Fnatic Dota 2 အသင်းရဲ့ ထိုင်းလူမျိုး ကစားသမား “23Savage” ဟာ တစ်နေ့ကမှ Dota 2 သမိုင်းတလျှောက် ဒုတိယမြောက် 11K MMR ရောက်ရှိခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် Fnatic အသင်းဟာ သူ့ကို အချိန်တိုအတွင်း ထုတ်ပယ်ခဲ့ပြီး ဖိလစ်ပိုင် ဝါရင့်ပရို တစ်ဦးဖြစ်တဲ့ “Raven” ကို ခေါ်ယူခဲ့ပါတယ်။

“Raven” ဟာ ၂၀၁၅ – ၁၆ ဝန်းကျင်တည်းက TNC အသင်းနဲ့ နိုင်ငံတကာမှာ အသိအမှတ်ပြုခံခဲ့ရတဲ့ Carry ကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိမှာ အသက် ၂၁ နှစ်သာ ရှိပါသေးတယ်။ ၂၀၁၆ အတွင်းမှာပဲ Fnatic အသင်းကို လာရောက် ကစားခဲ့ဖူးပေမယ့် လအနည်းငယ်အတွင်း ပြန်စွန့်ခွာကာ TNC အသင်းမှာပဲ ၂၀၁၈ ခုနှစ်ထိ ပြန်ကစားခဲ့ပါသေးတယ်။ ဒါ့ကြောင့် အခုတစ်ခါ Fnatic အသင်းကို အရင်က မရခဲ့တဲ့ အောင်မြင်မှုတွေ ရယူဖို့ အားခဲပြီး ပြန်လာတာလား ဆိုတာ စောင့်ကြည့်ရမှာပါ။

ယနေ့အစောပိုင်းမှာ Fnatic အသင်းက 23Savage ထွက်ခွာကြောင်း ကြေညာခဲ့သလို Raven လည်း လက်ရှိအသင်း Geekfam ကနေ ထွက်ခွာသွားကြောင်း ပိုစ့်တင်ခဲ့ပါတယ်။ နောက်နာရီအနည်းငယ်အတွင်းမှာပဲ အခုလို အပြောင်းအရွှေ့သတင်း ထွက်ပေါ်လာခဲ့တာပါ။

Fnatic အဖွဲ့အစည်းရဲ့ Dota 2 မန်နေဂျာဖြစ်သူကလည်း ဒေသအတွင်းမှာ ကြီးစိုးနိုင်ဖို့အတွက် အရှေ့တောင်အာရှရဲ့ အကောင်းဆုံး Carry တစ်ဦးဖြစ်သူကို ဒုတိယအကြိမ် ကြိုဆိုပါတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။ Fnatic ရဲ့ လက်ရှိ လူစာရင်းက Raven, Moon, Iceiceice, DJ, Jabz တို့ ဖြစ်ပါတယ်။

Ref – AFKGaming