တရုတ်ကို Fortnite မိုဘိုင်း ဂိမ်း ဝင်ရောက်လာတာ ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်ပေမယ့် အစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် Beta Stage ကနေ တက်မလာနိုင်ခဲ့ပါဘူး။ အခုတော့ Fortnite ရဲ့ Developer တွေဟာ တရုတ်က Fortnite Server တွေကို ပိတ်လိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

Fortnite | Free-to-Play Cross-Platform Game - Fortnite

Fortnite ရဲ့ တရားဝင် ကြေညာချက်မှာ အကြောင်းအရင်း အသေးစိတ်ကို ရှင်းလင်း ဖော်ပြထားတာ မရှိပေမယ့် တရုတ် အစိုးရဟာ ဂိမ်း နယ်ပယ်ကို တင်းကြပ် ကန့်သတ်တာတွေ ဆက်လက်လုပ်ဆောင်နေလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ ပြရရင် တရုတ် အစိုးရဟာ မကြာခင်က ကလေးတွေ ဂိမ်းကစားတာကို ကန့်သတ်တဲ့ ဥပဒေကို ပြဌာန်းခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေဟာ ၁ ပတ်မှာ ၃ နာရီထက်ကျော်ကာ ဂိမ်း ကစားလို့ မရပါဘူး။

Fortnite Pulled by Epic Games From China Over Sweeping Crackdown on Tech  Sector | Technology News

တရုတ်မှာ Virtual Items တွေ ရောင်းချခွင့်ရဖို့ဟာလည်း ပိုပြီး ခက်ခဲသထက် ခက်ခဲလာတဲ့အတွက် Fortnite ရဲ့ စီးပွားရေး မော်ဒယ်ဟာ တရုတ်မှာ အလုပ် မဖြစ်တော့ပါဘူး။ အဲဒီအတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး Fortnite ဟာ တရုတ်က Server တွေကို ပိတ်လိုက်တဲ့ အတွက် တရုတ်မှာ အဲဒီ ဂိမ်းကို ကစားလို့ မရတော့ပါဘူး။

Fortnite ဟာ တရုတ်ကို စတင် ခြေချလာတဲ့ ၂၀၁၈ ခုနှစ်မှာ တာထွက်ကောင်းခဲ့ပြီး စိတ်ဝင်စားသူများပြားခဲ့ပါတယ်။ အဲဒီ ဂိမ်းကို ကစားဖို့ ကြိုတင်စာရင်းပေးသွင်းထားသူဟာ ၁၀ သန်းလောက် ရှိခဲ့ပါတယ်။ အခုတော့ Fortnite ဟာ တရုတ်မြေကို လက်ပြစွန့်ခွာသွားပါပြီ။

Ref : gsmarena