Google ရဲ့ Pixel Series ဖုန်းတွေဟာ Hardware ပိုင်းမှာတော့ အားနည်းတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ ဖုန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် Camera ပိုင်းမှာတော့ တခြားသော Flagship ဖုန်းတွေထက်တောင် ပိုပြီးကောင်းမွန်တယ်ဆိုပြီး ချီးကျူးခံနေရတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လတုန်းက Google Pixel Camera တွေကို ဦးဆောင်တာဝန်ယူခဲ့တဲ့ Marc Levoy က Google ကနေ အလုပ်ထွက်သွားတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ Marc Levoy ဟာ Pixel ဖုန်းတွေမှာ အသုံးပြုထားတဲ့ Google Camera ရဲ့ အဓိက Feature တစ်ခုဖြစ်တဲ့ HDR+, Night Sight နဲ့ Portrait Camera Mode နည်းပညာတွေကို ဦးဆောင်ခဲ့တဲ့သူတစ်ဦးဖြစ်သလို Pixel 4 Launch Event တုန်းကလည်း Camera ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ရှင်းပြခဲ့ဖူးပါသေးတယ်။

Google ကနေ ထွက်ခွာသွားတဲ့အကြောင်းပြချက်အနေနဲ့လည်း သိရှိထားရသလောက်ကတော့ Pixel 4 Series ဖုန်းတွေဟာ ရောင်းအားပိုင်းမှာ ထင်သလောက်မကောင်းတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ Pixel 4 ဖုန်းတွေတုန်းကလည်း Ultrawide Camera Sensor အစား Telephoto Camera ကိုထည့်သွင်းလိုက်တဲ့အတွက် ဝေဖန်ခံခဲ့ရပါသေးတယ်။

အခုအချိန်မှာတော့ Marc Levoy ဟာ Adobe ကုမ္ပဏီမှာ Vice President အနေနဲ့အလုပ်လုပ်ကိုင်သွားတော့တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel ဖုန်းတွေလိုမျိုးပဲ Computational Photography ကို အခြေခံထားတဲ့ Universal Camera App ကို စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ App အတွက် Photoshop Camera Team အပြင် Adobe Research ၊ Sensei နဲ့ Digital Imaging Unit တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

Adobe ကတော့ အဆိုပါ Universal Camera App နဲ့ပတ်သက်ပြီးအသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေမယ့် Computational Photography ကိုတစ်ခါမှမတွေးဖူးတဲ့အထိ ဓါတ်ပုံရိုက်ကူးမှုပိုင်းနဲ့ Editing ပိုင်းကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ ကြွားလုံးထုတ်သွားခဲ့ပါတယ်။

Ref – Android Authority