Samsung ကနေ Camera ဦးစားပေး Galaxy F Series ကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေတာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတေ့ာ Samsung က India စျေးကွက်အတွက် Galaxy F41 စမတ်ဖုန်းအသစ်ကို တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။

Samsung Galaxy F41 စမတ်ဖုန်းဟာ Mid Range စျေးကွက်ကို ရည်ရွယ်ထားပြီးတော့ လက်ရှိ Galaxy M31 လိုမျိုး အောင်မြင်တဲ့စမတ်ဖုန်းထက်တောင် စျေးပိုသက်သာနေတာဖြစ်ပါတယ်။ Display ပိုင်းအနေနဲ့ကတော့ 6.4″ Full HD+ Super AMOLED Display ကို သုံးစွဲထားပြီး Color Accuracy အနေနဲ့ 110% NTSC Color Gamut ၊ Maximum 420 Nits Brightness ရှိမယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Exynos 9611 Chipset ကို အသုံးပြုထားပြီး RAM 6GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 64GB သို့မဟုတ် 128GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ MicroSD Card Slot လည်း သီးသန့်ပါဝင်တဲ့အတွက် Storage မလောက်ရင် ထပ်ပြီးတိုးချဲ့နိုင်ဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 5MP Live Focus Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းဦးစားပေးထားတဲ့အတွက် လက်ရှိ Samsung Flagship ဖုန်းတွေမှာပဲ ပါဝင်တဲ့ Single Take လိုမျိုး Feature တွေ၊ Filter မျိုးစုံကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 32MP Sensor ကို Waterdrop Notch အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။

Video ပိုင်းမှာလည်း 4K Video Recording အပြင် Hyperlapse နဲ့ Boomerang လိုမျိုး Mode တွေပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ ကြီးမားတဲ့ 6000mAh Battery ကိုထည့်သွင်းထားပါတယ်။ ဒါပေမယ့်လည်း 15W Charging ကိုပဲ Support ပြုလုပ်တဲ့အတွက် 0-100% ပြည့်ဖို့အတွက် ၂ နာရီ မိနစ် ၄၀ ခန့်အားသွင်းရမှာပါ။ Fingerprint Sensor ကိုတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာတပ်ဆင်ပေးထားပါတယ်။

Samsung Galaxy F41 စမတ်ဖုန်းဟာ India နိုင်ငံမှာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး 64GB Version ကို INR 17,000 (မြန်မာငွေ ၂ သိန်း ၉ သောင်းဝန်းကျင်) နဲ့ 128GB Version ကို INR 18,000 (မြန်မာငွေ ၃ သိန်း ၁ သောင်းဝန်းကျင်) အသီးသီးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

Ref – GSM Arena