[Zawgyi]

Samsung ရဲ႕ Galaxy A20s ကိုေတာ့ ၿပီးခဲ့တဲ့ စက္တက္ဘာလဆန္းတုန္းကပဲ TENAA မွာ ျမင္ေတြ႕ခဲ့ၾကရပါတယ္။ ေမာ္ဒယ္နံပါတ္ SM-A2070 နဲ႔ ဒီဟန္းဆက္ဟာ 6.49-inch အ႐ြယ္အစားမ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Infinity V အမ်ိဳးအစား ျဖစ္တာကိုလည္း ေတြ႕ျမင္ခဲ့ၾကရပါတယ္။

ေပါက္ၾကားလာတဲ့ သတင္းေတြအရ ေက်ာဘက္ကင္မရာသုံးလုံးဟာ 13MP f/1.9 အဓိကကင္မရာကို 8MP (120°, f/2.2 lens) ultra wide-angle ကင္မရာ၊ 5MP depth sensor ကင္မရာေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တယ္လို႔ သိရပါတယ္။ အေရွ႕ဘက္ Infinity V notch ထဲက Selfie ကင္မရာကေတာ့ 8MP ျဖစ္တယ္လို႔ သိရပါတယ္။

Galaxy A20s ဟာ Snapdragon 450 SoC နဲ႔ ထြက္လာဖြယ္ရွိၿပီး ဒါဟာ eight Cortex-A53 cores ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ Exynos 7884 ေလာက္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ထုတ္ေပးႏိုင္မွာမဟုတ္သလို GPU ပိုင္းမွာလည္း အနည္းငယ္ အားနည္းမယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ သိုေလွာင္မႈနဲ႔ မန္မိုရီပိုင္းမွာေတာ့ Galaxy A20s ကို ပိုၿပီးေတာ့ ေမွ်ာ္လင့္ႏိုင္တယ္လို႔ သတင္းထြက္ထားပါတယ္။ 3/32GB အစား 4/64GB ကေနအစျပဳလာႏိုင္ၿပီး microSD ကတ္နဲ႔လည္း ထပ္ၿပီး ခ်ဲ႕ထြင္ႏိုင္မယ္လို႔ သိရပါတယ္။ ဘက္ထရီပမာဏကေတာ့ 4,000 mAh ျဖစ္ၿပီး 15W အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားမယ္လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

Samsung Galaxy A20s ရဲ့ အချက်အလက်အချို့ ထပ်မံပေါက်ကြားလာ

Samsung ရဲ့ Galaxy A20s ကိုတော့ ပြီးခဲ့တဲ့ စက်တက်ဘာလဆန်းတုန်းကပဲ TENAA မှာ မြင်တွေ့ခဲ့ကြရပါတယ်။ မော်ဒယ်နံပါတ် SM-A2070 နဲ့ ဒီဟန်းဆက်ဟာ 6.49-inch အရွယ်အစားမျက်နှာပြင်နဲ့ဖြစ်ပြီး Infinity V အမျိုးအစား ဖြစ်တာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။

ပေါက်ကြားလာတဲ့ သတင်းတွေအရ ကျောဘက်ကင်မရာသုံးလုံးဟာ 13MP f/1.9 အဓိကကင်မရာကို 8MP (120°, f/2.2 lens) ultra wide-angle ကင်မရာ၊ 5MP depth sensor ကင်မရာတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။ အရှေ့ဘက် Infinity V notch ထဲက Selfie ကင်မရာကတော့ 8MP ဖြစ်တယ်လို့ သိရပါတယ်။

Galaxy A20s ဟာ Snapdragon 450 SoC နဲ့ ထွက်လာဖွယ်ရှိပြီး ဒါဟာ eight Cortex-A53 cores ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် Exynos 7884 လောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်မှာမဟုတ်သလို GPU ပိုင်းမှာလည်း အနည်းငယ် အားနည်းမယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သိုလှောင်မှုနဲ့ မန်မိုရီပိုင်းမှာတော့ Galaxy A20s ကို ပိုပြီးတော့ မျှော်လင့်နိုင်တယ်လို့ သတင်းထွက်ထားပါတယ်။ 3/32GB အစား 4/64GB ကနေအစပြုလာနိုင်ပြီး microSD ကတ်နဲ့လည်း ထပ်ပြီး ချဲ့ထွင်နိုင်မယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 4,000 mAh ဖြစ်ပြီး 15W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Ref: GSM Arena