[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္းက Ford ဟာ သူတို႔ရဲ႕ ေရာင္းအားအေကာင္းဆုံး Pickup Truck ကားျဖစ္တဲ့ F-150 ေမာ္ဒယ္ကို All-electric ဗားရွင္းအျဖစ္ ထုတ္လုပ္ၿပီး ေရာင္းခ်မယ္လို႔ ေၾကညာခဲ့ဖူးပါတယ္။ ေၾကညာၿပီး ၂ႏွစ္ၾကာတဲ့အခါမွာေတာ့ F-150 (Prototype) ေမာ္ဒယ္ရဲ႕ All-electric ဗားရွင္းကို ထုတ္ျပလာပါတယ္။ Ford အေနနဲ႔ အဆိုပါ Prototype ေမာ္ဒယ္ရဲ႕ စြမ္းေဆာင္ရည္ကို ေပါင္ ၁သန္းေက်ာ္ အေလးခ်ိန္ရွိတဲ့ ရထားတြဲေတြကို ေပ ၁၀၀၀ ေက်ာ္ဆြဲၿပီး ျပသခဲ့တာ ျဖစ္ပါတယ္။

ပထမဦးဆုံး ကားတင္တဲ့ ၂ထပ္ ကုန္ရထား ၁၀တြဲကို ေပ ၁၀၀၀ ေက်ာ္ အလြတ္ဆြဲျပခဲ့ပါတယ္။ ဒုတိယအႀကိမ္မွာေတာ့ အဆိုပါ ကုန္ရထားတြဲေတြထဲမွာ Ford F-150 ႐ိုး႐ိုးေမာ္ဒယ္ ၄၂စီးကို တင္ၿပီး ထပ္မံ ဆြဲျပခဲ့ပါတယ္။ ၄၂စီးဆိုတာက အေမရိကမွာ ေရာင္းအားအေကာင္းဆုံး Truck ကားအျဖစ္ ၄၂ႏွစ္ၾကာ ရပ္တည္ႏိုင္ခဲ့တာကို ကိုယ္စားျပဳတယ္လို႔ ဆိုပါတယ္။ ကုန္ရထားတြဲေတြထဲကို Ford F-150 ႐ိုး႐ိုးေမာ္ဒယ္ ၄၂စီး တင္လိုက္တဲ့အခ်ိန္မွာ စုစုေပါင္း အေလးခ်ိန္ဟာ ေပါင္ ၁.၂၅ သန္းအထိ ရွိသြားတယ္လို႔ သိရပါတယ္။ ဒီပမာဏကို All-electric ဗားရွင္းအျဖစ္ ထုတ္လုပ္ထားတဲ့ F-150 (Prototype) ေမာ္ဒယ္က သာသာယာယာ ဆြဲျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Ford ကေတာ့ ဒါဟာ သ႐ုပ္ျပသာ ျဖစ္ၿပီး ေစ်းကြက္ထဲမွာ ေရာင္းခ်ဖို႔ ထုတ္လုပ္ခဲ့ဖူးသမွ် Truck ကားေတြရဲ႕ လုပ္ႏိုင္စြမ္းနဲ႔ အမ်ားႀကီးကြာတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့ေၾကာင့္ ေစ်းကြက္ထဲ ေရာက္လာမယ့္ F-150 (All-electric) ဗားရွင္းေတြရဲ႕ အရည္အေသြးကို ေစာင့္ၾကည့္ဖို႔ လိုအပ္ပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာေတာ့ Tesla ရဲ႕ Model X က အေလးခ်ိန္ ေပါင္ ၂၈၇,၀၀၀ ရွိတဲ့ Boeing 787-9 ေလယာဥ္ႀကီးကို ေပ ၁၀၀၀ နီးပါးဆြဲျပထားၿပီး ကမာၻ႔စံခ်ိန္ကို ခ်ိဴးထားတာ ျဖစ္ပါတယ္။

Ref : TheVerge

[Unicode]

ပေါင် ၁သန်းကျော် အလေးချိန်ရှိ ရထားတွဲတွေကို ဆွဲပြလိုက်တဲ့ Ford ရဲ့ F-150 လျှပ်စစ်ကား

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းက Ford ဟာ သူတို့ရဲ့ ရောင်းအားအကောင်းဆုံး Pickup Truck ကားဖြစ်တဲ့ F-150 မော်ဒယ်ကို All-electric ဗားရှင်းအဖြစ် ထုတ်လုပ်ပြီး ရောင်းချမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ကြေညာပြီး ၂နှစ်ကြာတဲ့အခါမှာတော့ F-150 (Prototype) မော်ဒယ်ရဲ့ All-electric ဗားရှင်းကို ထုတ်ပြလာပါတယ်။ Ford အနေနဲ့ အဆိုပါ Prototype မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ကို ပေါင် ၁သန်းကျော် အလေးချိန်ရှိတဲ့ ရထားတွဲတွေကို ပေ ၁၀၀၀ ကျော်ဆွဲပြီး ပြသခဲ့တာ ဖြစ်ပါတယ်။

ပထမဦးဆုံး ကားတင်တဲ့ ၂ထပ် ကုန်ရထား ၁၀တွဲကို ပေ ၁၀၀၀ ကျော် အလွတ်ဆွဲပြခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ အဆိုပါ ကုန်ရထားတွဲတွေထဲကို Ford F-150 ရိုးရိုးမော်ဒယ် ၄၂စီးကို တင်ပြီး ထပ်မံ ဆွဲပြခဲ့ပါတယ်။ ၄၂စီးဆိုတာက အမေရိကမှာ ရောင်းအားအကောင်းဆုံး Truck ကားအဖြစ် ၄၂နှစ်ကြာ ရပ်တည်နိုင်ခဲ့တာကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ကုန်ရထားတွဲတွေထဲကို Ford F-150 ရိုးရိုးမော်ဒယ် ၄၂စီး တင်လိုက်တဲ့အချိန်မှာ စုစုပေါင်း အလေးချိန်ဟာ ပေါင် ၁.၂၅ သန်းအထိ ရှိသွားတယ်လို့ သိရပါတယ်။ ဒီပမာဏကို All-electric ဗားရှင်းအဖြစ် ထုတ်လုပ်ထားတဲ့ F-150 (Prototype) မော်ဒယ်က သာသာယာယာ ဆွဲပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ford ကတော့ ဒါဟာ သရုပ်ပြသာ ဖြစ်ပြီး စျေးကွက်ထဲမှာ ရောင်းချဖို့ ထုတ်လုပ်ခဲ့ဖူးသမျှ Truck ကားတွေရဲ့ လုပ်နိုင်စွမ်းနဲ့ အများကြီးကွာတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် စျေးကွက်ထဲ ရောက်လာမယ့် F-150 (All-electric) ဗားရှင်းတွေရဲ့ အရည်အသွေးကို စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ Tesla ရဲ့ Model X က အလေးချိန် ပေါင် ၂၈၇,၀၀၀ ရှိတဲ့ Boeing 787-9 လေယာဥ်ကြီးကို ပေ ၁၀၀၀ နီးပါးဆွဲပြထားပြီး ကမ္ဘာ့စံချိန်ကို ချိူးထားတာ ဖြစ်ပါတယ်။

Ref : TheVerge