[Zawgyi]

Foldable ဖုန္းေတြဟာ စာ႐ြက္ေပၚမွာဆိုရင္ေတာ့ လုံးဝကို ၿပီးျပည့္စုံတဲ့ အႀကံဉာဏ္ေတြနဲ႔ တည္ေဆာက္ထားသလိုပါပဲ။ ဒါေပမယ့္ တကယ္တမ္း လက္ေတြ႕မွာေတာ့ ၿပီးျပည့္စုံေအာင္ တည္ေဆာက္ဖို႔က ခက္ခဲပါတယ္။ အထူးသျဖင့္ မ်က္ႏွာျပင္က်ယ္တဲ့ဖုန္းကို အိတ္ကပ္ထဲထည့္လို႔ရတဲ့အ႐ြယ္ျဖစ္ေအာင္ ေခါက္ခ်ိဳးႏိုင္ဖို႔အတြက္ ျပည့္စုံတဲ့ ဒီဇိုင္းကိုတည္ေဆာက္ရတာဟာ စိန္ေခၚမႈမ်ားစြာနဲ႔ ရင္ဆိုင္ရတာပါပဲ။

Samsung နဲ႔ Huawei တို႔ကေတာ့ စာ႐ြက္ေပၚကေန လက္ေတြ႕ထုတ္လုပ္တဲ့အဆင့္ကို ေရာက္ရွိသြားၾကပါၿပီ။ စမတ္ဖုန္းေလာကရဲ႕ တီထြင္ဆန္းသစ္မႈမွာ နာမည္တစ္လုံးရထားတဲ့ Apple ကေတာ့ စာ႐ြက္ေပၚကေန လက္ေတြ႕ Device အျဖစ္ အေကာင္အထည္ေပၚလာဖို႔ ႀကိဳးစားေနတုန္းလို႔ ဆိုရမွာပါ။

Foldable ဖုန္းေတြမွာ ႀကဳံေတြ႕ရတဲ့ စိန္ေခၚမႈေတြထဲက တစ္ခုဟာ မ်က္ႏွာျပင္ပဲ ျဖစ္ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာ ေခါက္လိုက္၊ ျဖန႔္လိုက္တဲ့ဒဏ္ကို ခံႏိုင္ရည္ရွိဖို႔ပါ။ အထူးသျဖင့္ ေအးေနတဲ့အခ်ိန္မွာပါ။ Apple ကေတာ့ Foldable ဖုန္းကို ထုတ္မျပေသးေပမယ့္ ဒီျပႆနာအတြက္ ေျဖရွင္းမႈေတာ့ ရွိေနၿပီလို႔ ယူဆရပါတယ္။

အသစ္ထြက္ေပၚလာတဲ့ မူပိုင္ခြင့္အရ Apple ဟာ မ်က္ႏွာျပင္ကို အပူေၾကာင့္ ပ်က္စီးသြားမယ့္အေရးက ေရွာင္ရွားႏိုင္ဖို႔ အဓိေသာ့ခ်က္ကို ရွာေတြ႕ထားတယ္လို႔ ယူဆရပါတယ္။ မ်က္ႏွွာျပင္ရဲ႕ အပူခ်ိန္ကို ဆင္ဆာေတြကတစ္ဆင့္ ေျခရာခံၿပီး ေျဖရွင္းမယ့္ နည္းလမ္းျဖစ္ပုံရပါတယ္။ အကယ္၍ တျဖည္းျဖည္းေအးလာမယ္ဆိုရင္လည္း မ်က္ႏွာျပင္အတြက္ သင့္ေတာ္တဲ့အပူကို ပို႔ေဆာင္ဖို႔ျပဳလုပ္တဲ့ နည္းလမ္းျဖစ္ဖြယ္ရွိပါတယ္။

မူပိုင္ခြင့္တင္ထားတဲ့ ပုံေတြအရဆိုရင္ေတာ့ ေကြးေခါက္ႏိုင္တဲ့ မ်က္ႏွာျပင္ဟာ အေနအထားသစ္တစ္ခုဆီ အလြယ္တကူ ေျပာင္းလဲသြားႏိုင္တယ္လို႔ ယူဆရပါတယ္။ အပူဓာတ္ကို ထုတ္ေပးတဲ့အရာေတြကို ထည့္သြင္းရျခင္းက မလိုလားအပ္တဲ့ ျပႆနာေတြကို ျဖစ္ေပၚေစတတ္တာေၾကာင့္ ညီမွ်ေအာင္ခ်ိန္ညႇိေပးဖို႔လည္း လိုအပ္ပါတယ္။

ဒါေၾကာင့္ Apple ဟာ မ်က္ႏွာျပင္အလင္းခ်ိန္ညႇိျခင္းကေနတစ္ဆင့္ အပူအေအးညီမွ်ေအာင္ လုပ္ေဆာင္ေနပုံရပါတယ္။ မ်က္ႏွာျပင္ဟာ လိုအပ္တဲ့ ပူေႏြးမႈအတိုင္းအတာကို ေရာက္လာခ်ိန္မွာ မ်က္ႏွာျပင္အလင္းေရာင္ဟာ အလိုအေလ်ာက္ ေလ်ာ့က်သြားဖြယ္ရွိပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ Apple ရဲ႕ Foldable ဖုန္းဟာ ေရွ႕ေျပးပုံစံေတာင္ မျမင္ရေသးတဲ့ အေျခအေနပါ။ ျမင္ရတဲ့အခ်ိန္မွာေတာ့ အမ်ားနဲ႔မတူ ထူးျခားတဲ့ပုံစံျဖစ္ေနဖို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ ထြက္ေပၚေနတဲ့ ေကာလာဟလေတြအရ Apple ရဲ႕ Foldable ဖုန္းေတြဟာ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္ေလာက္မွ ေဈးကြက္ထဲ ေရာက္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Foldable မျက်နှာပြင် ထိခိုက်မှုကို ကာကွယ်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ Apple

Foldable ဖုန်းတွေဟာ စာရွက်ပေါ်မှာဆိုရင်တော့ လုံးဝကို ပြီးပြည့်စုံတဲ့ အကြံဉာဏ်တွေနဲ့ တည်ဆောက်ထားသလိုပါပဲ။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ပြီးပြည့်စုံအောင် တည်ဆောက်ဖို့က ခက်ခဲပါတယ်။ အထူးသဖြင့် မျက်နှာပြင်ကျယ်တဲ့ဖုန်းကို အိတ်ကပ်ထဲထည့်လို့ရတဲ့အရွယ်ဖြစ်အောင် ခေါက်ချိုးနိုင်ဖို့အတွက် ပြည့်စုံတဲ့ ဒီဇိုင်းကိုတည်ဆောက်ရတာဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရတာပါပဲ။

Samsung နဲ့ Huawei တို့ကတော့ စာရွက်ပေါ်ကနေ လက်တွေ့ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိသွားကြပါပြီ။ စမတ်ဖုန်းလောကရဲ့ တီထွင်ဆန်းသစ်မှုမှာ နာမည်တစ်လုံးရထားတဲ့ Apple ကတော့ စာရွက်ပေါ်ကနေ လက်တွေ့ Device အဖြစ် အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေတုန်းလို့ ဆိုရမှာပါ။

Foldable ဖုန်းတွေမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုဟာ မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာ ခေါက်လိုက်၊ ဖြန့်လိုက်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ပါ။ အထူးသဖြင့် အေးနေတဲ့အချိန်မှာပါ။ Apple ကတော့ Foldable ဖုန်းကို ထုတ်မပြသေးပေမယ့် ဒီပြဿနာအတွက် ဖြေရှင်းမှုတော့ ရှိနေပြီလို့ ယူဆရပါတယ်။

အသစ်ထွက်ပေါ်လာတဲ့ မူပိုင်ခွင့်အရ Apple ဟာ မျက်နှာပြင်ကို အပူကြောင့် ပျက်စီးသွားမယ့်အရေးက ရှောင်ရှားနိုင်ဖို့ အဓိသော့ချက်ကို ရှာတွေ့ထားတယ်လို့ ယူဆရပါတယ်။ မျက်နှှာပြင်ရဲ့ အပူချိန်ကို ဆင်ဆာတွေကတစ်ဆင့် ခြေရာခံပြီး ဖြေရှင်းမယ့် နည်းလမ်းဖြစ်ပုံရပါတယ်။ အကယ်၍ တဖြည်းဖြည်းအေးလာမယ်ဆိုရင်လည်း မျက်နှာပြင်အတွက် သင့်တော်တဲ့အပူကို ပို့ဆောင်ဖို့ပြုလုပ်တဲ့ နည်းလမ်းဖြစ်ဖွယ်ရှိပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ ပုံတွေအရဆိုရင်တော့ ကွေးခေါက်နိုင်တဲ့ မျက်နှာပြင်ဟာ အနေအထားသစ်တစ်ခုဆီ အလွယ်တကူ ပြောင်းလဲသွားနိုင်တယ်လို့ ယူဆရပါတယ်။ အပူဓာတ်ကို ထုတ်ပေးတဲ့အရာတွေကို ထည့်သွင်းရခြင်းက မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတတ်တာကြောင့် ညီမျှအောင်ချိန်ညှိပေးဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် Apple ဟာ မျက်နှာပြင်အလင်းချိန်ညှိခြင်းကနေတစ်ဆင့် အပူအအေးညီမျှအောင် လုပ်ဆောင်နေပုံရပါတယ်။ မျက်နှာပြင်ဟာ လိုအပ်တဲ့ ပူနွေးမှုအတိုင်းအတာကို ရောက်လာချိန်မှာ မျက်နှာပြင်အလင်းရောင်ဟာ အလိုအလျောက် လျော့ကျသွားဖွယ်ရှိပါတယ်။

လက်ရှိအချိန်ထိတော့ Apple ရဲ့ Foldable ဖုန်းဟာ ရှေ့ပြေးပုံစံတောင် မမြင်ရသေးတဲ့ အခြေအနေပါ။ မြင်ရတဲ့အချိန်မှာတော့ အများနဲ့မတူ ထူးခြားတဲ့ပုံစံဖြစ်နေဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ Apple ရဲ့ Foldable ဖုန်းတွေဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်မှ ဈေးကွက်ထဲ ရောက်မယ်လို့ သိရပါတယ်။

Ref: GSMArena