Samsung ကနေ မကြာခင်မှာ Mid Range A Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy A21s ကို မိတ်ဆက်သွားတေ့ာမှာပဲဖြစ်ပါတယ်။ အခုလည်း တရားဝင်မမိတ်ဆက်ခင်မှာ အဆိုပါ Galaxy A21s နဲ့ ပတ်သက်တဲ့စိတ်ဝင်စားဖွယ်သတင်းတစ်ခုထွက်ပေါ်လာပါတယ်။

အဲ့ဒါကတော့ Samsung Galaxy A21s ဟာ မမိတ်ဆက်ရသေးတဲ့ Samsung Exynos 850 Processor အသစ်ကို အသုံးပြုလာမှာဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ German Tech Blog တစ်ခုဖြစ်တဲ့ Winfuture.de ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Exynos 850 Processor ဟာ Octa-Core 2.0GHz အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

တခြားသော အချက်အလက်တွေအရတော့ အဆိုပါ Exynos 850 Processor ကို RAM 3GB နဲ့ Storage 32GB သို့မဟုတ် 64GB ဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့ကတော့ 6.5″ 1600×720 Pixels HD+ Display ကို အသုံးပြုထားမှာဖြစ်ပြီး 13MP Selfie Camera ကို Punch-hole အနေနဲ့ အသုံးပြုထားမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ကိုထည့်သွင်းပေးထားပြီး 48MP Primary Sensor နဲ့ 8MP Ultrawide Sensor တွေပါဝင်ဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ကိုမှ USB-C Charging အသုံးပြုလာမှာဖြစ်ပါတယ်။

အဆိုပါ Galaxy A21s စမတ်ဖုန်းဟာ လာမယ့်မေလကုန်ပိုင်းမှာစတင်မိတ်ဆက်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ €199 (မြန်မာငွေ ၃ သိန်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Ref – Gizmo China