Samsung Galaxy A71s 5G UW စမတ်ဖုန်းဟာ FCC အတည်ပြုချက်ရယူခဲ့ကြောင်း တွေ့ရပါတယ်။ မော်ဒယ်နံပါတ် SM-A716V နဲ့ ဟန်းဆက်ဟာ အမေရိကန်စျေးကွက်မှာ Verizon သီးသန့်ရောင်းချမှာဖြစ်ပြီး ပုံမှန် A71 5G ဖုန်းပေါ်မှာ mmWave ထောက်ပံ့မှု ထပ်ပါလာပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီဟန်းဆက်ဟာ 151.7mm သာရှည်ပြီး 69.1mm အကျယ်ရှိပါတယ်။ Galaxy A71 5G တုန်းက 162.5 x 75.5mm ရှိတာကြောင့် အရွယ်အစားကွာခြားမှုက တော်တော်သိသာနေပြီး Galaxy A51 5G ဖုန်းတောင်မှ 158.9 x 73.6mm ထိ ရှိပါသေးတယ်။

Galaxy A71s 5G UW ဖုန်းဟာ mmWave Antenna နှစ်ခုပါဝင်ပြီး mmWave Band နှစ်ခု (n260, N261) ထောက်ပံ့ပေးကာ Sub-6 GHz Band သုံးခု (n2, n5, n66) တို့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ 5G စွမ်းဆောင်ရည်ဟာ Snapdragon 765G ချစ်ပ်ဆက်ကနေ လာတာပါ။

တရားဝင်မိတ်ဆက်ရက်ကို မကြေညာရသေးပေမယ့် Bluetooth SIG နဲ့ WiFi Alliance အပါအဝင် လိုအပ်တဲ့ အတည်ပြုချက်တွေတော့ ရယူခဲ့ပြီးပြီမို့ သိပ်မကြာလောက်တော့ပါဘူး။ မကြာခင်မှာ Galaxy A51 5G UW ကိုလည်း ထပ်မြင်ရမှာ ဖြစ်ပြီး အဆိုပါဖုန်းဟာ ရက်ပိုင်းကမှ Geekbench ပေါ်ရောက်လာခဲ့ပါတယ်။

Ref – GSMArena