Xiaomi စမတ်ဖုန်းတွေကို အသုံးပြုနေပြီးတော့ တစ်ခါတလေမှာ ဖုန်းကလေးသွားတာ၊ Application တွေထဲဝင်လို့မရတာ၊ ဂိမ်းဆော့နေရင် စက်ကလေးသွားတာတွေကို ကြုံတွေ့နေရပါသလား?

အဲ့ဒါဆိုရင်တော့ အခုပြောပြပေးသွားမယ့် အချက် ၅ ချက်ကို ပြုလုပ်ပြီးတော့ ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်မြှင့်တင်နိုင်မှာနော်။

(1.) ဖုန်းရဲ့ Setting – About Phone မှာ MIUI Version ကို 7 ချက်နှိပ်ပေးပါ။ “You are now developer” ဆိုတဲ့ စာတန်းပေါ်လာရင် Setting – Additional Setting မှာ Developer Options ကို မြင်ရမှာပါ။ Developer Option ထဲက Window Animation, Transition Animation, Animator Duration တို့ကို အနိမ့်ဆုံးထားပေးလိုက်ပါ။

(2.) Developer Option ထဲမှာပဲ Memory Optimization ကို High ထားပေးတာ၊ Turn On MIUI Optimization ကို On ထားတာကလည်း ဖုန်းကို ပိုသွက်စေမှာပါ။

(3.) Setting – Battery and Performance ထဲက System Animations မှာ Hide System Animations တွေကလည်း ဖုန်းရဲ့ Performance ကို မြန်ဆန်စေမှာပါ။

(4.) Security app – Cleaner ကနေ မလိုအပ်တဲ့ File တွေ၊ Memory ကို မကြာခဏ ရှင်းပေးတာကလည်း အဆင်ပြေစေမှာပါ။ Size ကြီးမားတဲ့ File တွေ၊ Photos တွေကိုတော့ Deep Clean ကနေရှင်းလို့ရပါတယ်။

(5.) နောက်ဆုံးအနေနဲ့ကတော့ ဖုန်းကို အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်လောက် Reboot ချလိုက်တာက ဖုန်းမှာ နောက်ကွယ်မှာ Run နေတဲ့ Services တွေကိုပါ လျော့နည်းစေတဲ့အတွက် ဖုန်းရဲ့ အမြန်နှုန်းကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။