Apple ဟာ သူ့ရဲ့ ထုတ်ကုန်တွေမှာ သုံးစွဲသူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးမယ့် ဝန်ဆောင်မှုတွေ ထည့်သွင်းပေးတဲ့ မဟာဗျူဟာကို အရှိန်အဟုန်မြှင့်တင်နေတာ တွေ့ရပါတယ်။ Apple Watch တွေအပြင် အနာဂတ် AirPods တွေမှာ သွေးတွင်းအောက်စီဂျင်ပမာဏနဲ့ နှလုံးခုန်နှုန်းကို တိုင်းတာစေနိုင်ဖို့ Ambient Light Sensor ကို တပ်ဆင်သွားဖွယ် ရှိနေပါတယ်။

DigiTimes ရဲ့ဖော်ပြမှုအရ Apple ဟာ ASE Technology ကို Ambient Light Sensor နဲ့ Hypothesize တွေ ထုတ်လုပ်ဖို့ တာဝန်ပေးထားပြီး ဒီအာရုံခံကိရိယာတွေဟာ ခြေလှမ်းအရေအတွက်ကို စောင့်ကြည့်တာ၊ ဦးခေါင်း လှုပ်ရှားမှုကို အာရုံခံတာ၊ နှလုံးခုန်နှုန်းကို တိုင်းတာတာတွေအတွက် အရေးပါတဲ့နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။

Galaxy S9 မှာတုန်းက နှလုံးခုန်နှုန်းအာရုံခံကိရိယာ နည်းပညာကို မှတ်မိကြမယ်ထင်ပါတယ်။ အလားတူပဲ၊ ဒီနည်းပညာကလည်း အရေပြားကနေတစ်ဆင့် အလင်းဖောက်ဝင်ပြီး နှလုံးခုန်နှုန်းရဲ့ ရောင်ပြန်ဟပ်မှုကို တိုင်းတာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အာရုံခံကိရိယာတွေကို AirPods မှာ တပ်ဆင်အသုံးပြုဖို့ကတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုရပါမယ်။

ဒါပေမယ့် နားကိုအုပ်ဆိုင်းထားတဲ့ Poserbeats Pro လို အမျိုးအစားနားကြပ်တွေမှာဆိုရင်တော့ ဒီလိုအာရုံခံကိရိယာတွေ ထည့်သွင်းနိုင်ဖို့ အလားအလာပိုပြီး ရှိပါတယ်။ Apple အနေနဲ့ ပတ်ဝန်းကျင်အလင်းအာရုံခံကိရိယာတွေသုံးပြီး အသုံးပြုသူရဲ့ ကျန်းမာရေးကို တိုင်းတာနိုင်ဖို့ သွေးတွင်းအောက်စီဂျင်ပမာဏကို စောင့်ကြည့်တဲ့နည်းလမ်းကို အောင်မြင်ပြီးသားဖြစ်တာကြောင့် အခုသတင်းကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတော့တယ်။

Ref: GSM Arena