Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က ၂၀၂၂ ခုနှစ်မှာ Apple ဟာ Watch မော်ဒယ် ၃ ခု ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၁ ခုက Watch Series 8 ဖြစ်ပြီး အရင်သတင်းတွေအရ ကိုယ်ခန္တာ အပူချိန် တိုင်းတာတဲ့ ဆန်ဆာပါလာနိုင်ပါတယ်။ နောက် ၁ ခုက Watch SE မော်ဒယ် ဖြစ်ပြီး နောက်ဆုံး ၁ ခုက စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒါကတော့ အကြမ်းခံတဲ့ မော်ဒယ် ဖြစ်ပါတယ်။

Apple Watch Explorer Edition (image: MacRumors)

အကြမ်းခံတဲ့ Apple Watch မော်ဒယ် အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီ မော်ဒယ်ရဲ့ ဒီဇိုင်းဟာ သမားရိုးကျ Apple Watch မော်ဒယ်တွေနဲ့ ကွဲပြားမှာ ဖြစ်ပြီး တုန်ခါမှုဒဏ် ခံနိုင်အောင် ဖန်တီးထားမှာ ဖြစ်ပါတယ်။ Casio G-Shock လို Protective ဒီဇိုင်း ဖန်တီးထားနိုင်ပါတယ်။

Here's everything we know so far about the Apple Watch Series 8 - ViralTis

Bloomberg ရဲ့ သတင်းအရ အဲဒီ အကြမ်းခံတဲ့ Apple Watch မော်ဒယ်ကို  Apple Watch Explorer Edition လို့ နာမည်ပေးထားနိုင်ပြီး တောင်တက် သမားတွေ အပါအဝင် အားကစားသမားတွေအတွက် အဓိက ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။

Apple Watch Series 8 ရဲ့ ကိုယ်ခန္တာအပူချိန်တိုင်းတာတဲ့ ဆန်ဆာကြောင့် User တွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္တာ ကြံ့ခိုင်မှု ဒေတာတွေကို ပိုမို ကောက်ယူနိုင်မှာ ဖြစ်ပါတယ်။ Kuo က AirPods Pro Version မှာလည်း ကျန်းမာရေး ဆန်ဆာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Stem ကို ဖယ်ရှားထားတဲ့ ဒီဇိုင်း အသုံးပြုထားမယ်လို့ ပြောပါတယ်။

Ref : phonearena