မကြာခင်က ကြေညာခဲ့တဲ့ iPhone 14 Series မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာပြီး iPhone User တွေဟာ ဆယ်လူလာ ဆက်သွယ်ရေး မရတဲ့အခါမှာ ဂြိုလ်တု ဆက်သွယ်ရေးနဲ့ အရေးပေါ် ဖုန်း ခေါ်နိုင်ပါတယ်။ Huawei က Mate 50 Series မှာ အလားတူ လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Samsung ကလည်း အနာဂတ်ထုတ် Galaxy Device တွေမှာ ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးတော့မယ်လို့ ထင်ပါတယ်။

Tipster Ricciolo က Samsung ဟာ နောက်ထွက်မယ့် Galaxy Device တွေမှာ ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ Galaxy S23 စမတ်ဖုန်းတွေမှာ ပါလာမလားဆိုတာ မသိရသေးပါဘူး။

Future Samsung smartphones may come with satellite connectivity feature - Gizmochina

Apple က iPhone 14 Series မှာ ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးထားပြီး နိုဝင်ဘာလ မတိုင်ခင် အသုံးပြုလို့ မရသေးသလို လက်ရှိမှာ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံမှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ဒီနှစ် နှောင်းပိုင်းမှာ Apple က တခြား နိုင်ငံတွေမှာ အသုံးပြုလို့ရအောင် စီစဉ်နေတယ်လို့ သိရပါတယ်။

Huawei Mate 50 Pro

Huawei က Apple ထက် အရင် အဲဒီ လုပ်ဆောင်ချက်ကို Mate 50 Series မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Mate 50 နဲ့ Mate 50 Pro စမတ်ဖုန်းတွေဟာ တရုတ်ရဲ့ BeiDou ဂြိုလ်တု ကွန်ရက်ကို အသုံးပြုကာ စာတိုတွေ ပေးပို့နိုင်ပါတယ်။

Apple ကတော့ Globalstar ရဲ့ ကွန်ရက်ကို အသုံးပြုကာ ဂြိုလ်တု ဆက်သွယ်ရေးကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Samsung က ဘယ်ဝန်ဆောင်မှုကို အသုံးပြုမလဲဆိုတာ မသိရသေးပါဘူး။

Ref : gizmochina