အိန္ဒိယရဲ့ ဆက်သွယ်ရေး ဝန်ကြီး Ashwini Vaishnaw က အိန္ဒိယဟာ 6G နည်းပညာကို ဝန်ဆောင်မှု ပေးနိုင်တော့မယ်လို့ ပြောလိုက်ပါတယ်။ ဝန်ကြီးက အိန္ဒိယဟာ 6G နည်းပညာကို စတင် ဖန်တီးနေပြီ ဖြစ်ပြီး  ၂၀၂၃ ခုနှစ်အကုန် သို့မဟုတ် ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ဝန်ဆောင်ပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောပါတယ်။

India's Minister of Communication said that India is working on 6G technology intending to launch it by the end of 2023 or early 2024.

6G နည်းပညာကို ဖန်တီးနေတဲ့ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်တွေအတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ပေးအပ်ထားပြီးပြီ ဖြစ်တယ်လို့ Financial Times နဲ့ The New Indian Express တို့က ပြုလုပ်တဲ့ Webinar ၁ ခုမှာ Vaishnaw က ပြောခဲ့ပါတယ်။

6G theoretical speeds can go up to 1TB/s - GSMArena.com news

Vaishnaw က 6G အကြောင်းပြောနေပေမယ့် အိန္ဒိယမှာ 5G ဝန်ဆောင်မှုကို လက်ရှိအချိန်အထိ မပေးနိုင်သေးပါဘူး။ Telecom ကုမ္ပဏီတွေက Spectrum လေလံပွဲကို အချိန်ထပ်တိုးပေးဖို့ တောင်းဆိုထားတဲ့အတွက် မကြာခင်မှာ ကျင်းပမှာ မဟုတ်သေးပါဘူး။ TRAI (Telecom Regulatory Authority of India) က Telecom တွေ 5G စမ်းသပ်မယ့် အချိန်ကိုလည်း ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ နောက်ဆုတ်ပေးထားပါတယ်။

Vaishnaw က “ 5G Spectrum လေလံပွဲကို ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ပြုလုပ်နိုင်မှာ ဖြစ်ပြီး 5G ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : trak.in