Foxconn ဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် ဒီနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်း တရုတ်မှာ လုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အတွက်  ကွာတားအလိုက် အမြတ်ငွေဟာ နှစ် ၂၀ အတွင်း အနည်းဆုံး ဖြစ်လာပါတယ်။ အဓိက ဖောက်သည် ဖြစ်တဲ့ Apple ရဲ့ ဝယ်လိုအားကျတဲ့အတွက်လည်း Foxconn ရဲ့ အမြတ်ငွေ နည်းသွားတာပါ။ Foxconn ဟာ ဒေါ်လာ ၇၀.၃ သန်း အသားတင် အမြတ်ငွေရခဲ့ပြီး အရင်နှစ်ကထက် ၉၀ ရာခိုင်နှုန်းတောင် နည်းသွားတာဖြစ်ပါတယ်။ ကွာတား ၁ မှာ အနည်းဆုံးစံချိန်တင်သွားပါတယ်။

အခုတော့ တရုတ်က စက်ရုံတွေ ပြန်လည်ပတ်လာပြီ ဖြစ်တဲ့အတွက်  Foxconn က ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ တည်ငြိမ်သွားမယ်လို့ တွက်ချက်ထားပါတယ်။ ကွာတား ၂ မှာ ၁ ကထက် အမြတ်ငွေ ဆယ်ဂဏန်းတက်လာမယ်လို့ ခန့်မှန်းထားပေမယ့် အရင်နှစ်ကထက်တော့ နည်းနိုင်ပါသေးတယ်။

Foxconn ရဲ့ အရာရှိ ၁ ယောက်က Enterprise နဲ့ Computing ဌာနတွေဟာ အရင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဝယ်လိုအား နည်းနေတဲ့အတွက် Consumer Electronics အပိုင်းမှာ အရင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ပါတယ်။

Ref : gsmarena