တောင်ကိုရီးယားအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Samsung နဲ့ SK Telecom ကုမ္ပဏီတို့ပူးပေါင်းပြီး Galaxy A Quantum လို့အမည်ပေးထားတဲ့ 5G စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

Galaxy A Quantum စမတ်ဖုန်းဟာ Quantum Random Number Generator (QRNG) ချစ်ပ်ဆက်အသုံးပြုထားတဲ့ ပထမဆုံး 5G စမတ်ဖုန်းပါ။ QRNG ချစ်ပ်ရဲ့အမည်က SKT IDQ S2Q000 ဖြစ်ပြီး ၎င်းက စမတ်ဖုန်းထဲက ဒေတာတွေကို Quantum Encryption နည်းပညာအသုံးပြုကာ Random Number တွေ ထုတ်လုပ်ပေးခြင်းဖြင့် ပိုမိုလုံခြုံစေပါတယ်။

အဆိုပါချစ်ပ်ဟာ LED နဲ့ CMOS Image Sensor တို့ဖြင့် ပူးပေါင်းလုပ်ဆောင်ပြီး မိုဘိုင်း Payment App တွေလို Identify လုပ်ဖို့ လိုအပ်တဲ့အခါမျိုးတွေမှာ Random Encryption Key တွေကို ဖန်တီးပေးပြီး ဖောက်ထွင်းဖို့ ပိုမိုခက်ခဲစေတာပါ။

QRNG ချစ်ပ်ကို ဖယ်လိုက်ရင်တော့ Galaxy A Quantum ဖုန်းဟာ Galaxy A71 5G ဟန်းဆက်ပါပဲ။ ဒါ့ကြောင့် Exynos 980 SoC, 6.7” Infinity-O Super AMOLED Display နဲ့ In-display Fingerprint တို့ပါဝင်ပါတယ်။ Android 10 အခြေခံ One UI ကိုအသုံးပြုထားပြီး စုစုပေါင်းကင်မရာငါးလုံးပါဝင်ပါတယ်။ ရှေ့ဘက်မှာ 32MP ဆဲလ်ဖီးကင်မရာတစ်လုံးနဲ့ နောက်ဘက်မှာ 64MP + 12MP + 5MP + 5MP ကင်မရာလေးလုံးတွဲပါ။

Galaxy A Quantum ဖုန်းမှာ 4,500 mAh ဘက္ထရီနဲ့အတူ 25W အားသွင်းစနစ်ထည့်သွင်းထားတယ်။ Black, Silver, Blue ကာလာသုံးမျိုးနဲ့ရရှိနိုင်ပြီး 8/128GB မော်ဒယ်တစ်မျိုးတည်းကို ကိုရီးယားဝမ် ၆၄၉,၀၀၀ (မြန်မာငွေ ၇ သိန်းခွဲခန့်) နဲ့ရရှိနိုင်မှာပါ။

Ref – GSMArena