Xiaomi Mi 11 ကတော့ Snapdragon 888 ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပြီး အခုတော့ Digital Chat Station က အဲဒီ Chipset ထည့်ထားတဲ့ဖုန်းတွေ အများကြီး ထွက်လာဖို့ ရှိနေတယ်လို့ သတင်းပေးလိုက်ပါတယ်။

Three more Snapdragon 888 phones are on the way, 888+ allegedly coming in the second half of 2021

ပထမဆုံးထွက်လာမှာက iQOO 7 ဖြစ်ပြီး ဒီလ ၁၁ ရက်နေ့ ကြေညာမှာပါ။ နောက် ၁ လုံးက Vivo X60 Pro+ ဖြစ်ပြီး X60 နဲ့ X60 Pro တို့ပြီးနောက် မိတ်ဆက်မှာပါ။ အဲဒီ ၂ လုံးမှာတော့ Exynos 1080 ပါလာပါတယ်။ DCS က 888 ပါတဲ့ ဖုန်း ၃ လုံးကို တရုတ်မှာ ဒီလထဲ ရောင်းမယ်လို့ သတင်းပေးလာပြီး ဒီလ ၁ ရက်နေ့မှာ Mi 11 Flash Sale ကို ပြုလုပ်ပေးမှာပါ။

Snapdragon 888 fully unveiled: the first with Cortex-X1, 35% faster GPU - GSMArena.com news

နောက် ၁ လုံးက realme Koi ဖြစ်ပြီး ကုမ္ပဏီ အရာရှိက 888 ပါမယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ DCS က Redmi K11 မှာလည်း 888 ပါမယ်လို့ ပြောပါတယ်။ Redmi K40 Pro ကတော့ 888 ဖုန်းတွေထဲမှာ ဈေးအချိုဆုံး ဖြစ်လာမှာပါ။ 888 ပြီးနောက်မှာ Qualcomm က 888 Plus ကိုပါ ဒုတိယ နှစ်ဝက်မှာ ချပြဖို့ ရှိနေတယ်လို့ သိရပါတယ်။

888 မှာ 2.84GHz ကို ထောက်ပံ့ထားပြီး Plus Version မှာ CPU နဲ့ GPU အတွက် ပိုမြင့်တဲ့ Frequency ပါလာနိုင်ပါတယ်။ ဥပမာအနေနဲ့ 865+ မှာ ၂ ခုစလုံးအတွက် ၁၀ ရာခိုင်နှုန်း ပိုမြင့်လာပါတယ်။ 888 Plus မှာ Qualcomm က Clock Speed ကို ဘယ်လို ဆန်းသစ်ထားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena