Google အပါအဝင် ကုမ္ပဏီတိုင်းလိုလိုဟာ သူတို့ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေကို ပြုပြင်ထိန်းသိမ်းမှု လုပ်ရလေ့ရှိပါတယ်။ ဒီထဲမှာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung လည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စမတ်ဖုန်းတွေကို October Security patch တွေထုတ်ပေးဖို့ ပြင်ဆင်နေတာကိုလည်း တွေ့ရပါပြီ။

October 2020 Security patch ကို ပထမဆုံး ရရှိမယ့် စမတ်ဖုန်းကတော့ Galaxy A50 ဖြစ်လာပါတယ်။ Update ဟာ SM-A505FN အမျိုးအစားဟန်းဆက်ဆီကို ပို့ဆောင်ပေးထားတာကိုလည်း တွေ့ရပါတယ်။ Galaxy A50 ဟာ အသစ်ပြုပြင်မွမ်းမံလိုက်တဲ့ Galaxy A စီးရီးရဲ့ ပထမဆုံးထုတ်ကုန်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Galaxy A50 ကို ၂၀၁၉ ခုနှစ်အစောပိုင်းမှာ Android Pie အခြေခံ One UI နဲ့အတူ မိတ်ဆက်ခဲ့တာပါ။ ဒီနောက်မှာတော့ Android 10 ကို အခြေခံတဲ့ One UI 2.0 ဆီ အဆင့်မြှင့်တင်ခဲ့ပါတယ်။ Samsung ရဲ့ ဘက်ဂျက်ဟန်းဆက်အများစုလိုပဲ Galaxy A50 ကလည်း လစဉ်လုံခြုံရေးဆိုင်ရာ Update တွေကို သုံးလတစ်ကြိမ်ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီအမျိုးအစားထဲမှာ အခြားစမတ်ဖုန်းတွေ အများကြီးရှိနေပေမယ့် Galaxy A50 ကပဲ အောက်တိုဘာလအတွက် Security patch ကို အစောဆုံးရှိနေတာ ဖြစ်ပါတယ်။ SM-A505FN အတွက် Firmware update ဟာ A505FNNXXS5BTI9 နဲ့လာတာဖြစ်ပြီး အရွယ်အစားက 123MB ဖြစ်ပါတယ်။

Ref: Gizmochina