွက်ကို ပထမဆုံးထိုးဖောက်မယ့် လက်နက်ဖြစ်တာကြောင့် ခါတိုင်းထက်ပိုပြီး စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။ ယခုအခါ Realme X ဖုန်းအတွက် တရားဝင် Promo ဗီဒီယိုလေး ထွက်ရှိလာခဲ့ပြီး သူ့ဖုန်းမှာပါတဲ့ Highlight Feature တွေနဲ့ ဖုန်းရဲ့ ဒီဇိုင်းကို အပြန်ပြန်အလှန်လှန် ပြသသွားခဲ့ပါတယ်။

တစ်မိနစ်ခန့်သာရှိတဲ့ ဒီဗီဒီယိုထဲမှာတော့ ဖုန်းရဲ့အားသာချက်တွေကို ခြုံငုံပြသွားပြီး In-display Fingerprint ကနေ Pop-up ဆယ်ဖီကင်မရာထိ မြင်ရမှာပါ။ 6.53” OLED Display ပါဝင်တဲ့ Realme X ဖုန်းဟာ Realme 3 Pro ထက် အရွယ်ပိုကြီးပြီး Realme 3 Pro ဖုန်းကိုလည်း တရုတ်ဈေးကွက်မှာ Realme X Lite ဆိုတဲ့ အမည်နဲ့ ရောင်းချလာမှာဖြစ်ပါတယ်။ Steam White နဲ့ Punk Blue လို့အမည်ပေးထားတဲ့ ဟန်းဆက်တွေရဲ့ ထူးခြားတဲ့အရောင်ပြေးကာလာကိုလည်း မြင်တွေ့ရမှာပါ။

Realme X ဖုန်းမှာ Snapdragon 710 ချစ်ပ်ဆက် သုံးစွဲထားပြီး မန်မိုရီက 64GB Storage ကို 4 / 6GB RAM နဲ့အတွဲ သို့မဟုတ် 128GB Storage ကို 8GB RAM နဲ့တွဲဖက်ထားတာဆိုပြီး သုံးမျိုးထွက်ရှိလာမှာပါ။ နောက်ဘက်မှာ 48MP Sensor ဦးဆောင်တဲ့ Dual-camera ပါဝင်လာပြီး Pop-up Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။

ပထမဆုံး Realme X ယူနစ်တွေကို မေလ ၂၀ ရက်နေ့ တရုတ်စံတော်ချိန် မနက်ဆယ်နာရီဝန်းကျင်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး 4/64 GB အခြေခံမော်ဒယ်က တရုတ်ယွမ်ငွေ ၁,၅၀၀ (မြန်မာငွေသုံးသိန်းသုံးသောင်းကျော်) ကနေ စတင်သတ်မှတ်ထားပါတယ်။

Ref – GSM Arena