[Zawgyi]

Samsung ရဲ႕ Displayနည္းပညာက ေနာင္ဘယ္လိုျဖစ္လာမလဲဆိုတာ နည္းနည္းေတာ့ခန္႔မွန္းရခက္ပါတယ္။ အားလံုးေစာင့္ေမွ်ာ္ခဲ့ၾကတဲ့ Infinity Flex Display ကိုတရားဝင္ခ်ျပတဲ့ေန႔မွာပဲ Infinity-U, Infinity-V, Infinity-O နဲ႔ New Infinity ဆိုျပီး Display ဒီဇုိင္း၄ခုကိုပါ ေနာက္ထပ္ျပသြားခဲ့ပါတယ္။

ခုေနာက္ဆံုးထြက္လာတဲ့သတင္းမွာေတာ့ Samsung Galaxy A8 မွာ “Infinity-O Design” Displayနဲ႔လာမွာျဖစ္ျပီး ကင္မရာေနရာကေတာ့ ထိပ္ဖက္ေထာင့္ေလးမွာပါ။

ထြက္လာတာကေတာ့ မွန္ကပ္ရဲ႕ဒီဇုိင္းျဖစ္ႏုိင္ျပီး ေနာက္လာမယ့္ Samsung ဖုန္းေတြမွာ “Display” အေပါက္တစ္ေပါက္နဲ႔ လာေတာ့မယ့္ပံုပါပဲ။ Galaxy S Flagship ဖုန္းေတြထြက္လာေတာ့မွာဆိုေတာ့ လာမယ့္ S Series ဖုနး္ေတြမ်ား Display အေပါက္နဲ႔ျဖစ္လာႏုိင္မလား?

ဒါေပမယ့္ S Series ေတြတင္မဟုတ္ေသးပါဘူး A8s ေတြလည္း ထြက္လာဖို႔သတင္းေလးေတြ ၾကားေနေတာ့ လာမယ့္ A8s ေတြက “Display Hole” ကို ပထမဆံုးသံုးမယ့္ဖုန္းေတြ ျဖစ္လာႏုိင္ပါတယ္။

Galaxy A8s ေတြနဲ႔ပတ္သတ္ျပီးေတာ့ ၾကားရသေလာက္ကေတာ့ Snapdragon 660 သံုးထားမယ္လို႔ဆိုေပမယ့္ တစ္ခ်ိဳ႕လည္း SD 670, SD675 ျဖစ္ျဖစ္သံုးလာႏုိင္တယ္ဆိုထားပါတယ္။ RAM ကေတာ့ 6GB, Internal Storage 128GB နဲ႔ထြက္လာမယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္မွာလည္း  ကင္မရာ ၃လံုးဆိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ထားတဲ့ Galaxy A7 ေတြနဲ႔ ေတာ္ေတာ္မ်ား တူေနမလားလို႔ေတာ့ စိတ္ပူမိပါတယ္။ ဘယ္လိုပဲေနေန ထြက္လာမွပဲ သိရမွာဆိုေတာ့ ထြက္မယ့္အခ်ိန္ကို ေစာင့္ဆိုင္းရျပန္ပါဦးမယ္..

Ref: GizmoChina

[Unicode]
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။Samsung ရဲ့ Displayနည်းပညာက နောင်ဘယ်လိုဖြစ်လာမလဲဆိုတာ နည်းနည်းတော့ခန့်မှန်းရခက်ပါတယ်။ အားလုံးစောင့်မျှော်ခဲ့ကြတဲ့ Infinity Flex Display ကိုတရားဝင်ချပြတဲ့နေ့မှာပဲ Infinity-U, Infinity-V, Infinity-O နဲ့ New Infinity ဆိုပြီး Display ဒီဇိုင်း၄ခုကိုပါ နောက်ထပ်ပြသွားခဲ့ပါတယ်။

ခုနောက်ဆုံးထွက်လာတဲ့သတင်းမှာတော့ Samsung Galaxy A8 မှာ “Infinity-O Design” Displayနဲ့လာမှာဖြစ်ပြီး ကင်မရာနေရာကတော့ ထိပ်ဖက်ထောင့်လေးမှာပါ။

ထွက်လာတာကတော့ မှန်ကပ်ရဲ့ဒီဇိုင်းဖြစ်နိုင်ပြီး နောက်လာမယ့် Samsung ဖုန်းတွေမှာ “Display” အပေါက်တစ်ပေါက်နဲ့ လာတော့မယ့်ပုံပါပဲ။ Galaxy S Flagship ဖုန်းတွေထွက်လာတော့မှာဆိုတော့ လာမယ့် S Series ဖုန်းတွေများ Display အပေါက်နဲ့ဖြစ်လာနိုင်မလား?

ဒါပေမယ့် S Series တွေတင်မဟုတ်သေးပါဘူး A8s တွေလည်း ထွက်လာဖို့သတင်းလေးတွေ ကြားနေတော့ လာမယ့် A8s တွေက “Display Hole” ကို ပထမဆုံးသုံးမယ့်ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။

Galaxy A8s တွေနဲ့ပတ်သတ်ပြီးတော့ ကြားရသလောက်ကတော့ Snapdragon 660 သုံးထားမယ်လို့ဆိုပေမယ့် တစ်ချို့လည်း SD 670, SD675 ဖြစ်ဖြစ်သုံးလာနိုင်တယ်ဆိုထားပါတယ်။ RAM ကတော့ 6GB, Internal Storage 128GB နဲ့ထွက်လာမယ်လို့ သိရပါတယ်။

နောက်ကျောဘက်မှာလည်း  ကင်မရာ ၃လုံးဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Galaxy A7 တွေနဲ့ တော်တော်များ တူနေမလားလို့တော့ စိတ်ပူမိပါတယ်။ ဘယ်လိုပဲနေနေ ထွက်လာမှပဲ သိရမှာဆိုတော့ ထွက်မယ့်အချိန်ကို စောင့်ဆိုင်းရပြန်ပါဦးမယ်..

Ref: GizmoChina