[Zawgyi]

Samsung Galaxy A90 နဲ႔ ပတ္သတ္တဲ့ ေကာေလဟသတင္းေတြဟာ လြန္ခဲ့တဲ့ ရက္ပိုင္းေတြကတည္းက ထြက္ေပၚေနတာ ျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ၾကားသိထားရတဲ့ သတင္းေတြအရဆိုရင္ Galaxy A90 ဟာ Pop-up Camera နဲ႔ ပြဲထြက္လာမွာပါ။ ဒါ့ေၾကာင့္ Galaxy A90 မွာ Notch ပါဝင္လာမွာ မဟုတ္သလို Infinity-O Display အမ်ိဴးအစားကိုလည္း အသုံးျပဳထားမွာ မဟုတ္ပါဘူး။

ဒီေန႔မွာေတာ့ Samsung အင္ဒိုနီးရွား ဝက္ဆိုက္ရဲ႕ ေပါ့ဆမႈ႕ေၾကာင့္ Galaxy A90 မွာ Pop-up Camera အသုံးျပဳထားမယ္ဆိုတာကို အတည္ျပဳေပးလိုက္သလို ျဖစ္သြားပါၿပီ။ Samsung အင္ဒိုနီးရွားဟာ Galaxy A30 နဲ႔ A50 ေၾကာ္ျငာေတြရဲ႕ ေအာက္မွာ မွတ္ခ်က္အေနနဲ႔ Notchless Infinity Screen ကို Galaxy A90 မွာသာ ျမင္ေတြ႕ရမွာျဖစ္ေၾကာင္း ေဖာ္ျပမိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ေဖာ္ျပခ်က္ကို Samsung အင္ဒိုနီးရွားဘက္က ျပန္လည္ျဖဳတ္ခ်ခဲ့ေပမယ့္ သက္ေသကေတာ့ Googleusercontent ရဲ႕ Webcache ေတြထဲမွာ က်န္ရွိေနဆဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Galaxy A90 မွာ Notchless Infinity Display ကို အသုံးျပဳထားမွာျဖစ္တဲ့အတြက္ Selfie Camera ကို Pop-up အျဖစ္ အသုံးျပဳထားမယ္ဆိုတာ ေသခ်ာသေလာက္ ျဖစ္သြားပါၿပီ။

တစ္ဖက္မွာလည္း Galaxy A90 ဟာ Sliding, Rotating လုပ္လို႔ရတဲ့ 48MP Pop-up Camera ကို အသုံးျပဳထားမယ္လို႔ ခန္႔မွန္းေျပာဆိုေနၾကပါေသးတယ္။ ဆိုလိုတာက Galaxy A90 မွာ Rear Camera နဲ႔ Front Camera အတြက္ 48MP Camera တစ္လုံးတည္း ပါဝင္မွာျဖစ္ၿပီး၊ ေရွ႕/ေနာက္လွည့္ၿပီး ႐ိုက္လို႔ရေအာင္ ျပဳလုပ္ေပးထားမွာ ျဖစ္ပါတယ္။ ခန္႔မွန္းေျပာဆိုထားၾကတဲ့အတိုင္း တကယ္ ဟုတ္၊ မဟုတ္ဆိုတာကိုေတာ့ လာမယ့္ ဧၿပီလ ၁၀ေန႔မွာ က်င္းပမယ့္ မ်ိဴးဆက္သစ္ Galaxy မိတ္ဆက္ပြဲကို ေစာင့္ေမွ်ာ္ရွဴ႕စား အားေပးရမွာပါ။

Ref : Sammobile

[Unicode]

Galaxy A90 ဟာ Notchless Infinity Display ကို ပထမဦးဆုံး အသုံးပြုမယ့် A စီးရီး စမတ်ဖုန်း ဖြစ်လာမည်

Samsung Galaxy A90 နဲ့ ပတ်သတ်တဲ့ ကောလေဟသတင်းတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ကြားသိထားရတဲ့ သတင်းတွေအရဆိုရင် Galaxy A90 ဟာ Pop-up Camera နဲ့ ပွဲထွက်လာမှာပါ။ ဒါ့ကြောင့် Galaxy A90 မှာ Notch ပါဝင်လာမှာ မဟုတ်သလို Infinity-O Display အမျိူးအစားကိုလည်း အသုံးပြုထားမှာ မဟုတ်ပါဘူး။

ဒီနေ့မှာတော့ Samsung အင်ဒိုနီးရှား ဝက်ဆိုက်ရဲ့ ပေါ့ဆမှု့ကြောင့် Galaxy A90 မှာ Pop-up Camera အသုံးပြုထားမယ်ဆိုတာကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပါပြီ။ Samsung အင်ဒိုနီးရှားဟာ Galaxy A30 နဲ့ A50 ကြော်ငြာတွေရဲ့ အောက်မှာ မှတ်ချက်အနေနဲ့ Notchless Infinity Screen ကို Galaxy A90 မှာသာ မြင်တွေ့ရမှာဖြစ်ကြောင်း ဖော်ပြမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖော်ပြချက်ကို Samsung အင်ဒိုနီးရှားဘက်က ပြန်လည်ဖြုတ်ချခဲ့ပေမယ့် သက်သေကတော့ Googleusercontent ရဲ့ Webcache တွေထဲမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Galaxy A90 မှာ Notchless Infinity Display ကို အသုံးပြုထားမှာဖြစ်တဲ့အတွက် Selfie Camera ကို Pop-up အဖြစ် အသုံးပြုထားမယ်ဆိုတာ သေချာသလောက် ဖြစ်သွားပါပြီ။

တစ်ဖက်မှာလည်း Galaxy A90 ဟာ Sliding, Rotating လုပ်လို့ရတဲ့ 48MP Pop-up Camera ကို အသုံးပြုထားမယ်လို့ ခန့်မှန်းပြောဆိုနေကြပါသေးတယ်။ ဆိုလိုတာက Galaxy A90 မှာ Rear Camera နဲ့ Front Camera အတွက် 48MP Camera တစ်လုံးတည်း ပါဝင်မှာဖြစ်ပြီး၊ ရှေ့/နောက်လှည့်ပြီး ရိုက်လို့ရအောင် ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။ ခန့်မှန်းပြောဆိုထားကြတဲ့အတိုင်း တကယ် ဟုတ်၊ မဟုတ်ဆိုတာကိုတော့ လာမယ့် ဧပြီလ ၁၀နေ့မှာ ကျင်းပမယ့် မျိူးဆက်သစ် Galaxy မိတ်ဆက်ပွဲကို စောင့်မျှော်ရှူ့စား အားပေးရမှာပါ။

Ref : Sammobile