[Zawgyi]

မၾကာခင္ထြက္လာမယ့္ Samsung Galaxy A90 ဟန္းဆက္ဟာ သာမာန္ထက္ပိုႀကီးတဲ့ မ်က္ႏွာျပင္ အခ်ဳိးအစားကို ပုိင္ဆုိင္မွာျဖစ္ၿပီး Display အရြယ္အစားက 6.73” လက္မေတာင္ ရွိမယ္လို႔ အင္တာနက္ေပၚက သတင္းရင္းျမစ္တစ္ခုက ဆုိပါတယ္။ ေရွ႕ရက္က ေၾကျငာထားသလိုပဲ ဒီဖုန္းဟာ Notch မပါတဲ့ Display ျဖစ္ရုံသာမက ကင္မရာအတြက္ Punch-hole လည္း မပါလာဘဲ ဆယ္ဖီအတြက္ Pop-up ကင္မရာကို အသုံးျပဳမယ့္ ပထမဆုံး Samsung Galaxy ဖုန္း ျဖစ္လာႏုိင္ေခ်ရွိေနပါတယ္။

Screen ရဲ႕ေဘးမွာ အလြန္ပါးလႊာတဲ့ Bezel ေတြကိုျမင္ရၿပီး ေဘးဘက္မွာ 1.2mm နဲ႔ ေအာက္ဘက္မွာ 3.6mm အသီးသီး ရွိပါတယ္။ ဒီဖုန္းကို သူ႕လိုပဲ Display အရြယ္အစား 6.7” လက္မရွိတဲ့ Galaxy S10 5G ဖုန္းနဲ႔ ႏႈိင္းယွဥ္ၾကည့္ရမွာပါ။ Galaxy S10 5G စမတ္ဖုန္းမွာေတာ့ ေရွ႕ဘက္မ်က္ႏွာျပင္ေပၚမွာ ကင္မရာသုံးလုံးစာ Punch-hole ပါဝင္ပါတယ္။

ဒါ့အျပင္ 5G Flagship မွာပါဝင္တဲ့ 25W အားအျမန္သြင္းစနစ္ကိုလည္း Galaxy A90 မွာေတြ႕ရမယ္လို႔ ဆုိၿပီး အျခား S10 LTE ဟန္းဆက္ေတြကေတာ့ 18W ထိသာ ပါဝင္မွာပါ။ အရင္ကထြက္ထားတဲ့ သတင္းအရ A90 မွာ 3,610 mAh ပမာဏ ဘကၳရီပါဝင္မွာျဖစ္ပါတယ္။

ေနာက္ထပ္ထူးျခားတဲ့ သတင္းတစ္ခုကေတာ့ ဒီဖုန္းကို ေလာေလာဆယ္ A90 လို႔ ေခၚေဝၚေနၾကေပမယ့္ တကယ္တမ္းထြက္လာခ်ိန္မွာ Galaxy A80 ဆုိတဲ့အမည္နဲ႔ ထြက္လာမယ္လို႔လည္း သတင္းထြက္လာခဲ့ပါတယ္။

Ref – GSM Arena

[Unicode]

မကြာခင်ထွက်လာမယ့် Samsung Galaxy A90 ဟန်းဆက်ဟာ သာမာန်ထက်ပိုကြီးတဲ့ မျက်နှာပြင် အချိုးအစားကို ပိုင်ဆိုင်မှာဖြစ်ပြီး Display အရွယ်အစားက 6.73” လက်မတောင် ရှိမယ်လို့ အင်တာနက်ပေါ်က သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ ရှေ့ရက်က ကြေငြာထားသလိုပဲ ဒီဖုန်းဟာ Notch မပါတဲ့ Display ဖြစ်ရုံသာမက ကင်မရာအတွက် Punch-hole လည်း မပါလာဘဲ ဆယ်ဖီအတွက် Pop-up ကင်မရာကို အသုံးပြုမယ့် ပထမဆုံး Samsung Galaxy ဖုန်း ဖြစ်လာနိုင်ချေရှိနေပါတယ်။

Screen ရဲ့ဘေးမှာ အလွန်ပါးလွှာတဲ့ Bezel တွေကိုမြင်ရပြီး ဘေးဘက်မှာ 1.2mm နဲ့ အောက်ဘက်မှာ 3.6mm အသီးသီး ရှိပါတယ်။ ဒီဖုန်းကို သူ့လိုပဲ Display အရွယ်အစား 6.7” လက်မရှိတဲ့ Galaxy S10 5G ဖုန်းနဲ့ နှိုင်းယှဉ်ကြည့်ရမှာပါ။ Galaxy S10 5G စမတ်ဖုန်းမှာတော့ ရှေ့ဘက်မျက်နှာပြင်ပေါ်မှာ ကင်မရာသုံးလုံးစာ Punch-hole ပါဝင်ပါတယ်။

ဒါ့အပြင် 5G Flagship မှာပါဝင်တဲ့ 25W အားအမြန်သွင်းစနစ်ကိုလည်း Galaxy A90 မှာတွေ့ရမယ်လို့ ဆိုပြီး အခြား S10 LTE ဟန်းဆက်တွေကတော့ 18W ထိသာ ပါဝင်မှာပါ။ အရင်ကထွက်ထားတဲ့ သတင်းအရ A90 မှာ 3,610 mAh ပမာဏ ဘက္ထရီပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားတဲ့ သတင်းတစ်ခုကတော့ ဒီဖုန်းကို လောလောဆယ် A90 လို့ ခေါ်ဝေါ်နေကြပေမယ့် တကယ်တမ်းထွက်လာချိန်မှာ Galaxy A80 ဆိုတဲ့အမည်နဲ့ ထွက်လာမယ်လို့လည်း သတင်းထွက်လာခဲ့ပါတယ်။

Ref – GSM Arena