[Zawgyi]

ဒီလ အေစာပိုင္းက ျပင္သစ္ သမၼတ Emmanuel Macron က  ႏုိင္ငံရဲ႕ ၿဂိဳလ္တုေတြကို ကာကြယ္ဖို႔ ျပင္သစ္ အာကာသ စစ္တပ္ကို တည္ေထာင္လိုက္တယ္လို႔ ေၾကညာခဲ့ပါတယ္။ ျပင္သစ္က အာကာသ စစ္တပ္ကို တကယ့္ကို အေလးထားေနပံုပါ။ အခုလည္း ျပင္သစ္ ကာကြယ္ေရး ၀န္ႀကီးက ေသနတ္နဲ႔ ေလဆာ လက္နက္ေတြ တပ္ဆင္ထားတဲ့ အရြယ္ေသး ၿဂိဳလ္တုေတြကို ဖန္တီးမယ့္ စီမံကိန္းတစ္ခုကို ေၾကညာလိုက္ပါတယ္။

ကာကြယ္ေရး ၀န္ႀကီး Florence Parly က စစ္တပ္ အသံုးစားရိတ္ကေန ယူရို သန္း ၇၀၀ ကို အာကာသ ကာကြယ္ေရး အတြက္ လ်ာထားတယ္လို႔ ေျပာပါတယ္။ ၂၀၂၅ မွာ ယူရို ၄.၃ ဘီလီယမ္ေက်ာ္အထိ သံုးစြဲမွာပါ။ French Navy ရဲ႕ Syracuse Military Communications Satellites ေတြကို အဆင့္ျမွင့္ဖို႔ အဲဒီေငြေတြကို အသံုးျပဳမွာ ျဖစ္ပါတယ္။ ျပင္သစ္ စစ္တပ္က ေနာက္မ်ိဳးဆက္ ၿဂိဳလ္တုေတြမွာ ကင္မရာေတြ တပ္ဆင္ၿပီး ေထာက္လွမ္းေရး လုပ္ငန္းေတြကို ျပဳလုပ္ခ်င္ေနပါတယ္။ အဲဒီေနာက္ပိုင္းမွာ တျခား ၿဂိဳလ္တုေတြကို တိုက္ခိုက္ ဖ်က္ဆီးဖို႔ စက္ေသနတ္နဲ႔ ေလဆာ လက္နက္ေတြကို တပ္ဆင္မွာ ျဖစ္ပါတယ္။

ကာကြယ္ေရး ၀န္ႀကီးဌာနက ႏုိင္ငံရဲ႕ မဟာဗ်ဴဟာက်တဲ့ အရာေတြကို ကာကြယ္ဖို႔ ကမာၻပတ္လမ္းေၾကာင္းမွာ အရြယ္ေသး ၿဂိဳလ္တုမ်ားစြာကို လႊတ္တင္ဖို႔ အလိုရွိေနတယ္လို႔ ေျပာပါတယ္။ ေပ်ာက္ဆံုးသြားတဲ့ ၿဂိဳလ္တုေတြ ေနရာကို ျမန္ျမန္ အစားထိုးႏုိင္ေအာင္လည္း ျပဳလုပ္မွာ ျဖစ္ပါတယ္။ ျပင္သစ္က ၂၀၃၀ မွာ အဲဒီ စနစ္ေတြကို အၿပီး တပ္ဆင္ဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

Parly က “ ရန္သူရဲ႕ ၿဂိဳလ္တုေတြကို တိုက္ခိုက္ဖို႔ မဟုတ္ပါဘူး။ ကိုယ့္ႏုိင္ငံကို ကာကြယ္ဖို႔ အတြက္ပဲ ျဖစ္ပါတယ္။ ႀကိဳတင္ ကာကြယ္ထားတာဟာ တိုက္ခိုက္ခ်င္တဲ့ နည္းဗ်ဴဟာ မဟုတ္ပါဘူး။ နယူးကလီးယား လက္နက္နဲ႔ လူအေျမာက္အမ်ား ေသေစမယ့္ လက္နက္ေတြကို တပ္ဆင္မွာ မဟုတ္ပါဘူး။ “ လို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

၂၀၃၀ မှာ ပြင်သစ်က အာကာသမှာ လက်နက်တွေ တပ်ဆင်မည်

ဒီလ အစောပိုင်းက ပြင်သစ် သမ္မတ Emmanuel Macron က နိုင်ငံရဲ့ ဂြိုလ်တုတွေကို ကာကွယ်ဖို့ ပြင်သစ် အာကာသ စစ်တပ်ကို တည်ထောင်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ပြင်သစ်က အာကာသ စစ်တပ်ကို တကယ့်ကို အလေးထားနေပုံပါ။ အခုလည်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးက သေနတ်နဲ့ လေဆာ လက်နက်တွေ တပ်ဆင်ထားတဲ့ အရွယ်သေး ဂြိုလ်တုတွေကို ဖန်တီးမယ့် စီမံကိန်းတစ်ခုကို ကြေညာလိုက်ပါတယ်။

ကာကွယ်ရေး ဝန်ကြီး Florence Parly က စစ်တပ် အသုံးစားရိတ်ကနေ ယူရို သန်း ၇၀၀ ကို အာကာသ ကာကွယ်ရေး အတွက် လျာထားတယ်လို့ ပြောပါတယ်။ ၂၀၂၅ မှာ ယူရို ၄.၃ ဘီလီယမ်ကျော်အထိ သုံးစွဲမှာပါ။ French Navy ရဲ့ Syracuse Military Communications Satellites တွေကို အဆင့်မြှင့်ဖို့ အဲဒီငွေတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြင်သစ် စစ်တပ်က နောက်မျိုးဆက် ဂြိုလ်တုတွေမှာ ကင်မရာတွေ တပ်ဆင်ပြီး ထောက်လှမ်းရေး လုပ်ငန်းတွေကို ပြုလုပ်ချင်နေပါတယ်။ အဲဒီနောက်ပိုင်းမှာ တခြား ဂြိုလ်တုတွေကို တိုက်ခိုက် ဖျက်ဆီးဖို့ စက်သေနတ်နဲ့ လေဆာ လက်နက်တွေကို တပ်ဆင်မှာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ အရာတွေကို ကာကွယ်ဖို့ ကမ္ဘာပတ်လမ်းကြောင်းမှာ အရွယ်သေး ဂြိုလ်တုများစွာကို လွှတ်တင်ဖို့ အလိုရှိနေတယ်လို့ ပြောပါတယ်။ ပျောက်ဆုံးသွားတဲ့ ဂြိုလ်တုတွေ နေရာကို မြန်မြန် အစားထိုးနိုင်အောင်လည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ပြင်သစ်က ၂၀၃၀ မှာ အဲဒီ စနစ်တွေကို အပြီး တပ်ဆင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Parly က “ ရန်သူရဲ့ ဂြိုလ်တုတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ကြိုတင် ကာကွယ်ထားတာဟာ တိုက်ခိုက်ချင်တဲ့ နည်းဗျူဟာ မဟုတ်ပါဘူး။ နယူးကလီးယား လက်နက်နဲ့ လူအမြောက်အများ သေစေမယ့် လက်နက်တွေကို တပ်ဆင်မှာ မဟုတ်ပါဘူး။ “ လို့ ပြောပါတယ်။

Ref : theverge