[Zawgyi]

အေနာက္ႏုိင္ငံအေျခစုိက္ ကုမၸဏီေတြ အားလပ္ရက္အတြက္ ေသြးေအးေနခ်ိန္မွာ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူေတြကေတာ့ လက္သြက္ေျခသြက္နဲ႔ ထုတ္ကုန္သစ္ေတြ မိတ္ဆက္လ်က္ရွိပါတယ္။ အခုေနာက္ဆုံး ထြက္လာတာကေတာ့ Xiaomi Mi Play စမတ္ဖုန္းျဖစ္ၿပီး တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ရဲ႕ လူငယ္ေတြကို ပစ္မွတ္ထားတဲ့ ဟန္းဆက္စီးရီးအသစ္အတြက္ ပထမဆုံး ထုတ္ကုန္လည္း ျဖစ္တယ္။

ယေန႔ပဲ တရုတ္ျပည္တြင္းမွာ အရင္မိတ္ဆက္လာတဲ့ Mi Play ကေတာ့ ေတာက္ပတဲ့ ကာလာဒီဇုိင္းမ်ဳိးနဲ႔ပါ။ Xiaomi အတြက္ ပထမဆုံး Waterdrop Notch ပါတဲ့ စမတ္ဖုန္းဆုိေပမယ့္ ေစ်းကြက္ထဲမွာ Waterdrop Notch ကေတာ့ အဆန္းမဟုတ္ေတာ့ပါဘူး။ အခုခ်ိန္မွာ ေစ်းကြက္ဟာ Notch ေတြကေန Camera-hole ေတြဆီကို ေျပာင္းေရႊ႕စေတာင္ ျပဳေနပါၿပီ။

Notch အျပင္ Mi Play မွာ 5.84” လက္မအရြယ္ Full HD+ Display ပါဝင္ၿပီး အနည္းငယ္ထူထဲတဲ့ Bezel ေဘာင္နဲ႔ပါ။ ေက်ာဘက္ကိုေတာ့ အေရာင္ျပန္အားေကာင္းတဲ့ Glass ကိုယ္ထည္နဲ႔ထြက္လာၿပီး အေရာင္ကလည္း ၂၀၁၈ ထဲမွာ ေခတ္စားလာတဲ့ အေရာင္ေျပးႏွစ္ေရာင္စပ္ပုံမ်ဳိးပဲ ျဖစ္ပါတယ္။

Xiaomi Mi Play မွာ MediaTek Helio P35 SoC နဲ႔ပြဲထြက္လာၿပီး ဒီခ်စ္ပ္ဆက္ကို အသုံးျပဳလာတာ Xiaomi က ပထမဆုံးပဲလုိ႔ ထင္ရပါတယ္။ သူ႕အေၾကာင္း သိပ္မသိရဘဲ Octa-core ဒီဇုိင္းကို 12-nm မွာ တည္ေဆာက္ထားၿပီး Imagination Technologies ထံမွ PowerVR GE8320 GPU ပါဝင္ပါတယ္။ ၾကည့္ရတာ ဘတ္ဂ်က္ဖုန္းေတြအတြက္ ရည္ရြယ္ထားတဲ့ ပရုိဆက္ဆာလို႔ ယူဆရတယ္။

က်န္တဲ့ Specs ေတြကလည္း အလယ္အလတ္တန္းလို႔ ဆုိႏုိင္ၿပီး သူ႕မွာ 4GB RAM / 64GB Storage မန္မုိရီပမာဏတုိ႔ ပါဝင္ပါတယ္။ ဘကၳရီကေတာ့ 3,000 mAh ျဖစ္ကာ အဓိက ကင္မရာက 12MP + 2MP Depth Sensor ျဖစ္ပါတယ္။ Fingerprint ဆင္ဆာတစ္ခုလည္း ေက်ာဘက္မွာ ပါဝင္တယ္။

Xiaomi Mi Play ရဲ႕ တန္ဖိုးကေတာ့ ယြမ္ ၁၀၉၉ သုိ႔မဟုတ္ ေဒၚလာ ၁၆၀ ဝန္းက်င္သာ က်သင့္ပါတယ္။ ဒါ့ေၾကာင့္ သူ႕ရဲ႕ Specs နဲ႔ဒီဇုိင္းကို ယွဥ္ၾကည့္မယ္ဆုိရင္ ခ်ဳိသာတယ္လို႔ ဆိုႏုိင္ပါတယ္။ ေလာေလာဆယ္ေတာ့ ႏုိင္ငံတကာေစ်းကြက္ကို ထြက္ရွိလာမယ့္ ရက္ကို မသိရေသးပါဘူး။

Ref – Android Authority

[Unicode]

အနောက်နိုင်ငံအခြေစိုက် ကုမ္ပဏီတွေ အားလပ်ရက်အတွက် သွေးအေးနေချိန်မှာ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူတွေကတော့ လက်သွက်ခြေသွက်နဲ့ ထုတ်ကုန်သစ်တွေ မိတ်ဆက်လျက်ရှိပါတယ်။ အခုနောက်ဆုံး ထွက်လာတာကတော့ Xiaomi Mi Play စမတ်ဖုန်းဖြစ်ပြီး တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ရဲ့ လူငယ်တွေကို ပစ်မှတ်ထားတဲ့ ဟန်းဆက်စီးရီးအသစ်အတွက် ပထမဆုံး ထုတ်ကုန်လည်း ဖြစ်တယ်။

ယနေ့ပဲ တရုတ်ပြည်တွင်းမှာ အရင်မိတ်ဆက်လာတဲ့ Mi Play ကတော့ တောက်ပတဲ့ ကာလာဒီဇိုင်းမျိုးနဲ့ပါ။ Xiaomi အတွက် ပထမဆုံး Waterdrop Notch ပါတဲ့ စမတ်ဖုန်းဆိုပေမယ့် ဈေးကွက်ထဲမှာ Waterdrop Notch ကတော့ အဆန်းမဟုတ်တော့ပါဘူး။ အခုချိန်မှာ ဈေးကွက်ဟာ Notch တွေကနေ Camera-hole တွေဆီကို ပြောင်းရွှေ့စတောင် ပြုနေပါပြီ။

Notch အပြင် Mi Play မှာ 5.84” လက်မအရွယ် Full HD+ Display ပါဝင်ပြီး အနည်းငယ်ထူထဲတဲ့ Bezel ဘောင်နဲ့ပါ။ ကျောဘက်ကိုတော့ အရောင်ပြန်အားကောင်းတဲ့ Glass ကိုယ်ထည်နဲ့ထွက်လာပြီး အရောင်ကလည်း ၂၀၁၈ ထဲမှာ ခေတ်စားလာတဲ့ အရောင်ပြေးနှစ်ရောင်စပ်ပုံမျိုးပဲ ဖြစ်ပါတယ်။

Xiaomi Mi Play မှာ MediaTek Helio P35 SoC နဲ့ပွဲထွက်လာပြီး ဒီချစ်ပ်ဆက်ကို အသုံးပြုလာတာ Xiaomi က ပထမဆုံးပဲလို့ ထင်ရပါတယ်။ သူ့အကြောင်း သိပ်မသိရဘဲ Octa-core ဒီဇိုင်းကို 12-nm မှာ တည်ဆောက်ထားပြီး Imagination Technologies ထံမှ PowerVR GE8320 GPU ပါဝင်ပါတယ်။ ကြည့်ရတာ ဘတ်ဂျက်ဖုန်းတွေအတွက် ရည်ရွယ်ထားတဲ့ ပရိုဆက်ဆာလို့ ယူဆရတယ်။

ကျန်တဲ့ Specs တွေကလည်း အလယ်အလတ်တန်းလို့ ဆိုနိုင်ပြီး သူ့မှာ 4GB RAM / 64GB Storage မန်မိုရီပမာဏတို့ ပါဝင်ပါတယ်။ ဘက္ထရီကတော့ 3,000 mAh ဖြစ်ကာ အဓိက ကင်မရာက 12MP + 2MP Depth Sensor ဖြစ်ပါတယ်။ Fingerprint ဆင်ဆာတစ်ခုလည်း ကျောဘက်မှာ ပါဝင်တယ်။

Xiaomi Mi Play ရဲ့ တန်ဖိုးကတော့ ယွမ် ၁၀၉၉ သို့မဟုတ် ဒေါ်လာ ၁၆၀ ဝန်းကျင်သာ ကျသင့်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ Specs နဲ့ဒီဇိုင်းကို ယှဉ်ကြည့်မယ်ဆိုရင် ချိုသာတယ်လို့ ဆိုနိုင်ပါတယ်။ လောလောဆယ်တော့ နိုင်ငံတကာဈေးကွက်ကို ထွက်ရှိလာမယ့် ရက်ကို မသိရသေးပါဘူး။

Ref – Android Authority