[Zawgyi]

အေမရိကန္ ကုန္သြယ္ေရး ေကာ္မရွင္ (FTC) က Cambridge Analytica အပါအ၀င္ User Data ေပါက္ၾကားမႈေတြေၾကာင့္ Facebook ကို စစ္ေဆးေနတာ တစ္ႏွစ္ေလာက္ ရွိပါၿပီ။ အခုေတာ့ FTC က Facebook ကို ေဒၚလာ ၅ ဘီလီယမ္ ဒဏ္ရိုက္လိုက္တယ္လို႔ ဗုဒၶဟူးေန႔ နံနက္က ေၾကညာလိုက္ပါတယ္။ FTC က Facebook ဟာ သံုးစြဲသူ ေဒတာေတြကို မကာကြယ္ေပးႏုိင္ျခင္း၊ လံုျခံဳေရးအတြက္ ေပးထားတဲ့ ဖုန္းနံပါတ္ေတြကေန ေၾကာ္ညာေတြ ျပသျခင္းနဲ႔ Default အားျဖင့္ Facial Recognition Software ကို ပိတ္ထားတယ္လို႔ သံုးစြဲသူေတြကို လိမ္လည္ျခင္းေတြကို ျပဳလုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

FTC က ဒဏ္ေငြရိုက္ခ့ဲဖူးသမွ်ထဲမွာ ဒါဟာ ဒုတိယ အမ်ားဆံုး ျဖစ္လာပါတယ္။ Facebook ဟာ ေဒၚလာ ၅ ဘီလီယမ္ ေပးရမယ့္ အျပင္ FTC ရဲ႕ သူ႔လုပ္ငန္းေတြအေပၚ ကန္႔သတ္ခ်က္ အသစ္ေတြကိုပါ သေဘာတူညီရမွာပါ။ Facebook ဟာ သူ႔ရဲ႕ ထုတ္ကုန္ အသစ္ေတြ၊ ၀န္ေဆာင္မႈ အသစ္ေတြတိုင္းအတြက္ Privacy Review ကို ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ Privacy Review ေတြကို ကြာတားတိုင္းမွာ စီအီးအိုနဲ႔ ကုမၸဏီျပင္ပမွ စံုစမ္းစစ္ေဆးသူေတြကို တင္ျပရမွာပါ။

Facebook ရဲ႕ မ်က္ႏွာ အာရံုခံ ေဆာ့ဖ္၀ဲကိုလည္း FTC က ကန္႔သတ္မႈေတြ ျပဳလုပ္လိုက္ပါတယ္။ FTC ရဲ႕ စည္းမ်ဥ္းအသစ္အရ Facebook ဟာ မ်က္ႏွာ အာရံုခံ ေမာ္ဒယ္ အသစ္ေတြကို ဖန္တီးမယ္ဆိုရင္ သံုးစြဲသူေတြကို အသိေပးဖို႔ လိုအပ္လာပါတယ္။ သံုးစြဲသူေတြကို အသိမေပးဘဲ ဖန္တီးထားတဲ့ အရင္ ေမာ္ဒယ္ေတြကိုေတာ့ ဖ်က္ဆီးစရာ မလိုပါဘူး။

FTC ဟာ Apple ရဲ႕ Safari Web Browser သံုးသူေတြကို ေျခရာခံခဲ့တဲ့ Google ကို ၂၀၁၂ ခုႏွစ္မွာ ေဒၚလာ ၂၂.၅ သန္း ဒဏ္ေငြ ရိုက္ခဲ့ပါတယ္။ Cambridge Analytica ၿပီးေနာက္မွာ ဟက္ကာတစ္ဦးက Facebook User ေပါင္း ၂၉ သန္းရဲ႕ ကိုယ္ေရး ကိုယ္တာ သတင္းအခ်က္အလက္ေတြကို ခိုးယူသြားမႈ ျဖစ္ခဲ့တဲ့ အတြက္ လႊတ္ေတာ္နဲ႔ ေရွ႕ေန အဖြဲ႕အစည္းေတြက ဒီကိစၥကို အေရးယူေပးဖို႔ FTC ကို ဖိအားေပးခဲ့ပါတယ္။

Ref : theverge

[Unicode]

User Data များပေါက်ကြားမှုကြောင့် ဒေါ်လာ ၅ ဘီလီယမ် ဒဏ်ရိုက်ခံလိုက်ရတဲ့ Facebook

အမေရိကန် ကုန်သွယ်ရေး ကော်မရှင် (FTC) က Cambridge Analytica အပါအဝင် User Data ပေါက်ကြားမှုတွေကြောင့် Facebook ကို စစ်ဆေးနေတာ တစ်နှစ်လောက် ရှိပါပြီ။ အခုတော့ FTC က Facebook ကို ဒေါ်လာ ၅ ဘီလီယမ် ဒဏ်ရိုက်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့ နံနက်က ကြေညာလိုက်ပါတယ်။ FTC က Facebook ဟာ သုံးစွဲသူ ဒေတာတွေကို မကာကွယ်ပေးနိုင်ခြင်း၊ လုံခြုံရေးအတွက် ပေးထားတဲ့ ဖုန်းနံပါတ်တွေကနေ ကြော်ညာတွေ ပြသခြင်းနဲ့ Default အားဖြင့် Facial Recognition Software ကို ပိတ်ထားတယ်လို့ သုံးစွဲသူတွေကို လိမ်လည်ခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

FTC က ဒဏ်ငွေရိုက်ခဲ့ဖူးသမျှထဲမှာ ဒါဟာ ဒုတိယ အများဆုံး ဖြစ်လာပါတယ်။ Facebook ဟာ ဒေါ်လာ ၅ ဘီလီယမ် ပေးရမယ့် အပြင် FTC ရဲ့ သူ့လုပ်ငန်းတွေအပေါ် ကန့်သတ်ချက် အသစ်တွေကိုပါ သဘောတူညီရမှာပါ။ Facebook ဟာ သူ့ရဲ့ ထုတ်ကုန် အသစ်တွေ၊ ဝန်ဆောင်မှု အသစ်တွေတိုင်းအတွက် Privacy Review ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Privacy Review တွေကို ကွာတားတိုင်းမှာ စီအီးအိုနဲ့ ကုမ္ပဏီပြင်ပမှ စုံစမ်းစစ်ဆေးသူတွေကို တင်ပြရမှာပါ။

Facebook ရဲ့ မျက်နှာ အာရုံခံ ဆော့ဖ်ဝဲကိုလည်း FTC က ကန့်သတ်မှုတွေ ပြုလုပ်လိုက်ပါတယ်။ FTC ရဲ့ စည်းမျဉ်းအသစ်အရ Facebook ဟာ မျက်နှာ အာရုံခံ မော်ဒယ် အသစ်တွေကို ဖန်တီးမယ်ဆိုရင် သုံးစွဲသူတွေကို အသိပေးဖို့ လိုအပ်လာပါတယ်။ သုံးစွဲသူတွေကို အသိမပေးဘဲ ဖန်တီးထားတဲ့ အရင် မော်ဒယ်တွေကိုတော့ ဖျက်ဆီးစရာ မလိုပါဘူး။

FTC ဟာ Apple ရဲ့ Safari Web Browser သုံးသူတွေကို ခြေရာခံခဲ့တဲ့ Google ကို ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၂၂.၅ သန်း ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ Cambridge Analytica ပြီးနောက်မှာ ဟက်ကာတစ်ဦးက Facebook User ပေါင်း ၂၉ သန်းရဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်တွေကို ခိုးယူသွားမှု ဖြစ်ခဲ့တဲ့ အတွက် လွှတ်တော်နဲ့ ရှေ့နေ အဖွဲ့အစည်းတွေက ဒီကိစ္စကို အရေးယူပေးဖို့ FTC ကို ဖိအားပေးခဲ့ပါတယ်။

Ref : theverge