Zawgyi

Meizu ရဲ႕ Flagship စမတ္ဖုန္းသစ္ 16s Pro နဲ႔ပတ္သက္လို႔ အခုရက္ပုိင္းမွာ သတင္းေတြထြက္ေနတဲ့အျပင္ ယေန႔မွာေတာ့ ကုမၸဏီက သူတုိ႔ရဲ႕ Flyme OS 8 အတြက္ ထြက္ရွိရက္ကုိပါ အတည္ျပဳေၾကညာလိုက္ျပန္ပါတယ္။

Flyme OS 8 ထြက္ရွိလာမယ့္ရက္ကေတာ့ Meizu 16s Pro ကို တရုတ္ႏုိင္ငံအတြင္းမွာ မိတ္ဆက္လာမယ့္ ၾသဂုတ္လ ၂၈ ရက္ေန႔ပဲျဖစ္တာေၾကာင့္ Flagship ဖုန္းအသစ္နဲ႔အတူ တၿပိဳင္တည္း မိတ္ဆက္လာမယ္လို႔ ဆုိရမွာပါ။ သူတုိ႔ရဲ႕ Weibo မွ ပုိစ့္ဟာ Flyme OS အသစ္နဲ႔ပတ္သက္ၿပီး အခ်က္အလက္ပုိင္းမေဖာ္ျပခဲ့ေပမယ့္ အရင္ေန႔ေတြမွာ ထြက္ခဲ့တဲ့ Leak ေတြအရေတာ့ ဒီတစ္ခါ UI မွာ အျမင္ပုိင္းဆုိင္ရာ အႀကီးအက်ယ္ေျပာင္းလဲထားၿပီး ပိုရုိးရွင္းတဲ့ Interface နဲ႔ ပိုလုံးဝန္းတဲ့ Icon ေတြ ပါလာမယ္လို႔ ဆုိပါတယ္။

Flyme OS 8 ဟာ Google ရဲ႕ အဆင္အျပင္ဒီဇုိင္းစတုိင္လ္ကို လိုက္နာဦးမွာျဖစ္ၿပီး UI ပုိင္းမွာ ပိုရွင္းလင္းတဲ့ ပုံစံျဖစ္ေအာင္ ျပဳလုပ္လာမယ္လို႔ သတင္းထြက္ထားပါတယ္။ App Icon ေလးေတြကို အႀကီးစား ေျပာင္းလဲမႈျပဳလုပ္ထားၿပီး Navigation နဲ႔ Status Bar ႏွစ္ခုကိုလည္း အျမင္ပုိင္းေျပာင္းလဲလာမယ္လို႔ ဆုိထားတယ္။ Background မွာ Run ေနတဲ့ Process ေတြကို ပိုမုိထိန္းခ်ဳပ္ေပးၿပီး ဘကၳရီအားကို ပိုသက္သာေစမယ့္ ကုမၸဏီရဲ႕ One Mind Optimizer ဗားရွင္းအသစ္ကိုလည္း ျမင္ရမွာပါ။

Meizu 16s Pro ကေတာ့ Geekbench ေပၚမွာ Flyme OS အသစ္နဲ႔ပဲ ထြက္ေပၚလာခဲ့ၿပီး ျဖစ္ပါတယ္။ ၄င္းမွာ Snapdragon 855+ ခ်စ္ပ္အသုံးျပဳထားၿပီး 8GB RAM နဲ႔တြဲဖက္ထားတယ္။ Resolution ပမာဏက 2232 x 1080p ျဖစ္ၿပီး Storage ပမာဏက 128GB ျဖစ္ပါတယ္။

ဒါဆုိရင္ေတာ့ ၾသဂုတ္လ ၂၈ ရက္ေန႔မွာ Meizu 16s Pro ကိုသာမက သူနဲ႔အတူပါလာမယ့္ Flyme OS အသစ္ရဲ႕ Feature ေတြကိုပါ ေစာင့္ၾကည့္ရေတာ့မွာပါ။ ရက္ပုိင္းအတြင္း သိရမွာဆုိေတာ့ သိပ္မေစာင့္ရေတာ့ပါဘူး။

Ref – GSM Arena

Unicode

Meizu ရဲ့ Flagship စမတ်ဖုန်းသစ် 16s Pro နဲ့ပတ်သက်လို့ အခုရက်ပိုင်းမှာ သတင်းတွေထွက်နေတဲ့အပြင် ယနေ့မှာတော့ ကုမ္ပဏီက သူတို့ရဲ့ Flyme OS 8 အတွက် ထွက်ရှိရက်ကိုပါ အတည်ပြုကြေညာလိုက်ပြန်ပါတယ်။

Flyme OS 8 ထွက်ရှိလာမယ့်ရက်ကတော့ Meizu 16s Pro ကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ပဲဖြစ်တာကြောင့် Flagship ဖုန်းအသစ်နဲ့အတူ တပြိုင်တည်း မိတ်ဆက်လာမယ်လို့ ဆိုရမှာပါ။ သူတို့ရဲ့ Weibo မှ ပိုစ့်ဟာ Flyme OS အသစ်နဲ့ပတ်သက်ပြီး အချက်အလက်ပိုင်းမဖော်ပြခဲ့ပေမယ့် အရင်နေ့တွေမှာ ထွက်ခဲ့တဲ့ Leak တွေအရတော့ ဒီတစ်ခါ UI မှာ အမြင်ပိုင်းဆိုင်ရာ အကြီးအကျယ်ပြောင်းလဲထားပြီး ပိုရိုးရှင်းတဲ့ Interface နဲ့ ပိုလုံးဝန်းတဲ့ Icon တွေ ပါလာမယ်လို့ ဆိုပါတယ်။

Flyme OS 8 ဟာ Google ရဲ့ အဆင်အပြင်ဒီဇိုင်းစတိုင်လ်ကို လိုက်နာဦးမှာဖြစ်ပြီး UI ပိုင်းမှာ ပိုရှင်းလင်းတဲ့ ပုံစံဖြစ်အောင် ပြုလုပ်လာမယ်လို့ သတင်းထွက်ထားပါတယ်။ App Icon လေးတွေကို အကြီးစား ပြောင်းလဲမှုပြုလုပ်ထားပြီး Navigation နဲ့ Status Bar နှစ်ခုကိုလည်း အမြင်ပိုင်းပြောင်းလဲလာမယ်လို့ ဆိုထားတယ်။ Background မှာ Run နေတဲ့ Process တွေကို ပိုမိုထိန်းချုပ်ပေးပြီး ဘက္ထရီအားကို ပိုသက်သာစေမယ့် ကုမ္ပဏီရဲ့ One Mind Optimizer ဗားရှင်းအသစ်ကိုလည်း မြင်ရမှာပါ။

Meizu 16s Pro ကတော့ Geekbench ပေါ်မှာ Flyme OS အသစ်နဲ့ပဲ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းမှာ Snapdragon 855+ ချစ်ပ်အသုံးပြုထားပြီး 8GB RAM နဲ့တွဲဖက်ထားတယ်။ Resolution ပမာဏက 2232 x 1080p ဖြစ်ပြီး Storage ပမာဏက 128GB ဖြစ်ပါတယ်။

ဒါဆိုရင်တော့ သြဂုတ်လ ၂၈ ရက်နေ့မှာ Meizu 16s Pro ကိုသာမက သူနဲ့အတူပါလာမယ့် Flyme OS အသစ်ရဲ့ Feature တွေကိုပါ စောင့်ကြည့်ရတော့မှာပါ။ ရက်ပိုင်းအတွင်း သိရမှာဆိုတော့ သိပ်မစောင့်ရတော့ပါဘူး။

Ref – GSM Arena