ပြင်သစ် အစိုးရက ကားရောင်းပြီး လျှပ်စစ် စက်ဘီး ဝယ်ရင် ယူရို ၄,၀၀၀ ပေးကာ ပြည်သူတွေ လောင်စာဆီသုံးကားတွေအစား လျှပ်စစ် ကားတွေ၊ စက်ဘီးတွေ ပိုမို ဝယ်ယူဖို့ စွဲဆောင်နေပါတယ်။ လောင်စာဆီသုံး ကားတွေအစား သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ လျှပ်စစ် ကားတွေ၊ စက်ဘီးတွေကို ပိုမို အသုံးပြုဖို့ မက်လုံးပေးတာ ဖြစ်ပါတယ်။

FRANCE-GOVERNMENT-TRANSPORTS-MOBILITY

ဝင်ငွေနည်း မိသားစုတွေဟာ ကားတွေကို ရောင်းပြီး လျှပ်စစ် စက်ဘီး ဝယ်ရင် ယူရို ၄,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဝင်ငွေမြင့်မားတဲ့ ပြင်သစ် မိသားစုတွေကတော့ အစိုးရရဲ့ ဒီထက်နည်းတဲ့ ဝန်ဆောင်မှုကို ရရှိမှာ ဖြစ်ပါတယ်။

Tour e-bikes van Advanced Ebike

အစိုးရက အခု ဝန်ဆောင်မှုကို အရင်နှစ်က စတင် မိတ်ဆက်ခဲ့ပြီး နယ်သာလန်၊ ဂျာမနီနဲ့ ဒိန်းမတ်တို့လို စက်ဘီး ချစ်သူများတဲ့ နိုင်ငံတွေကို အမှီလိုက်ဖို့ အခုလို ဝန်ဆောင်မှုကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ပြင်သစ် အစိုးရက ၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့ ၉ ရာခိုင်နှုန်းကို စက်ဘီး ပြောင်းစီးဖို့ အလိုရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ၃ ရာခိုင်နှုန်းပဲ စက်ဘီးစီးနေကြပါတယ်။ နယ်သာလန်မှာတော့ ၂၇ ရာခိုင်နှုန်းက စက်ဘီး စီးကြပါတယ်။

အခု မူဝါဒဟာ လစ်သူရေးနီးယားရဲ့ အောင်မြင်တဲ့ စီမံကိန်းကို အတုခိုးထားတာ ဖြစ်ပြီး လစ်သူရေးနီးယားဟာ လျှပ်စစ် စက်ဘီး၊ Scooter ၊ ဆိုင်ကယ် ဝယ်ယူသူတွေကို ယူရို ၁,၀၀၀ အထိ ပေးနေပါတယ်။

ပြင်သစ် အစိုးရဟာ ပဲရစ်မြို့ ၁ ခုလုံးကို စက်ဘီး စီးနိုင်အောင် ယူရို သန်း ၂၅၀ အသုံးပြုကာ တည်ဆောက်မယ်လို့ ပြောထားပါတယ်။ မြို့တော်ဝန် Anne Hidalgo က လာမယ့် ၅ နှစ်အတွင်း စက်ဘီးစီးလို့ရတဲ့ လမ်းအရှည်ကို ၁၃၀ ကီလိုမီတာ အထိ တိုးချဲ့မယ်လို့ ပြောပါတယ်။

Ref : theverge