ZTE က စက်တင်ဘာလမှာ Axon 20 5G ကို ကြေညာခဲ့ပြီး တရုတ်မှာ ရောင်းချပေးခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းအဖြစ် သမိုင်းမှတ်တိုင်ဝင်ခဲ့ပါတယ်။ အခုတော့ ZTE က အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။

ZTE Axon 20 5G is the first smartphone with an under-display camera

ZTE က အဲဒီ စမတ်ဖုန်းအတွက် ကြိုတင်အမှာစာတွေကို လက်ခံနေပြီ ဖြစ်ပြီး လိုချင်ရင်တော့ အီးမေး လိပ်စာ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ လက်သွက်ဖို့တော့ လိုပါတယ်။ ဘာလို့လည်း ဆိုတော့ ZTE က အဲဒီ စမတ်ဖုန်းကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးမှာ ဖြစ်လို့ပါ။ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်တယ်လို့ ZTE က ပြောပါတယ်။

ZTE Axon 20 5G appears in three new colors in latest official poster - GSMArena.com news

အဲဒီ စမတ်ဖုန်းကို အစောဆုံး ရောင်းချမယ့် နိုင်ငံ စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

United Kingdom

European Union

Japan

South Korea

Thailand

Malaysia

Philippines

United Arab Emirates

Ukraine

Saudi Arabia

South Africa

ZTE က အဲဒီ စမတ်ဖုန်းရဲ့ နိုင်ငံတကာ ရောင်းဈေးကို မပြောသေးပါဘူး။ လာမယ့် ရက်ပိုင်းအတွင်းမှာ တခြားနိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena