Fossil က စမတ်နာရီ အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ Razer X Fossil Gen 6 နဲ့ Skagen Falster Gen 6 လို့ နာမည်ပေးထားပြီး ၂ လုံးစလုံးမှာ Snapdragon Wear 4100+ Platform ကို သုံးထားကာ Wear OS 3 နဲ့ Compatible ဖြစ်ပါတယ်။

EMBARGO Fossil announces Razer X Fossil Gen 6, Skagen Falster Gen 6 watches

အထူးထုတ် Razer X Fossil Gen 6 ကို Razer Gaming Brand နဲ့ ပူးပေါင်း ဖန်တီးထားပြီး ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ထွက်ခဲ့တဲ့ Fossil Gen 6 ရဲ့ Custom Version ဖြစ်ပါတယ်။ ၂၂ မီလီမီတာ ဆီလီကွန် လက်ပတ်ကြိုး တပ်ဆင်ထားပြီး အနက်နဲ့ အစိမ်းရောင် ရွေးချယ်နိုင်ပါတယ်။ Razer-themed Faces ၃ ခုနဲ့ Interface မှာ Razer ရဲ့ Elements တွေ ထည့်သွင်းထားပါတယ်။ Razer Chroma Face မှာ မတူညီတဲ့ Lighting Effect တွေ ပါလာပြီး Customize လုပ်နိုင်ပါတယ်။

EMBARGO Fossil announces Razer X Fossil Gen 6, Skagen Falster Gen 6 watches

Razer X Fossil Gen 6 မှာ ၄၄ မီလီမီတာ Stainless Steel အနက်ရောင် Case တပ်ဆင်ထားပြီး ၁.၂၈ လက်မ မျက်နှာပြင်၊ Bluetooth 5.0 LE ၊ WiFi ၊ GPS နဲ့ NFC SE ထည့်သွင်းထားပါတယ်။ ဆန်ဆာတွေအကြောင်းပြောရရင် Compass ၊ Altimeter ၊ PPG နှလုံးခုန်နှုန်းတိုင်း ဆန်ဆာနဲ့ သွေးတွင်း အောက်ဆီဂျင်  ပမာဏ တိုင်းတာတဲ့ ဆန်ဆာတွေ ပါဝင်ပါတယ်။

8GB Storage ၊ 1GB RAM နဲ့ Wear 4100+ Chip တွေ ထည့်သွင်းထားပြီး အားအပြည့်သွင်းထားရင် ၂ ရက် အသုံးခံပါတယ်။ မိနစ် ၃၀ အားသွင်းရင် ၈၀ ရာခိုင်နှုန်း ရရှိစေပါတယ်။ ဒီလ နှောင်းပိုင်းမှာ ၃၂၉ ဒေါ်လာနဲ့ ၁,၃၃၇ လုံးပဲ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၅၈၀,၀၀၀ လောက် တန်ကြေးရှိပါတယ်။

EMBARGO Fossil announces Razer X Fossil Gen 6, Skagen Falster Gen 6 watches

Skagen Falster Gen 6 မှာ ၄၂ မီလီမီတာ Case တပ်ဆင်ထားပြီး လက်ပတ်ကြိုးအတွက် Skagen ရဲ့ နာမည်ကျော် Stainless Steel Mesh ၊ ဆီလီကွန်နဲ့ သားရေတွေ ထုတ်လုပ်ထားပါတယ်။

EMBARGO Fossil announces Razer X Fossil Gen 6, Skagen Falster Gen 6 watches

၁.၂၈ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး Customize လုပ်နိုင်တဲ့ Dials နဲ့ ခလုတ်တွေ ပါပါတယ်။ Razer စမတ်နာရီမှာ ပါတဲ့ ဆန်ဆာ အားလုံး ထည့်ထားပြီး တူညီတဲ့ Wear 4100+ Chip ကိုပဲ သုံးထားကာ 1GB RAM နဲ့ 8GB Storage ထည့်ထားပါတယ်။ မိနစ် ၃၀ အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ ဒီလ နှောင်းပိုင်းမှာ ၂၉၅ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး ၅၂၀,၀၀၀ လောက် တန်ကြေးရှိပါတယ်။

Ref : gsmarena