PSG.LGD အသင်းရဲ့ ကစားသမားဟောင်း Fy ဟာ သူ့ရဲ့ တရုတ် Streaming Website ဖြစ်တဲ့ Huya ကနေ ပထမဆုံးအကြိမ် Live လွှင့်ခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ Ti တွေမှာ ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို အသေးစိတ်ပြောပြ သွားတာပါ။ ဒါ့ပြင် သူ့ရဲ့ အသင်းသစ်ဖြစ်တဲ့ 4 Angry Men နဲ့ စာချုပ်လိုက်တဲ့ အကြောင်းပါ ပြောသွားခဲ့ပါတယ်။

Fy အပါအဝင် Somnus ‘ M (Maybe) နဲ့ Yang တို့ သုံးဦးက Four Angry Men (4AM) အသင်းနဲ့ စာချုပ်ချုပ်လိုက်တဲ့ အကြောင်း Live မှာ အတည်ပြုပြောကြားသွားတယ်လို့ Dota Daily Rhythm သတင်းဌာန ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါ့ပြင် Vici Gaming ရဲ့ Carry ကစားသမား Eurus (Paparazi) နဲ့ SAG အသင်း ကစားသမား ဖြစ်တဲ့ RedPanda တို့နဲ့လည်း စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းဆဲ ဖြစ်တယ်လို့ Fy က ဆိုပါတယ်။ သူတို့နှစ်ဦးက စာချုပ်ချုပ်ဖို့အတွက် စဉ်းစားနေပြီး သုံးလေးငါးနှစ်လောက် အတိုင်းအတာကို အလွယ်တကူ လက်မှတ်ထိုးမှာမဟုတ်ဘူးလို့လည်း သူက ထပ်ဖြည့်ပြောခဲ့ပါသေးတယ်။

တကယ်လို့သာ သူတို့ကို စာချုပ်ချုပ်နိုင်ခဲ့ရင် လာမယ့် Dota 2 season အသစ်မှာ 4 Angry Men ရဲ့ လူစာရင်းက အခုလို ဖြစ်လာမှာပါ။

Carry ကစားသမား: Zhang “Eurus” Chengjun (ညှိနှိုင်းဆဲ)
Mid ကစားသမား : Lu “Somnus ‘ M” Yao (အတည်ပြုပြီး)
Offlaner ကစားသမား : Zhou “Yang” Haiyang (အတည်ပြုပြီး)
Support ကစားသမား : Xu “fy” Linsen (အတည်ပြုပြီး)
Hard Support ကစားသမား : Ru “RedPanda” Zhihao (ညှိနှိုင်းဆဲ)

4AM က တရုတ်နိုင်ငံရဲ့ အကြီးဆုံး esports အဖွဲ့အစည်းတွေထဲက တစ်ခု ဖြစ်ပြီး Dota 2 Pro မြင်ကွင်းထဲကို ဝင်ရောက်တဲ့ အကြောင်းကို ဩဂုတ်လ ၂၀၂၀ အစောပိုင်း ကမှ ကြေညာခဲ့တာပါ။ အဆိုပါ အဖွဲ့အစည်းကို LGD ရဲ့ League of Legends (LoL) အသင်းမှာ ၂၀၁၄ ကနေ ၂၀၁၇ အထိ mid ကစားသမား နေရာက ထူးထူးချွန်ချွန်ကစားခဲ့တဲ့ Wei “GodV” Zhen က တည်ထောင်ခဲ့တာ ဖြစ်ပြီး PUBG ဖက်ကို မကူးခင်မှာ သူက ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။

Ref – AFKGaming