[Zawgyi]

MWC ကေတာ့ နည္းပညာေလာကကို ဖြင့္လွစ္ျပသဖို႔ အဆင္သင့္ပဲ ျဖစ္ပါတယ္။ တစ္ကမာၻလုံးက စိတ္ဝင္တစားေစာင့္ၾကည့္ၾကမယ့္ ဒီပြဲမွာ နည္းပညာကုမၸဏီေတြကလည္း သူတို႔ရဲ႕ ထုတ္ကုန္သစ္ေတြကို အၿပိဳင္အဆိုင္ ထုတ္ေဖာ္ျပသၾကဖို႔ ျပင္ဆင္ေနၾကၿပီျဖစ္ပါတယ္။

ဘာစီလိုနာမွာ လာမယ့္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ကေန စတင္မယ့္ MWC အတြက္ အဆင္သင့္ျဖစ္ေနတဲ့ စမတ္ဖုန္း အမ်ိဳးအစားက ၂၆ မ်ိဳးရွိေနၿပီလို႔ သိရပါတယ္။ ဒီစမတ္ဖုန္းေတြထဲမွာ အားလုံးက စိတ္ဝင္တစားေစာင့္ေမွ်ာ္ေနၾကတဲ့ Foldable ဖုန္းေတြလည္း ပါဝင္ေနပါတယ္။

ကနဦးသတင္းေတြအရေတာ့ Foldable ဖုန္းေတြအျပင္ ဒီပြဲရဲ႕ စိတ္လႈပ္ရွားမႈေတြကို ဖမ္းစားႏိုင္မယ့္ 18,000mAh ဘက္ထရီနဲ႔ ဖုန္းတစ္မ်ိဳးလည္း ပါဝင္ျပသဦးမယ္လို႔ သိရပါတယ္။ ဒီပမာဏသာ အမွန္တကယ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ စမတ္ဖုန္းသမိုင္းမွာ ဘက္ထရီပမာဏ အမ်ားဆုံးစမတ္ဖုန္းအျဖစ္ စံခ်ိန္တင္ဦးမွာ ျဖစ္ပါတယ္။ Energizer ရဲ႕ ဒီဖုန္းက ဘယ္လိုပုံစံမ်ိဳးနဲ႔ ပြဲထြက္လာမွာလဲဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။

Energizer Power Max P16k Pro ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ေၾကညာခဲ့ၿပီးမွ ျပန္လည္ဖ်က္သိမ္းခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ 16,000mAh ဘက္ထရီသုံးထားမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အမွန္တကယ္ ထုတ္ျပႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

Foldable ဖုန္းေတြနဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာ ေရွ႕ေျပးသတင္းကေတာ့ Pop-up ကင္မရာ တပ္ဆင္ထားတဲ့ Foldable စမတ္ဖုန္း တစ္မ်ိဳးပါဝင္မယ္လို႔ သိရပါတယ္။ ျပသမယ့္ ဖုန္းေတြထဲမွာ Feature ဖုန္းနဲ႔ Rugged Feature ဖုန္းအမ်ိဳးအစားေတြလည္း ပါဝင္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ၂၀၁၉ ရဲ႕ နည္းပညာသစ္၊ ထုတ္ကုန္သစ္ေတြကို ျမင္ေတြ႕ရဖို႔ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းဖို႔ပဲ လိုပါေတာ့တယ္။

Ref: GSMArena

[Unicode]

MWC 2019 မှာ Foldable ဖုန်းအပြင် 18,000mAh ဘက်ထရီနဲ့ ဖုန်းကိုလည်း ပြသမယ်လို့သိရ

MWC ကတော့ နည်းပညာလောကကို ဖွင့်လှစ်ပြသဖို့ အဆင်သင့်ပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ကြမယ့် ဒီပွဲမှာ နည်းပညာကုမ္ပဏီတွေကလည်း သူတို့ရဲ့ ထုတ်ကုန်သစ်တွေကို အပြိုင်အဆိုင် ထုတ်ဖော်ပြသကြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဘာစီလိုနာမှာ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကနေ စတင်မယ့် MWC အတွက် အဆင်သင့်ဖြစ်နေတဲ့ စမတ်ဖုန်း အမျိုးအစားက ၂၆ မျိုးရှိနေပြီလို့ သိရပါတယ်။ ဒီစမတ်ဖုန်းတွေထဲမှာ အားလုံးက စိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ Foldable ဖုန်းတွေလည်း ပါဝင်နေပါတယ်။

ကနဦးသတင်းတွေအရတော့ Foldable ဖုန်းတွေအပြင် ဒီပွဲရဲ့ စိတ်လှုပ်ရှားမှုတွေကို ဖမ်းစားနိုင်မယ့် 18,000mAh ဘက်ထရီနဲ့ ဖုန်းတစ်မျိုးလည်း ပါဝင်ပြသဦးမယ်လို့ သိရပါတယ်။ ဒီပမာဏသာ အမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ စမတ်ဖုန်းသမိုင်းမှာ ဘက်ထရီပမာဏ အများဆုံးစမတ်ဖုန်းအဖြစ် စံချိန်တင်ဦးမှာ ဖြစ်ပါတယ်။ Energizer ရဲ့ ဒီဖုန်းက ဘယ်လိုပုံစံမျိုးနဲ့ ပွဲထွက်လာမှာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Energizer Power Max P16k Pro ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကြေညာခဲ့ပြီးမှ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီတုန်းကတော့ 16,000mAh ဘက်ထရီသုံးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အမှန်တကယ် ထုတ်ပြနိုင်မလား စောင့်ကြည့်ရမှာပါ။

Foldable ဖုန်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ရှေ့ပြေးသတင်းကတော့ Pop-up ကင်မရာ တပ်ဆင်ထားတဲ့ Foldable စမတ်ဖုန်း တစ်မျိုးပါဝင်မယ်လို့ သိရပါတယ်။ ပြသမယ့် ဖုန်းတွေထဲမှာ Feature ဖုန်းနဲ့ Rugged Feature ဖုန်းအမျိုးအစားတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ၂၀၁၉ ရဲ့ နည်းပညာသစ်၊ ထုတ်ကုန်သစ်တွေကို မြင်တွေ့ရဖို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ပဲ လိုပါတော့တယ်။

Ref: GSMArena