Unicode

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်ကို ဒေသအာဏာပိုင်တွေက ပိတ်ပင်ထားပြီး ဒီဖြစ်ရပ်ဟာ အဆိုပါဒေသမှာ ထုတ်လုပ်နေတဲ့ အိုင်ဖုန်းထုတ်လုပ်မှုကို ထိခိုက်စေမယ်လို့ မနေ့က သတင်းတက်လာခဲ့ပါတယ်။

ယနေ့မှာတော့ Apple ရဲ့ တရုတ်အခြေစိုက်ထုတ်လုပ်သူပါတနာတွေထဲက တစ်ယောက်ဖြစ်တဲ့ Foxconn မှ တရားဝင် Press တစ်ခု ထုတ်ပြန်လိုက်ပြီး မျှော်မှန်းထားတဲ့အတိုင်း ပြည့်မှီအောင် ထုတ်လုပ်ပေးမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

Foxconn ဟာ အခုကပ်ရောဂါဆိုးဖြစ်ပွားနေတဲ့ ဝူဟန်မြို့မှာ ကြီးမားတဲ့ စက်ရုံကြီးတစ်ခု တည်ဆောက်ထားပြီး လောလောဆယ်တော့ တရုတ်နှစ်သစ်ကူးကာလဖြစ်တာကြောင့် အလုပ်သမားတွေ ပြန်အလုပ်မဆင်းရသေးပါဘူး။ တရုတ် အစိုးရကလည်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ နှစ်ကူးကာလကို ဖေဖော်ဝါရီ ၂ ရက်နေ့ထိ တိုးချဲ့ပေးထားပါတယ်။

အခုလို မသေချာတဲ့ အနေအထားကြောင့် Apple ကုမ္ပဏီဟာ ပုံမှန်ထက် အလေးအနက်ထားပြီး စောင့်ကြည့်နေတယ်လို့လည်း သတင်းတွေက အစီရင်ခံပါတယ်။ စီအီးအိုဖြစ်တဲ့ Tim Cook ကလည်း “အခြေအနေက တိုးမြင့်လာပြီး အချက်အလက်တွေ အများကြီး လက်ခံရရှိနေဆဲဖြစ်ပါတယ်၊ နေ့တိုင်း ဒါကို စောင့်ကြည့်နေပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

တရုတ္ႏုိင္ငံမွာျဖစ္ပြားေနတဲ့ ကုိရုိနာဗုိင္းရပ္စ္ေၾကာင့္ ဝူဟန္ေဒသကို ေဒသအာဏာပုိင္ေတြက ပိတ္ပင္ထားၿပီး ဒီျဖစ္ရပ္ဟာ အဆုိပါေဒသမွာ ထုတ္လုပ္ေနတဲ့ အုိင္ဖုန္းထုတ္လုပ္မႈကို ထိခုိက္ေစမယ္လို႔ မေန႔က သတင္းတက္လာခဲ့ပါတယ္။

ယေန႔မွာေတာ့ Apple ရဲ႕ တရုတ္အေျခစုိက္ထုတ္လုပ္သူပါတနာေတြထဲက တစ္ေယာက္ျဖစ္တဲ့ Foxconn မွ တရားဝင္ Press တစ္ခု ထုတ္ျပန္လုိက္ၿပီး ေမွ်ာ္မွန္းထားတဲ့အတုိင္း ျပည့္မွီေအာင္ ထုတ္လုပ္ေပးမွာျဖစ္ေၾကာင္း ကတိေပးခဲ့ပါတယ္။

Foxconn ဟာ အခုကပ္ေရာဂါဆုိးျဖစ္ပြားေနတဲ့ ဝူဟန္ၿမိဳ႕မွာ ႀကီးမားတဲ့ စက္ရုံႀကီးတစ္ခု တည္ေဆာက္ထားၿပီး ေလာေလာဆယ္ေတာ့ တရုတ္ႏွစ္သစ္ကူးကာလျဖစ္တာေၾကာင့္ အလုပ္သမားေတြ ျပန္အလုပ္မဆင္းရေသးပါဘူး။ တရုတ္ အစုိးရကလည္း ဗုိင္းရပ္စ္ပိုး ျပန္႔ပြားမႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ႏွစ္ကူးကာလကို ေဖေဖာ္ဝါရီ ၂ ရက္ေန႔ထိ တုိးခ်ဲ႕ေပးထားပါတယ္။

အခုလို မေသခ်ာတဲ့ အေနအထားေၾကာင့္ Apple ကုမၸဏီဟာ ပုံမွန္ထက္ အေလးအနက္ထားၿပီး ေစာင့္ၾကည့္ေနတယ္လို႔လည္း သတင္းေတြက အစီရင္ခံပါတယ္။ စီအီးအုိျဖစ္တဲ့ Tim Cook ကလည္း “အေျခအေနက တုိးျမင့္လာၿပီး အခ်က္အလက္ေတြ အမ်ားႀကီး လက္ခံရရွိေနဆဲျဖစ္ပါတယ္၊ ေန႔တုိင္း ဒါကို ေစာင့္ၾကည့္ေနပါတယ္” လို႔ ရုိက္တာသတင္းဌာနကို ေျပာခဲ့ပါတယ္။

Ref – GSM Arena