Zawgyi Font Version


USB Restricted Mode


Automatic Updates


Stronger Passcode






Ref: Tech Crunch

Unicode Version

Apple ရဲ့ နောက်ဆုံး Mobile OS ဖြစ်တဲ့ iOS 12 ထွက်ရှိလို့လာပါပြီ။ iPhone နဲ့ iPad တွေအတွက် Update ရရှိနိုင်ပြီး User တော်တော်များများလည်း Update လုပ်ပြီးသွားကြပါပြီ။ Feature အသစ်ပေါင်းများစွာပါဝင်လာပြီး Security နဲ့ Privacy ပိုင်း Feature အသစ်တွေလည်းများစွာပါဝင်လာပါတယ်။ သင်ကြားဖူးပြီးသား Security Feature တွေရော မကြားဖူးသေးတဲ့ Security Feature တွေထဲမှာမှ အခုချက်ချင်းပြောင်းလဲသင့်တဲ့ Security Settings (၅) ခုကိုဖော်ပြပေးလိုက်ပါတယ်။ အဆိုပါ Settings တွေကိုပြောင်းလဲအသုံးပြုခြင်းအားဖြင့် ကိုယ့် iDevice တွေကို ပိုမိုလုံခြုံစေမှာပါ။

USB Restricted Mode

USB Restricted Mode ဆိုတာကတော့ သင့်ဖုန်းဘေးနားမှာ သင်မရှိတဲ့အချိန်မျိုးမှာ တစ်ခြားသူတွေကနေ သင့် iPhone, iPad တွေရဲ့ Lightning Port ကနေတစ်ဆင့် PC နဲ့ချိတ်ပြီး သင့် iPhone သို့မဟုတ် iPad ရဲ့ Pass code တွေကို Hacking Tool တွေနဲ့ ဖြည်လို့ Hack လို့မရနိုင်အောင် ပိတ်ထားမယ့် Security Feature ပါ။ အဲ့ဒီ Setting ကို ဖွင့်ချင်ရင်တော့ iPhone, iPad ရဲ့ Settings ထဲမှာ Touch ID & Passcode ထဲဝင်ပါ။ သင်ထားထားတဲ့ Passcode ကိုရိုက်ပေးပြီး Option Page ရဲ့ အောက်ကိုဆင်းသွားရင် “USB Accessories” ကိုသွားပြီး Lock Screen မှာ USB Setting အသုံးပြုလို့မရအောင် Off လုပ်ထားလိုက်ပါ။

Automatic Updates

အခုခေတ်မှာ လူတိုင်းနီးပါး IPS တွေသုံးလာပါတယ်။ Internet Service Provider ပါ။ ဥပမာပေးရရင် Myanmar Net တို့ Hi Wifi တို့လို Wifi Provider တွေပါ။ Wifi Service သုံးတဲ့ iOS အသုံးပြုသူတစ်ယောက်ဆိုရင် Auto Update Feature ကို ဖွင့်ထားခြင်းအားဖြင့် ဖုန်းကို ကိုယ်အသုံးမပြုတဲ့ အချိန်မှာပဲ Software Update တွေကို ကြိုတင်ပြီး ဒေါင်းပေးထားလို့ အချိန်ကုန်သက်သာစေပြီး ကိုယ့် iDevice ရဲ့ iOS Version ဟာ အချိန်နဲ့တစ်ပြေးညီ Update ဖြစ်နေမှာပါ။ အဆိုပါ Setting လေးကိုဖွင့်ပေးဖို့အတွက်တော့ iOS ရဲ့ Settings ထဲမှာ General ထဲကနေ Software Update ထဲဝင်ပြီး Automatic Updates ကို On ပေးလိုက်ပါ။

Stronger Passcode

iOS မှာ ဟိုးအရင်တုန်းက Passcode ကိုလေးလုံးပဲထားနိုင်ခဲ့ပြီး Hacker တွေအတွက် Code ဖော်ရတာ တော်တော်လေးလွယ်ကူခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ခြောက်လုံးထိထားနိုင်ပြီး အခုအချိန်မှာတော့ ကိုယ့်စိတ်ကြိုက်ကြိုက်သလောက်ထားနိုင်ပါပြီ။ Passcode ကို လေးလုံးနဲ့ အထက် ခြောက်လုံးကနေစပြီးထားသင့်ပြီး ခြောက်လုံးအထက်ထားရင်တော့ အရမ်းစိတ်ချရပါပြီ။ iOS ရဲ့ Settings ထဲကနေ Touch ID & Passcode ထဲဝင်ပြီး Change Password နှိပ်ပြီး Custom Numeric Code ကိုရွေးပြီး ကိုယ့်စိတ်ကြိုက် Passcode အရေအတွက်နဲ့ Lock ချထားနိုင်ပါပြီ။

Two Factor Authentication

Two Factor Authentication ဆိုတာကတော့ တစ်စုံတစ်ယောက်က သင့် Apple ID Password သိသွားရုံနဲ့တင် Log In ဝင်လို့မရပဲ သင့် Phone Number ကို Message ပို့ပြီး Code ပြန်ဖြည့်ပေးရမယ့် အလုံခြုံဆုံး Security Feature တစ်ခုပါ။ သင့် ဖုန်းနာပတ်ကိုရိုက်ထည့်ပေးထားဖို့တော့လိုပါလိမ့်မယ်။ အဆိုပါ Security Feature ကိုအသုံးပြုဖို့အတွက် iOS Settings ထဲကနေ Password & Security ထဲဝင်ပြီး Two Factor Authentication ထဲမှာ ကိုယ့်ဖုန်းနာပတ်ရိုက်ထည့်ထားနိုင်ပါတယ်။

Change Reused Passwords

iOS 12 ရဲ့ Password Manager မှာ Website တွေအတွက် Account တွေပြုလုပ်တဲ့အခါ Password တွေထပ်နေခဲ့ရင် သတိပေးမယ့် Feature အသစ်တစ်ခုပါလာပါတယ်။ သတိပေးတဲ့အပြင် Password အသစ် ပြန်ပြီးပြင်ပေးမယ့် Feature ပါ ပါဝင်လာပါတယ်။ Website တွေမှာ ကိုယ်အသုံးပြုနေကျ Password တစ်ခုတည်းကိုပဲ သုံးတာက “Credential Stuffing” လို့ခေါ်တဲ့ နည်းလမ်းနဲ့ Hack ခံရနိုင်ပါတယ်။ Hacker တွေက သင့် Account တစ်ခုရဲ့ Password သိသွားခဲ့ရင် တစ်ခြား Account တွေကိုလည်းလျောက်ဝင်ပြီး အချက်အလက်တွေခိုးလို့ရပါပြီ။ အခု Feature ကတော့ Website တွေကိုသွားပြီး သင့် Account တွေရဲ့ Password တွေကို တစ်ကူးတစ်က ပြန်ပြင်စရာမလိုတော့ပဲ Setting ထဲဝင်ကြည့်ရုံနဲ့ Password တူနေတဲ့ Account တွေကို ပြပေးမှာဖြစ်ပြီး Password ချိန်းဖို့သတိပေးမှာပါ။ ခလုတ်လေးတစ်ချက်နှိပ်ရုံရင် Password အလွယ်တကူပြောင်းနိုင်လို့ အရမ်းအဆင်ပြေပါတယ်။ iOS Settings ထဲဝင်ပြီး Passwords & Accounts ထဲဝင်ပြီး Password တူနေတဲ့ Account တွေကိုဝင်စစ်နိုင်ပါတယ်။ Password တူနေရင်တော့ သတိပေးတဲ့ စာသာလေးတွေ့မှာဖြစ်ပြီး Password ကို အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။

Ref: Tech Crunchq