ယူေကအေျခစုိက္ အြန္လိုင္းကြာရွင္းျခင္း ဝန္ေဆာင္မႈဆုိက္တစ္ခုက ၂၀၁၈ အတြင္းမွာ ‘Fortnite’ ဗီဒီယုိ ဂိမ္းကို အိမ္ေထာင္ဖက္က အလြန္အကၽြံ စြဲလမ္းမႈေၾကာင့္ ကြာရွင္းခြင့္ေတာင္းတာ အၾကိမ္ႏွစ္ရာျပည့္သြားျပီလုိ႔ သတိေပးလိုက္ပါတယ္။

Divorce-Online ဝက္ဆုိက္က Fortnite ဟာ လက္ရွိ ကမာၻေပၚမွာ စြဲလမ္းမႈအမ်ားဆုံး ဂိမ္းတစ္ခု ျဖစ္လာေၾကာင္းနဲ႔ သူ႕ကိုမူးယစ္ေဆးလို စြဲလမ္းမိတဲ့ထဲမွာ လူငယ္ေတြသာ မကေတာ့ဘူးလို႔ ေဖာ္ျပခဲ့တာပါ။ အဆုိပါ ဝက္ဆုိက္ရဲ႕ သုေတသနအရ ကြာရွင္းဖို႔ ေတာင္းဆုိစာေတြမွာ ‘Fortnite’ ဂိမ္းကို ေဖာ္ျပထားခံရမႈ ျမင့္တက္လာေနျပီး ၂၀၁၈ ဇန္နဝါရီ တစ္ရက္ေန႔ကေန စက္တင္ဘာလ ပထမပတ္အတြင္းမွာတင္ ကြာရွင္းမႈရဲ႕ လက္သည္ တရားခံအျဖစ္ Fortnite ဂိမ္းစြဲမႈကို ထည့္သြင္းေဖာ္ျပထားတာ အၾကိမ္ႏွစ္ရာ ရွိျပီလို႔ ဆုိပါတယ္။

ဝန္ေဆာင္မႈလုပ္ငန္းရဲ႕ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးကေတာ့ လင္မယားဆက္ဆံေရး ျပိဳကြဲရတဲ့ အခ်က္ေတြမွာ မူးယစ္ေဆး၊ အရက္နဲ႔ ေလာင္းကစား အလြန္အကၽြံစြဲလမ္းမႈေတြ မၾကာခဏ ပါဝင္လာေလ့ရွိျပီး ဒစ္ဂ်စ္တယ္ေခတ္ထဲ ေရာက္လာတဲ့အခါ စြဲလမ္းမႈအသစ္ေတြပါ ေပၚလာျပီလို႔ ေျပာခဲ့ပါတယ္။

“အခု စြဲလမ္းမႈေတြမွာ အြန္လိုင္းညစ္ညမ္း၊ အြန္လိုင္းဂိမ္းကစားျခင္းနဲ႔ ဆုိရွယ္မီဒီယာ အလြန္အကၽြံ အသုံးျပဳတာေတြ ပါဝင္လာပါျပီ။ ဒီေတာ့ ဒစ္ဂ်စ္တယ္စြဲလမ္းမႈေတြေၾကာင့္ ဆက္ဆံေရးျပိဳကြဲရသူေတြ ပုိပိုမ်ားလာတာ ကၽြန္ေတာ္တုိ႔အတြက္ေတာ့ အံ့ၾသစရာ မဟုတ္ပါဘူး” လို႔ သူက ဆုိပါတယ္။ ‘Fornite’ ဂိမ္းစြဲလမ္းမႈေၾကာင့္ ကြာရွင္းဖို႔ ေလွ်ာက္ထားျခင္းဟာ အခုႏွစ္ ယူေကမွာ ေလွ်ာက္တင္ထားတဲ့ ကြာရွင္းစာေတြရဲ႕ ငါးရာခုိင္ႏႈန္းနီးပါး ရွိလာတာေၾကာင့္ ဒစ္ဂ်စ္တယ္စြဲလမ္းမႈေတြဟာ ျပႆနာျဖစ္လာေၾကာင္း ေထာက္ျပဖို႔ ေကာင္းမြန္တဲ့ အခ်က္ပဲလို႔ သူတုိ႔က ယုံၾကည္ေနပါတယ္။

Ref – https://www.divorce-online.co.uk/blog/is-fortnite-becoming-a-relationship-wrecker/?porc=bdvczGyjlCGpBeICqyIBqyqwonCqfdb

Unicode

ယူကေအခြေစိုက် အွန်လိုင်းကွာရှင်းခြင်း ဝန်ဆောင်မှုဆိုက်တစ်ခုက ၂၀၁၈ အတွင်းမှာ ‘Fortnite’ ဗီဒီယို ဂိမ်းကို အိမ်ထောင်ဖက်က အလွန်အကျွံ စွဲလမ်းမှုကြောင့် ကွာရှင်းခွင့်တောင်းတာ အကြိမ်နှစ်ရာပြည့်သွားပြီလို့ သတိပေးလိုက်ပါတယ်။

Divorce-Online ဝက်ဆိုက်က Fortnite ဟာ လက်ရှိ ကမ္ဘာပေါ်မှာ စွဲလမ်းမှုအများဆုံး ဂိမ်းတစ်ခု ဖြစ်လာကြောင်းနဲ့ သူ့ကိုမူးယစ်ဆေးလို စွဲလမ်းမိတဲ့ထဲမှာ လူငယ်တွေသာ မကတော့ဘူးလို့ ဖော်ပြခဲ့တာပါ။ အဆိုပါ ဝက်ဆိုက်ရဲ့ သုတေသနအရ ကွာရှင်းဖို့ တောင်းဆိုစာတွေမှာ ‘Fortnite’ ဂိမ်းကို ဖော်ပြထားခံရမှု မြင့်တက်လာနေပြီး ၂၀၁၈ ဇန်နဝါရီ တစ်ရက်နေ့ကနေ စက်တင်ဘာလ ပထမပတ်အတွင်းမှာတင် ကွာရှင်းမှုရဲ့ လက်သည် တရားခံအဖြစ် Fortnite ဂိမ်းစွဲမှုကို ထည့်သွင်းဖော်ပြထားတာ အကြိမ်နှစ်ရာ ရှိပြီလို့ ဆိုပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ လင်မယားဆက်ဆံရေး ပြိုကွဲရတဲ့ အချက်တွေမှာ မူးယစ်ဆေး၊ အရက်နဲ့ လောင်းကစား အလွန်အကျွံစွဲလမ်းမှုတွေ မကြာခဏ ပါဝင်လာလေ့ရှိပြီး ဒစ်ဂျစ်တယ်ခေတ်ထဲ ရောက်လာတဲ့အခါ စွဲလမ်းမှုအသစ်တွေပါ ပေါ်လာပြီလို့ ပြောခဲ့ပါတယ်။

“အခု စွဲလမ်းမှုတွေမှာ အွန်လိုင်းညစ်ညမ်း၊ အွန်လိုင်းဂိမ်းကစားခြင်းနဲ့ ဆိုရှယ်မီဒီယာ အလွန်အကျွံ အသုံးပြုတာတွေ ပါဝင်လာပါပြီ။ ဒီတော့ ဒစ်ဂျစ်တယ်စွဲလမ်းမှုတွေကြောင့် ဆက်ဆံရေးပြိုကွဲရသူတွေ ပိုပိုများလာတာ ကျွန်တော်တို့အတွက်တော့ အံ့သြစရာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။ ‘Fornite’ ဂိမ်းစွဲလမ်းမှုကြောင့် ကွာရှင်းဖို့ လျှောက်ထားခြင်းဟာ အခုနှစ် ယူကေမှာ လျှောက်တင်ထားတဲ့ ကွာရှင်းစာတွေရဲ့ ငါးရာခိုင်နှုန်းနီးပါး ရှိလာတာကြောင့် ဒစ်ဂျစ်တယ်စွဲလမ်းမှုတွေဟာ ပြဿနာဖြစ်လာကြောင်း ထောက်ပြဖို့ ကောင်းမွန်တဲ့ အချက်ပဲလို့ သူတို့က ယုံကြည်နေပါတယ်။

Ref – https://www.divorce-online.co.uk/blog/is-fortnite-becoming-a-relationship-wrecker/?porc=bdvczGyjlCGpBeICqyIBqyqwonCqfdb