Epic Games က Fortnite App မှာ ကိုယ်ပိုင် Payment System ကို ထည့်သွင်းဖို့ ကြိုးစားပြီးနောက်မှာ Apple နဲ့ Google တို့က စည်းကမ်းချိုးဖောက်တဲ့အတွက် အဲဒီဂိမ်းကို App Store တွေကနေ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် Samsung Galaxy Store မှာ Epic Games ရဲ့ Fortnite ကို Samsung Galaxy စမတ်ဖုန်း ပိုင်ရှင်တွေက Download လုပ်လို့ရနေပါသေးတယ်။

Android User တွေမှာလည်း ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ ဖိုင်အရွယ်အစား 8.2GB ရှိတဲ့ APK ကို Sideload လုပ်ပြီး ကစားနိုင်ပါသေးတယ်။ ဒါပေမယ့် In-app Purchases တွေက လက်ရှိမှာ အလုပ်မလုပ်သေးပါဘူး။ Epic Games က အဲဒီ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေမှာ သေချာပြီး မကြာခင်မှာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ Epic Games က Google Play နဲ့ Apple App Store Payment Systems တွေကို အသုံးပြုဖို့ ငြင်းဆိုနေတဲ့အတွက် Fortnite ကို Third Party Stores တွေကနေပဲ ရယူနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena