[Zawgyi]

Samsung ဟာ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြအတြက္ Screen လဲလွယ္ခ ႏႈန္းထားေတြကို ထိုင္ဝမ္ႏိုင္ငံမွာ တရားဝင္ ထုတ္ျပန္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ ထုတ္ျပန္ခ်က္ထဲမွာ Samsung Galaxy S7 ကေန စတင္ၿပီး အခုေနာက္ဆုံး ထြက္ရွိထားတဲ့ Galaxy S10 Series ရဲ႕ Screen လဲလွယ္ခ ႏႈန္းထားေတြအထိ ပါဝင္လာတာ ေတြ႕ရပါတယ္။ အဆိုပါထုတ္ျပန္ခ်က္ဟာ ထိုင္ဝမ္ႏိုင္ငံအတြက္ ဆိုေပမယ့္ တျခားႏိုင္ငံေတြမွာလည္း ေအာက္ပါေစ်းႏႈန္းအတိုင္းပဲ ေကာက္ခံသြားဖြယ္ ရွိေၾကာင္း ခန္႔မွန္းေျပာဆိုေနၾကပါတယ္။

Screen လဲလွယ္ခ ေစ်းအႀကီးဆုံး စမတ္ဖုန္းက Galaxy S10+ ျဖစ္ၿပီး ထိုင္ဝမ္ေဒၚလာ ၇၁၀၀ (ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။ Galaxy S10 ရဲ႕ Screen လဲလွယ္ခ ႏႈန္းထားက ထိုင္ဝမ္ေဒၚလာ ၆၄၅၀ (ျမန္မာေငြ ၃၂၀,၀၀၀ က်ပ္ ဝန္းက်င္) က်သင့္ၿပီး Galaxy S10e ကေတာ့ ထိုင္ဝမ္ေဒၚလာ ၅၃၅၀ (ျမန္မာေငြ ၂သိန္းခြဲ ဝန္းက်င္) က်သင့္မွာ ျဖစ္ပါတယ္။ Galaxy S10+ နဲ႔ Screen အ႐ြယ္အစားတူညီတဲ့ Galaxy Note 9 ရဲ႕ ၆.၄လက္မ Super AMOLED Display ကို လဲလွယ္မယ္ဆိုရင္ေတာ့ ထိုင္ဝမ္ေဒၚလာ ၅၅၀၀ (ျမန္မာေငြ ၂၇၀,၀၀၀ ဝန္းက်င္) သာ က်သင့္မွာ ျဖစ္ပါတယ္။

Galaxy S10+ နဲ႔ Galaxy Note 9 တို႔က Screen အ႐ြယ္အစားတူညီေပမယ့္ Galaxy S10+ ရဲ႕ Display က Dynamic AMOLED နည္းပညာနဲ႔ Infinity-O Display အမ်ိဴးအစားျဖစ္သြားၿပီး Ultrasonic In-display Fingerprint Sensor ကိုပါ တြဲလ်က္တပ္ဆင္ထားတာေၾကာင့္ လဲလွယ္ခႏႈန္းထားက အမ်ားႀကီး ကြာျခားသြားတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ Samsung Galaxy S10+ ပိုင္ရွင္မ်ားအေနနဲ႔ မိမိရဲ႕ စမတ္ဖုန္းကို ႐ို႐ိုေသေသ၊ ၾကင္ၾကင္နာနာနဲ႔ ေထြးေထြးေပြ႕ေပြ႕ ကိုင္ေဆာင္ၾကပါလို႔ အႀကံျပဳအပ္ပါတယ္ခင္ဗ်ာ။

Ref : Sammobile

[Unicode]

Galaxy S10+ ရဲ့ Screen ကို လဲမယ်ဆိုရင် ၃သိန်းခွဲဝန်းကျင် ကုန်ကျမည်

Samsung ဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေအတွက် Screen လဲလှယ်ခ နှုန်းထားတွေကို ထိုင်ဝမ်နိုင်ငံမှာ တရားဝင် ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ Samsung Galaxy S7 ကနေ စတင်ပြီး အခုနောက်ဆုံး ထွက်ရှိထားတဲ့ Galaxy S10 Series ရဲ့ Screen လဲလှယ်ခ နှုန်းထားတွေအထိ ပါဝင်လာတာ တွေ့ရပါတယ်။ အဆိုပါထုတ်ပြန်ချက်ဟာ ထိုင်ဝမ်နိုင်ငံအတွက် ဆိုပေမယ့် တခြားနိုင်ငံတွေမှာလည်း အောက်ပါစျေးနှုန်းအတိုင်းပဲ ကောက်ခံသွားဖွယ် ရှိကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

Screen လဲလှယ်ခ စျေးအကြီးဆုံး စမတ်ဖုန်းက Galaxy S10+ ဖြစ်ပြီး ထိုင်ဝမ်ဒေါ်လာ ၇၁၀၀ (မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ Galaxy S10 ရဲ့ Screen လဲလှယ်ခ နှုန်းထားက ထိုင်ဝမ်ဒေါ်လာ ၆၄၅၀ (မြန်မာငွေ ၃၂၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်ပြီး Galaxy S10e ကတော့ ထိုင်ဝမ်ဒေါ်လာ ၅၃၅၀ (မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ Galaxy S10+ နဲ့ Screen အရွယ်အစားတူညီတဲ့ Galaxy Note 9 ရဲ့ ၆.၄လက်မ Super AMOLED Display ကို လဲလှယ်မယ်ဆိုရင်တော့ ထိုင်ဝမ်ဒေါ်လာ ၅၅၀၀ (မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင်) သာ ကျသင့်မှာ ဖြစ်ပါတယ်။

Galaxy S10+ နဲ့ Galaxy Note 9 တို့က Screen အရွယ်အစားတူညီပေမယ့် Galaxy S10+ ရဲ့ Display က Dynamic AMOLED နည်းပညာနဲ့ Infinity-O Display အမျိူးအစားဖြစ်သွားပြီး Ultrasonic In-display Fingerprint Sensor ကိုပါ တွဲလျက်တပ်ဆင်ထားတာကြောင့် လဲလှယ်ခနှုန်းထားက အများကြီး ကွာခြားသွားတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် Samsung Galaxy S10+ ပိုင်ရှင်များအနေနဲ့ မိမိရဲ့ စမတ်ဖုန်းကို ရိုရိုသေသေ၊ ကြင်ကြင်နာနာနဲ့ ထွေးထွေးပွေ့ပွေ့ ကိုင်ဆောင်ကြပါလို့ အကြံပြုအပ်ပါတယ်ခင်ဗျာ။

Ref : Sammobile