ကစားသူပရိသတ်အခိုင်အမာရှိထားတဲ့ Free-to-play 2D Fighting ဂိမ်းအမျိုးအစား Brawlhalla ဟာ လာမယ့် ဩဂုတ်လ ၆ ရက်နေ့ကနေ စပြီး မိုဘိုင်းပလက်ဖောင်းပေါ်မှာ ရရှိသွားတော့မှာပါ။ သူ့ရဲ့ ထင်ရှားတဲ့ Feature တစ်ခုဖြစ်တဲ့ မတူညီတဲ့ ဂိမ်းပလက်ဖောင်းအချင်းချင်း Cross-play ကစားနိုင်စွမ်းကိုလည်း အပြည့်အဝပေးမှာဖြစ်ကြောင်း Ubisoft က ကြေညာခဲ့ပါတယ်။

ကစားသမားတွေဟာ Pre-register လုပ်ထားရင် ထွက်ရှိလာချိန်မှာ Free Skin တစ်ခု ရရှိနိုင်မှာဖြစ်ပါတယ်။

Brawlhalla ကို Ubisoft မှထုတ်လုပ်ပြီး ခုနကပြောခဲ့သလို ရှားရှားပါးပါး Free-to-Play 2D Fighting Game ထဲမှာမှ ကစားသူအတော်လေးများတဲ့ ဂိမ်းတစ်ခုပါ။ ဒီဂိမ်းကို လက်ရှိမှာ Microsoft Windows, MacOS, PS4, Xbox One နဲ့ Nintendo Switch ပလက်ဖောင်းတွေမှာ ရယူကစားနိုင်ပြီး တစ်ကမ္ဘာလုံးမှာ ကစားသူဦးရေ သန်း ၄၀ ကျော်ရှိပါတယ်။

ဒါ့အပြင် Esports အဖြစ် သတ်မှတ်ခံရတဲ့ Title တစ်ခုဖြစ်သလို ဂိမ်းထုတ်လုပ်သူတွေကလည်း ဒါကို အပြည့်အဝ Support ပေးထားပါတယ်။ Brawlstars Esports World Tour 2020 လို့အမည်ပေးထားတဲ့ ပြိုင်ပွဲစီးရီးကို မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ အရှေ့တောင်အာရှနဲ့ ဩစတြေးလျ ဇုန်တွေမှာ ကျင်းပပေးလျက်ရှိပါတယ်။

ပထမတော့ ဒီပြိုင်ပွဲဟာ စုစုပေါင်းအမေရိကန်ဒေါ်လာခြောက်သန်းထိ ချီးမြှင့်ဖို့ဖြစ်ပေမယ့် ၂၀၂၀ နှစ်စမှာပဲ ကိုဗစ်ရောဂါကျရောက်ခဲ့လို့ ပြိုင်ပွဲအတော်များများကို ဖျက်သိမ်းခဲ့ရပါတယ်။ Brawlhalla ရဲ့ လူကြိုက်များတဲ့ Feature တွေထဲမှာ Game Control ကို စိတ်ကြိုက် Customized လုပ်နိုင်တာ၊ Cross-play ကစားနိုင်တာ၊ Touchscreen နဲ့ Controller တို့ဖြင့် ကစားနိုင်တာတွေ ပါဝင်ပါတယ်။

Play Store မှာ ဒီဂိမ်းကို Free-to-play အဖြစ် ဖော်ပြထားသလို ပုံမှန်အားဖြင့်တော့ Pay-to-win အားသာချက်လည်း မပါဝင်တဲ့ ဂိမ်းတစ်ခုပါ။ တစ်ခုရှိတာက အပတ်စဉ် အလကားဆော့နိုင်တဲ့ ဟီးရိုးရှစ်ကောင်ပေးထားမှာဖြစ်ပြီး တစ်ခါတည်း ဟီးရိုးအကုန် Unlock လုပ်ချင်ရင်တော့ All Legends Pack ဆိုတာကို ဝယ်ရမှာဖြစ်ပါတယ်။ အဲ့ဒါက ဘယ်လောက်လဲ ဆိုတာတော့ အခုမသိရသေးပါဘူး။

Brawlhalla ကို မွေးဖွားပေးခဲ့တဲ့ Mammoth Games စတူဒီယိုက ၂၀၁၉ နှစ်ကုန်ပိုင်းတည်းက ၂၀၂၀ မှာ မိုဘိုင်းဗားရှင်း ထုတ်လုပ်မှာဖြစ်ကြောင်း ကြေညာခဲ့ပြီးသားပါ။ ဒါပေမယ့် ယနေ့မှ သဲသဲကွဲကွဲသိရတာဖြစ်ပါတယ်။

Ref – AFKGaming