[Zawgyi]

Samsung ကေတာ့ မၾကာေသးခင္က Galaxy A9s နဲ႔ Galaxy A6s တို႔ကို မိတ္ဆက္ခဲ့ခ်ိန္မွာ လာေတာ့မယ့္ Galaxy A8s ေတြအေၾကာင္း သဲလြန္စနည္းနည္းေပးခဲ့ပါတယ္။ ေျပာခဲ့ပံုအရေတာ့ Galaxy A8s ေတြဟာ သူမတူတဲ့ Display Design နဲ႔ ထြက္လာမယ့္ပံုစံပါ။

ျပီးခဲ့တဲ့ တစ္ပတ္တုန္းကလည္း ဂ်ာမန္ဝဘ္ဆိုဒ္တစ္ခုကေန Galaxy A8s ျဖစ္လာမယ့္ဖုန္းရဲ႕ Concept ပံုတစ္ပံု ထြက္လာခဲ့ပါေသးတယ္။ ျပန္လည္ရွင္းတမ္းမွာေတာ့ ဒီ Concept Model က သူတို႔ရတဲ့သတင္းမွာပါတဲ့ Specification ေတြကို အေျခခံျပီး ဖန္တီးထားတဲ့ပံုျဖစ္တယ္လို႔ေတာ့ ေျပာထားပါတယ္။

အဲတာဆို သူတို႔ရခဲ့တဲ့ Specification အျပည့္အစံုကုိ ၾကည့္ၾကည့္ရေအာင္….

Display အတြက္ကေတာ့ Samsung ကပဲ ဒီဇုိင္းမိတ္ဆက္ခဲ့တဲ့ ဘယ္ဘက္ေထာင့္မွာ Selfie Camera အတြက္ အေပါက္ေလးပါတဲ့ Infinity-O Display ဒီဇိုင္းနဲ႔ပါ။ Display Size ကေတာ့ 6.39″ ရိွျပီး တရုတ္ Display ကုမၸဏီ BOE က ထုတ္လုပ္ထားတဲ့ LCD Screen ကို သံုးထားပါတယ္။

Snapdragon 710 Chipset  နဲ႔ RAM 6GB ဆိုတာကေတာ့ ဒီဖုန္းအတြက္ အားသာခ်က္တစ္ခုလို႔ ေျပာရမွာပါပဲ။ Storage ကေတာ့ 128GB နဲ႔လာျပီး MicroSD ကဒ္ကို 512GB ထိ ထပ္ခ်ဲ႔လို႔ရမွာျဖစ္ပါတယ္။ Battery ကေတာ့ 3400mAh လို႔ ေဖာ္ျပထားပါတယ္။

ေက်ာဘက္မွာေတာ့ 25MP+5MP+10MP ဆိုျပီး ကင္မရာ ၃လံုးနဲ႔လာျပီးေတာ့ ဘာ Lens ေတြျဖစ္တယ္ Aperture ဘယ္ေလာက္ဆိုတာကိုေတာ့ ေဖာ္ျပမထားေသးပါဘူး။ ေရွ႕ဘက္မွာေတာ့ Galaxy A7 (2018) လို 24MP Selfie Camera ျဖစ္ျပီးေတာ့ ခုနကအခ်င္း 6.7mm ရိွတဲ့ အေပါက္ေလးထဲမွာ ရိွေနမွာျဖစ္ပါတယ္။

Size ကေတာ့ 159.11 x 74.88 x 7.38mm ရိွျပီး လာမယ့္ ဇန္နဝါရီက်ရင္ေတာ့ အနက္မီးခိုးေရာင္ေျပးဒီဇုိင္းနဲ႔ လာမယ္လို႔ထင္ပါတယ္။ ေစ်းႏႈန္းနဲ႔ ဘယ္အခ်ိန္မွာ ရႏုိင္ေတာ့မလဲဆိုတာကေတာ့ ခုထိ လွ်ိဳ႕ဝွက္ထားဆဲပါပဲ။

ခုသိရသေလာက္ Specs ေတြအရ Galaxy A8s က စိတ္တုိင္းက်စရာ ဖုန္းတစ္လံုး ျဖစ္ေလာက္မယ္လို႔ ထင္ပါသလား?

Ref: GizmoChina

[Unicode]

Samsung ကတော့ မကြာသေးခင်က Galaxy A9s နဲ့ Galaxy A6s တို့ကို မိတ်ဆက်ခဲ့ချိန်မှာ လာတော့မယ့် Galaxy A8s တွေအကြောင်း သဲလွန်စနည်းနည်းပေးခဲ့ပါတယ်။ ပြောခဲ့ပုံအရတော့ Galaxy A8s တွေဟာ သူမတူတဲ့ Display Design နဲ့ ထွက်လာမယ့်ပုံစံပါ။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း ဂျာမန်ဝဘ်ဆိုဒ်တစ်ခုကနေ Galaxy A8s ဖြစ်လာမယ့်ဖုန်းရဲ့ Concept ပုံတစ်ပုံ ထွက်လာခဲ့ပါသေးတယ်။ ပြန်လည်ရှင်းတမ်းမှာတော့ ဒီ Concept Model က သူတို့ရတဲ့သတင်းမှာပါတဲ့ Specification တွေကို အခြေခံပြီး ဖန်တီးထားတဲ့ပုံဖြစ်တယ်လို့တော့ ပြောထားပါတယ်။

အဲတာဆို သူတို့ရခဲ့တဲ့ Specification အပြည့်အစုံကို ကြည့်ကြည့်ရအောင်….

Display အတွက်ကတော့ Samsung ကပဲ ဒီဇိုင်းမိတ်ဆက်ခဲ့တဲ့ ဘယ်ဘက်ထောင့်မှာ Selfie Camera အတွက် အပေါက်လေးပါတဲ့ Infinity-O Display ဒီဇိုင်းနဲ့ပါ။ Display Size ကတော့ 6.39″ ရှိပြီး တရုတ် Display ကုမ္ပဏီ BOE က ထုတ်လုပ်ထားတဲ့ LCD Screen ကို သုံးထားပါတယ်။

Snapdragon 710 Chipset  နဲ့ RAM 6GB ဆိုတာကတော့ ဒီဖုန်းအတွက် အားသာချက်တစ်ခုလို့ ပြောရမှာပါပဲ။ Storage ကတော့ 128GB နဲ့လာပြီး MicroSD ကဒ်ကို 512GB ထိ ထပ်ချဲ့လို့ရမှာဖြစ်ပါတယ်။ Battery ကတော့ 3400mAh လို့ ဖော်ပြထားပါတယ်။

ကျောဘက်မှာတော့ 25MP+5MP+10MP ဆိုပြီး ကင်မရာ ၃လုံးနဲ့လာပြီးတော့ ဘာ Lens တွေဖြစ်တယ် Aperture ဘယ်လောက်ဆိုတာကိုတော့ ဖော်ပြမထားသေးပါဘူး။ ရှေ့ဘက်မှာတော့ Galaxy A7 (2018) လို 24MP Selfie Camera ဖြစ်ပြီးတော့ ခုနကအချင်း 6.7mm ရှိတဲ့ အပေါက်လေးထဲမှာ ရှိနေမှာဖြစ်ပါတယ်။

Size ကတော့ 159.11 x 74.88 x 7.38mm ရှိပြီး လာမယ့် ဇန်နဝါရီကျရင်တော့ အနက်မီးခိုးရောင်ပြေးဒီဇိုင်းနဲ့ လာမယ်လို့ထင်ပါတယ်။ ဈေးနှုန်းနဲ့ ဘယ်အချိန်မှာ ရနိုင်တော့မလဲဆိုတာကတော့ ခုထိ လျှို့ဝှက်ထားဆဲပါပဲ။

ခုသိရသလောက် Specs တွေအရ Galaxy A8s က စိတ်တိုင်းကျစရာ ဖုန်းတစ်လုံး ဖြစ်လောက်မယ်လို့ ထင်ပါသလား?

Ref: GizmoChina