Nvidia ကနေ အခုအချိန်မှာ Next Generation Graphic Card တွေဖြစ်တဲ့ RTX 3000 Series ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ RTX 3000 Series Graphic Card တွေဟာ 8nm Ampere Architecture ကို အသုံးပြုထားတာဖြစ်ပြီး စျေးနှုန်းအရပိုသက်သာတဲ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာပါ သိသိသာသာကို ပိုကောင်းလာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ RTX 3000 Series Graphic Card တွေအပြင် Nvidia ကနေ Fortnite Game အတွက် PC Version မှာ Ray Tracing Support ရရှိလာတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ Ray Tracing နည်းပညာဟာ RTX Card တွေမှာပဲ အသုံးပြုနိုင်တာဖြစ်ပြီး Lighting ပိုင်းနဲ့ Shadows တွေကို ပိုပြီး ရုပ်လုံးကြွလာစေမှာဖြစ်ပါတယ်။

 

အခုလိုမျိုး Fortnite က DLSS 2.0 Ray Tracing နည်းပညာကို Support ပြုလုပ်သွားတဲ့အတွက် RTX 3000 Series Graphic Card တွေနဲ့ ဆော့ကစားမယ်ဆိုရင် AI ကိုအသုံးပြုပြီး Framerate တွေကို ပိုတိုးလာစေဦးမှာပါ။ တစ်ဖက်ကလည်း Graphic Quality က ပုံမှန် Ray Tracing မပါတာထက်ကို ပိုကောင်းလာမှာဖြစ်ပါတယ်။

Ray Tracing နည်းပညာဟာ မိတ်ဆက်ထားတာအချိန်ကြာနေပြီဖြစ်ပေမယ့် Game တော်တော်များများက Support ပြုလုပ်ခြင်းမရှိသေးပါဘူး။ ဒါကလည်း Ray Tracing On လိုက်ရင် In-Game Framerate က သိသိသာသာကို ကျသွားတာကြောင့်ဖြစ်ပြီး အခု RTX 3000 Series Card တွေမှာတော့ စွမ်းဆောင်ရည်ပိုကောင်းလာတဲ့အတွက် နောက်ပိုင်း Game တွေအနေနဲ့ ပိုပြီး Support ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။

Ref – The Verge