[Zawgyi]

၂၀၁၈ ကုန္ခါနီးမွ ရုတ္တရက္ အရွိန္ျမင့္လာတဲ့ Camera-Hole Display ၿပိဳင္ပြဲမွာ ႏွာတစ္ဖ်ားအသာနဲ႔ ပထမဆုံး မိတ္ဆက္ႏုိင္ခဲ့တာကေတာ့ ေတာင္ကုိရီးယားအေျခစုိက္ Samsung ကုမၸဏီပါပဲ။ အဆုိပါ ဟန္းဆက္ ကေတာ့ Galaxy A8s လို႔ေခၚၿပီး လြန္ခဲ့တဲ့ ရက္အနည္းငယ္က တရားဝင္မိတ္ဆက္ခဲ့ကာ ယေန႔မွာ တရုတ္အြန္လိုင္းေရာင္းဆုိက္ေတြေပၚ ေရာက္လာၿပီျဖစ္ပါတယ္။ ေလာေလာဆယ္မွာ မန္မုိရီ ေရြးခ်ယ္မႈ တစ္မ်ဳိးထဲကိုပဲ ေတြ႕ရေသးၿပီး တန္ဖိုးကေတာ့ တရုတ္ယြမ္ ၂,၉၉၉ သုိ႔မဟုတ္ ေဒၚလာ ၄၅၀ ေအာက္သာ ရွိပါတယ္။

မိတ္ဆက္စဥ္က Samsung Galaxy A8s ကို မန္မုိရီ 6GB သုိ႔မဟုတ္ 8GB RAM ျဖင့္ ရရွိမယ္လို႔ ေၾကညာခဲ့ေပမယ့္ ေစ်းကြက္ထဲကိုေတာ့ 6GB ေမာ္ဒယ္က အရင္ဆုံး ေရာက္လာခဲ့ပါတယ္။ Storage ကေတာ့ ႏွစ္မ်ဳိးလုံး 128GB ပဲျဖစ္ကာ Micro-SD Slot တစ္ခုလည္း ပါဝင္တယ္။ Snapdragon 710 Chipset ကို အသုံးျပဳထားၿပီး Android Pie OS တစ္ပါတည္း သုံးစြဲႏုိင္မွာပါ။

ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးတြဲ ပါလာၿပီး iPhone X မွာ ထည့္ထားပုံနဲ႔ ဆင္တူတယ္။ ေရွ႕ဘက္ Selfie ကင္မရာက 24MP f/2.0 နဲ႔ပုိၿပီးအာရုံစုိက္ခ်င္စရာ ေကာင္းပါတယ္။ ဒါ့အျပင္ ဆယ္လ္ဖီကင္မရာေလးဟာ Infinity-O Display ရဲ႕ အေပၚေထာင့္မွာ အေပါက္ငယ္ေလးအျဖစ္သာ ပါဝင္လာတာ ျဖစ္တယ္။ Infinity Display ဟာ လာမယ့္ႏွစ္မွာ ျမင္ရမယ့္ Flagship စမတ္ဖုန္း Galaxy S10 မ်ဳိးဆက္ကိုလည္း ဆက္သယ္ေဆာင္လာဦးမွာ ျဖစ္တဲ့အတြက္ ယခုဒီဇုိင္းသစ္ကို လူေတြဘယ္လိုတုံ႔ျပန္မလဲ ဆုိတာ သိရဖုိ႔ A8s ရဲ႕ ေစ်းကြက္အေနအထားက အေရးပါပါတယ္။

ေလာေလာဆယ္မွာ တရုတ္ႏုိင္ငံအတြင္းမွာပဲ ရရွိႏုိင္ေသးၿပီး 8GB RAM ေမာ္ဒယ္ ေရာက္လာမယ့္ေန႔နဲ႔ ေစ်းႏႈန္းတုိ႔ကိုလည္း ေစာင့္ၾကည့္ရဦးမွာပါ။ ေလာေလာဆယ္ Galaxy A8s ကုိ Blue, Aurora Black နဲ႔ Alien Silver ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ရရွိႏုိင္မွာ ျဖစ္တယ္။

Ref – GSM Arena

[Unicode]

၂၀၁၈ ကုန်ခါနီးမှ ရုတ်တရက် အရှိန်မြင့်လာတဲ့ Camera-hole Display ပြိုင်ပွဲမှာ နှာတစ်ဖျားအသာနဲ့ ပထမဆုံး မိတ်ဆက်နိုင်ခဲ့တာကတော့ တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီပါပဲ။ အဆိုပါ ဟန်းဆက် ကတော့ Galaxy A8s လို့ခေါ်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က တရားဝင်မိတ်ဆက်ခဲ့ကာ ယနေ့မှာ တရုတ်အွန်လိုင်းရောင်းဆိုက်တွေပေါ် ရောက်လာပြီဖြစ်ပါတယ်။ လောလောဆယ်မှာ မန်မိုရီ ရွေးချယ်မှု တစ်မျိုးထဲကိုပဲ တွေ့ရသေးပြီး တန်ဖိုးကတော့ တရုတ်ယွမ် ၂,၉၉၉ သို့မဟုတ် ဒေါ်လာ ၄၅၀ အောက်သာ ရှိပါတယ်။

မိတ်ဆက်စဉ်က Samsung Galaxy A8s ကို မန်မိုရီ 6GB သို့မဟုတ် 8GB RAM ဖြင့် ရရှိမယ်လို့ ကြေညာခဲ့ပေမယ့် ဈေးကွက်ထဲကိုတော့ 6GB မော်ဒယ်က အရင်ဆုံး ရောက်လာခဲ့ပါတယ်။ Storage ကတော့ နှစ်မျိုးလုံး 128GB ပဲဖြစ်ကာ Micro-SD Slot တစ်ခုလည်း ပါဝင်တယ်။ Snapdragon 710 Chipset ကို အသုံးပြုထားပြီး Android Pie OS တစ်ပါတည်း သုံးစွဲနိုင်မှာပါ။

ကျောဘက်မှာတော့ ကင်မရာသုံးလုံးတွဲ ပါလာပြီး iPhone X မှာ ထည့်ထားပုံနဲ့ ဆင်တူတယ်။ ရှေ့ဘက် Selfie ကင်မရာက 24MP f/2.0 နဲ့ပိုပြီးအာရုံစိုက်ချင်စရာ ကောင်းပါတယ်။ ဒါ့အပြင် ဆယ်လ်ဖီကင်မရာလေးဟာ Infinity-O Display ရဲ့ အပေါ်ထောင့်မှာ အပေါက်ငယ်လေးအဖြစ်သာ ပါဝင်လာတာ ဖြစ်တယ်။ Infinity Display ဟာ လာမယ့်နှစ်မှာ မြင်ရမယ့် Flagship စမတ်ဖုန်း Galaxy S10 မျိုးဆက်ကိုလည်း ဆက်သယ်ဆောင်လာဦးမှာ ဖြစ်တဲ့အတွက် ယခုဒီဇိုင်းသစ်ကို လူတွေဘယ်လိုတုံ့ပြန်မလဲ ဆိုတာ သိရဖို့ A8s ရဲ့ ဈေးကွက်အနေအထားက အရေးပါပါတယ်။

လောလောဆယ်မှာ တရုတ်နိုင်ငံအတွင်းမှာပဲ ရရှိနိုင်သေးပြီး 8GB RAM မော်ဒယ် ရောက်လာမယ့်နေ့နဲ့ ဈေးနှုန်းတို့ကိုလည်း စောင့်ကြည့်ရဦးမှာပါ။ လောလောဆယ် Galaxy A8s ကို Blue, Aurora Black နဲ့ Alien Silver ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာ ဖြစ်တယ်။

Ref – GSM Arena