[Zawgyi]
အေမရိကန္ရဲ႕ ကုန္သြယ္ေရးစစ္ ထိုးႏွက္ခ်က္မွာ ပိတ္ပင္ခံလိုက္ရတဲ့ Huawei ကေတာ့ လတ္တေလာအေျခအေနအရ ဝယ္ယူသူေတြရဲ႕ စိတ္ဝင္စားမႈ ေလ်ာ့က်သြားတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္။ Reuters သတင္းဌာနကေတာ့ ဝယ္ယူသူေတြဟာ Huawei အစား Samsung နဲ႔ Xiaomi အမွတ္တံဆိပ္ေတြကို ေျပာင္းလဲစိတ္ဝင္စားေနၾကတယ္လို႔ ေဖာ္ျပထားပါတယ္။
ထုတ္ကုန္ေတြကို ႏႈိင္းယွဥ္မႈျပဳလုပ္ေပးတဲ့ ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ PriceSpy ကို ကိုးကားၿပီးေဖာ္ျပခ်က္အရ လြန္ခဲ့တဲ့ ၄ ရက္အတြင္း Huawei အမွတ္တံဆိပ္ကို ၾကည့္ရႈေလ့လာမႈ အေတာ္ေလးကို က်ဆင္းသြားတယ္လို႔ သိရပါတယ္။ ဒီ ၄ ရက္အတြင္းမွာ Huawei ကို ၾကည့္ရႈႏႈန္းဟာ ယူေကအတြင္းဆိုရင္ ၿပီးခဲ့တဲ့တစ္ပတ္ကနဲ႔ ႏႈိင္းယွဥ္ရင္ တစ္ဝက္ေလာက္နီးပါး က်ဆင္းသြားၿပီး တစ္ကမာၻလုံးအတိုင္းအတာနဲ႔ဆိုရင္ ၂၆ ရာခိုင္ႏႈန္းက်ဆင္းသြားတယ္လို႔ ဆိုပါတယ္။
PriceSpy ဟာ ဖင္လန္၊ ျပင္သစ္၊ ေနာ္ေဝ၊ ဆြီဒင္နဲ႔ ယူေကမွာရွိတဲ့ ဝယ္ယူသူေတြရဲ႕ ၾကည့္ရႈမႈႏႈန္းထားေတြကို အေျခခံၿပီး ေဖာ္ျပထားတာျဖစ္ပါတယ္။ တစ္ဘက္မွာေတာ့ Huawei အစား Samsung နဲ႔ Xiaomi အမွတ္တံဆိပ္ေတြကို စိတ္ဝင္စားၾကည့္ရႈမႈႏႈန္းက ျမင့္တက္လာတယ္လို႔ သိရပါတယ္။
တူညီတဲ့ အမွတ္တံဆိပ္နဲ႔ ထုတ္ကုန္ခ်င္း ႏႈိင္းယွဥ္ရာမွာ Samsung က ၁၃ ရာခိုင္ႏႈန္း တိုးတက္လာၿပီး တ႐ုတ္အေျခစိုက္ အမွတ္တံဆိပ္ျဖစ္တဲ့ Xiaomi ကေတာ့ ၁၉ ရာခိုင္ႏႈန္းအထိ တိုးတက္လာတယ္လို႔ သိရပါတယ္။ ဒီစစ္တမ္းဟာ Huawei အေနနဲ႔ အေမရိကန္ရဲ႕ ပိတ္ပင္မႈေၾကာင့္ ထိခိုက္မႈေတြ စတင္ေနၿပီဆိုတာကို ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ကေတာ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တ႐ုတ္အစိုးရနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈရလဒ္ဟာ Huawei အေပၚ သက္ေရာက္မႈ ျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္ Huawei အေနနဲ႔ ရာသက္ပန္ ပိတ္ပင္ခံရဖြယ္မရွိဘဲ ဓါးစာခံအျဖစ္သာ ေရာက္ရွိေနျခင္းျဖစ္တယ္ဆိုတဲ့ သုံးသပ္ခ်က္က ပိုၿပီးခိုင္မာလာရတယ္လို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။
Ref: GSMArena
[Unicode]
Huawei အစား Samsung နဲ့ Xiaomi ကို ပြောင်းလဲစိတ်ဝင်စားမှု မြင့်တက်လာ
အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ် ထိုးနှက်ချက်မှာ ပိတ်ပင်ခံလိုက်ရတဲ့ Huawei ကတော့ လတ်တလောအခြေအနေအရ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှု လျော့ကျသွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ Reuters သတင်းဌာနကတော့ ဝယ်ယူသူတွေဟာ Huawei အစား Samsung နဲ့ Xiaomi အမှတ်တံဆိပ်တွေကို ပြောင်းလဲစိတ်ဝင်စားနေကြတယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ကုန်တွေကို နှိုင်းယှဉ်မှုပြုလုပ်ပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ PriceSpy ကို ကိုးကားပြီးဖော်ပြချက်အရ လွန်ခဲ့တဲ့ ၄ ရက်အတွင်း Huawei အမှတ်တံဆိပ်ကို ကြည့်ရှုလေ့လာမှု အတော်လေးကို ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒီ ၄ ရက်အတွင်းမှာ Huawei ကို ကြည့်ရှုနှုန်းဟာ ယူကေအတွင်းဆိုရင် ပြီးခဲ့တဲ့တစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် တစ်ဝက်လောက်နီးပါး ကျဆင်းသွားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၂၆ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဆိုပါတယ်။
PriceSpy ဟာ ဖင်လန်၊ ပြင်သစ်၊ နော်ဝေ၊ ဆွီဒင်နဲ့ ယူကေမှာရှိတဲ့ ဝယ်ယူသူတွေရဲ့ ကြည့်ရှုမှုနှုန်းထားတွေကို အခြေခံပြီး ဖော်ပြထားတာဖြစ်ပါတယ်။ တစ်ဘက်မှာတော့ Huawei အစား Samsung နဲ့ Xiaomi အမှတ်တံဆိပ်တွေကို စိတ်ဝင်စားကြည့်ရှုမှုနှုန်းက မြင့်တက်လာတယ်လို့ သိရပါတယ်။
တူညီတဲ့ အမှတ်တံဆိပ်နဲ့ ထုတ်ကုန်ချင်း နှိုင်းယှဉ်ရာမှာ Samsung က ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး တရုတ်အခြေစိုက် အမှတ်တံဆိပ်ဖြစ်တဲ့ Xiaomi ကတော့ ၁၉ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ သိရပါတယ်။ ဒီစစ်တမ်းဟာ Huawei အနေနဲ့ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် ထိခိုက်မှုတွေ စတင်နေပြီဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုရလဒ်ဟာ Huawei အပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ ရာသက်ပန် ပိတ်ပင်ခံရဖွယ်မရှိဘဲ ဓါးစာခံအဖြစ်သာ ရောက်ရှိနေခြင်းဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်က ပိုပြီးခိုင်မာလာရတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
Ref: GSMArena