Fossil နောက်ထုတ်မယ့် စမတ်နာရီတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏပေါက်ကြားထွက်ပေါ်နေပါတယ်။ Fossil Gen 6 Series စမတ်နာရီတွေ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ထုတ် Fossil Gen 5 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက Fossil Gen 6 စမတ်နာရီကို ကြေညာမယ့် နေ့ကို တရားဝင် ဖော်ပြလိုက်ပါတယ်။

Fossil Gen 6

Fossil ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ Gen 6 ရဲ့ Landing Page ကို လွှင့်တင်ထားပြီ ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီက မိတ်ဆက်ပွဲ ဖိတ်စာတွေကို မီဒီယာတွေအား ပေးပို့ထားပြီလို့ သိရပြီး Teaser Video ၁ ခုကိုလည်း မျှဝေထားပါတယ်။ အဲဒီ Video မှာ စမတ်နာရီရဲ့ ဒီဇိုင်းကို လေ့လာလို့ရပါတယ်။

Fossil Gen 6 smartwatch-specificaties en ontwerp volledig onthu

Video မှာ စမတ်နာရီရဲ့ အောက်ခြေနဲ့ ညာဘက်ခြမ်းကို ပြသထားပြီး နှလုံးခုန်နှုန်းတိုင်းတာတဲ့ လုပ်ဆောင်ချက် ပါလာမှာ ဖြစ်ပါတယ်။ ညာဘက်ခြမ်းမှာ ခလုတ် ၃ ခု တပ်ဆင်ထားတာ မြင်ရပြီး Video အဆုံးမှာ Fast Charging Support ပါလာမယ်လို့ အရိပ်အမြွက် ပြသထားပါတယ်။ ကိုဗစ် ကာလမှာ အရေးပါတဲ့ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာတဲ့ SpO2 Sensor နဲ့ GPS ဆက်သွယ်မှုတွေ ပါလာမှာ ဖြစ်ပါတယ်။

လက်ရှိ Fossil Gen 5 မှာ ၁.၂၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 316×416 pixels Resolution ပါပါတယ်။ 328PPI ထောက်ပံ့ထားပြီး LTE Version မှာ 4G , NFC , GPS တွေ ပါပါတယ်။ ရေအနက် ၅ မီတာ အထိ ဝတ်ဆင်နိုင်ပြီး Magnetic Charging နည်းပညာ ထည့်သွင်းထားပါတယ်။

Ref : gizmochina