[Unicode]

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက Galaxy S11 ဖြစ်လာမယ်လို့ ကောလာဟလထွက်ခဲ့ဖူးတဲ့ Galaxy S20 အကြောင်း သတင်း ထွက်ခဲ့ဖူးပါတယ်။ ဒီတုန်းကဖော်ပြခဲ့တာက Samsung ဟာ Galaxy S20 ကို ၂၀၂၀ ဖေဖော်ဝါရီလထဲမှာ ပွဲထုတ်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။

အခုတော့ Samsung ရဲ့ Galaxy S20 တွေကို ပွဲထုတ်မယ်ဆိုတဲ့သတင်းအတွက် အတည်ပြုချက်ဖြစ်လာတဲ့ ပရိုမိုဗီဒီယိုက ပေါက်ကြားထွက်ပေါ်ခဲ့ပါပြီ။ Galaxy S20 ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အမှန်တကယ် ပွဲထွက်လာမှာပါ။ နေရာကတော့ နယူးယောက် ဒါမှမဟုတ် ဆန်ဖရန်စ္စကို တစ်နေရာရာမှာ ဖြစ်ပါလိမ့်မယ်။

ပေါက်ကြားလာတဲ့ ဗီဒီယိုက Galaxy S20 နဲ့ပတ်သက်ပြီး ဘာကိုမှ ဖော်ပြသွားခြင်းမရှိပါဘူး။ Samsung ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ စမတ်ဖုန်းအသစ်တစ်မျိုးကို ကြေညာမယ်ဆိုတာပဲ အသိပေးတာပါ။ ဒါပေမယ့် ဗီဒီယိုမှာက Galaxy ဆိုတဲ့ ဝေါဟာရရဲ့ “A” အက္ခရာနှစ်လုံးစလုံးမှာ စမတ်ဖုန်းကိုရည်ညွှန်းတဲ့ စတုဂံပုံစံဖောင်းကြွနှစ်ခုကို အနေအထားနှစ်မျိုးနဲ့ ထည့်သွင်းဖော်ပြသွားပါတယ်။

ဒါကြောင့် Samsung အနေနဲ့ ဒီ Unpacked Event မှာ အနည်းဆုံးတော့ စမတ်ဖုန်းသစ် နှစ်မျိုးကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ ကောလာဟလထွက်လာတာကတော့ Galaxy S20 line နဲ့ Galaxy Fold 2 ကို မိတ်ဆက်မယ်ဆိုတာပါ။ Galaxy S20 တွေကတော့ Galaxy S20, Galaxy S20+ နဲ့ Galaxy S20 Ultra တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

Galaxy S20 ဟာ 6.2-inch မျက်နှာပြင်နဲ့ဖြစ်ပြီး ကျောဘက်မှာ 108MP အဓိကကင်မရာအပါအဝင် ကင်မရာသုံးလုံး ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။ Snapdragon 865 နဲ့ Exynos 990 SoC တွေကို အသုံးပြုထားမှာဖြစ်ပြီး 8GB of RAM နဲ့ တွဲဖက်ထားမယ်လို့ သိရပါတယ်။ သိုလှောင်မှုပမာဏ 128GB ဖြစ်ပြီး 4,000mAh ဘက်ထရီ တပ်ဆင်ပေးထားမယ်လို့လည်း သိရပါတယ်။

Ref: Phone Arena

[Zawgyi]

ေဖေဖာ္ဝါရီလ ၁၁ ရက္ Unpacked Event မွာ Galaxy S20 နဲ႔ Galaxy Fold 2 တို႔ကို ပြဲထုတ္လာဖြယ္ရွိ

ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာတုန္းက Galaxy S11 ျဖစ္လာမယ္လို႔ ေကာလာဟလထြက္ခဲ့ဖူးတဲ့ Galaxy S20 အေၾကာင္း သတင္း ထြက္ခဲ့ဖူးပါတယ္။ ဒီတုန္းကေဖာ္ျပခဲ့တာက Samsung ဟာ Galaxy S20 ကို ၂၀၂၀ ေဖေဖာ္ဝါရီလထဲမွာ ပြဲထုတ္လာမယ္ဆိုတာပဲ ျဖစ္ပါတယ္။

အခုေတာ့ Samsung ရဲ႕ Galaxy S20 ေတြကို ပြဲထုတ္မယ္ဆိုတဲ့သတင္းအတြက္ အတည္ျပဳခ်က္ျဖစ္လာတဲ့ ပ႐ိုမိုဗီဒီယိုက ေပါက္ၾကားထြက္ေပၚခဲ့ပါၿပီ။ Galaxy S20 ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ အမွန္တကယ္ ပြဲထြက္လာမွာပါ။ ေနရာကေတာ့ နယူးေယာက္ ဒါမွမဟုတ္ ဆန္ဖရန္စၥကို တစ္ေနရာရာမွာ ျဖစ္ပါလိမ့္မယ္။

ေပါက္ၾကားလာတဲ့ ဗီဒီယိုက Galaxy S20 နဲ႔ပတ္သက္ၿပီး ဘာကိုမွ ေဖာ္ျပသြားျခင္းမရွိပါဘူး။ Samsung ဟာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ စမတ္ဖုန္းအသစ္တစ္မ်ိဳးကို ေၾကညာမယ္ဆိုတာပဲ အသိေပးတာပါ။ ဒါေပမယ့္ ဗီဒီယိုမွာက Galaxy ဆိုတဲ့ ေဝါဟာရရဲ႕ “A” အကၡရာႏွစ္လုံးစလုံးမွာ စမတ္ဖုန္းကိုရည္ၫႊန္းတဲ့ စတုဂံပုံစံေဖာင္းႂကြႏွစ္ခုကို အေနအထားႏွစ္မ်ိဳးနဲ႔ ထည့္သြင္းေဖာ္ျပသြားပါတယ္။

ဒါေၾကာင့္ Samsung အေနနဲ႔ ဒီ Unpacked Event မွာ အနည္းဆုံးေတာ့ စမတ္ဖုန္းသစ္ ႏွစ္မ်ိဳးကို မိတ္ဆက္သြားမယ္လို႔ ယူဆရပါတယ္။ ေကာလာဟလထြက္လာတာကေတာ့ Galaxy S20 line နဲ႔ Galaxy Fold 2 ကို မိတ္ဆက္မယ္ဆိုတာပါ။ Galaxy S20 ေတြကေတာ့ Galaxy S20, Galaxy S20+ နဲ႔ Galaxy S20 Ultra တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

Galaxy S20 ဟာ 6.2-inch မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး ေက်ာဘက္မွာ 108MP အဓိကကင္မရာအပါအဝင္ ကင္မရာသုံးလုံး ပါဝင္မယ္လို႔ သတင္းထြက္ထားပါတယ္။ Snapdragon 865 နဲ႔ Exynos 990 SoC ေတြကို အသုံးျပဳထားမွာျဖစ္ၿပီး 8GB of RAM နဲ႔ တြဲဖက္ထားမယ္လို႔ သိရပါတယ္။ သိုေလွာင္မႈပမာဏ 128GB ျဖစ္ၿပီး 4,000mAh ဘက္ထရီ တပ္ဆင္ေပးထားမယ္လို႔လည္း သိရပါတယ္။

Ref: Phone Arena