[Zawgyi]

အခုတေလာမွာ အရမ္းလူေျပာမ်ားလာတဲ့ Samsung ရဲ႕ Device ေလးတစ္ခုရိွပါတယ္။ အဲတာကေတာ့ စမတ္က်ျပီး Premium ဆန္တဲ့ဒီဇုိင္းေၾကာင့္ နာမည္ၾကီးေနတဲ့ Samsung Galaxy Fit ေလးေတြပါပဲ။

အခုေတာ့ Galaxy Fit ေလးနဲ႔ သူ႔ရဲ႕ Feature ေတြ ဘာေတြလုပ္ေပးႏုိင္လဲဆိုတာေတြကို ေဖာ္ျပေပးသြားမွာပါ။

Design

ဒီဇုိင္းက အရမ္းမဆန္းဘဲ တစ္ခုခုနဲ႔သြားတူေနတယ္ဆိုေပမယ့္ Premium ပိုဆန္တာေတာ့ လက္ခံရမယ့္အခ်က္ပါပဲ။

ကိုယ့္ရဲ႕လက္က Fitness Band မွာ ကိုယ့္က်န္းမာေရး၊ ခႏၶာကုိယ္နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို အျမဲတမ္းၾကည့္ေနရမွာျဖစ္လို႔ Band ရဲ႕ Display ကို Resolution ျမင့္တဲ့ AMOLED Display သံုးေပးထားပါတယ္။

အၾကမ္းခံျပီး ပိုေပါ့ပါးတဲ့ပစၥည္းေတြနဲ႔ ျပဳလုပ္ဖန္တီးထားတဲ့အတြက္ေၾကာင့္ လက္မွာတစ္ခုခုပတ္ထားလို႔ စိတ္ရႈပ္တတ္သူေတြကလြဲရင္ က်န္တဲ့သူေတာ္ေတာ္မ်ားမ်ားနဲ႔ အဆင္ေျပႏုိင္မယ္ထင္ပါတယ္။

Performance

ေန႔စဥ္ ေလ့က်င့္ခန္းလုပ္ရင္းပတ္ထားတာေတာင္ နာရီေပါင္းေျမာက္မ်ားစြာ အားခံျပီး ျမန္ျမန္အားကုန္သြားမယ့္ကိစၥ ခဏခဏအားသြင္းရမယ့္ ဒုကၡေတာ့ ေဝးသြားမွာပါ။ ဘက္ထရီကေတာ့ 120mAh ဘက္ထရီကိုသံုးထားတာျဖစ္ပါတယ္။

Water Resistance 5ATM ျဖစ္တာေၾကာင့္ မိုးရြာထဲသြားသြား၊ ေရထဲဆင္းဆင္း၊ ဖုန္ပဲထူထူ ေအးေဆးအသံုးျပဳႏုိင္ပါလိမ့္မယ္။

Life Style

ကိုယ့္ရဲ႕ ႏွလံုးခုန္ႏႈန္းကိုတုိင္းတာေပးႏုိင္ျပီး သတ္မွတ္ထားတဲ့ေသြးခုန္ႏႈန္းထက္ ျမင့္လာျပီဆိုရင္ အသိေပးမွာျဖစ္ပါတယ္။ Fitness Tracker သက္သက္တင္မဟုတ္ဘဲ ဝင္လာတဲ့မက္ေဆ့ခ်္ေတြကို ၾကိဳသိမ္းထားတဲ့ Preset Message ေတြနဲ႔ စာျပန္ႏုိင္မွာ ျဖစ္ပါတယ္။

ဖုန္းမွာ Do Not Disturb Setting ကို On ထားရင္ Galaxy Fit မွာပါ အတူတူအလုပ္လုပ္သြားမွာပါ။ ႏုိင္ငံျခားေတြ ခရီးသြားျဖစ္တဲ့အခါမွာလည္း တျခားႏုိင္ငံေရာက္တာနဲ႔ Time Zone အသစ္ရဲ႕ နာရီကို Display မွာ ေျပာင္းဖို႔ အၾကံျပဳေပးပါလိမ့္မယ္။

Health

က်န္းမာေရးအတြက္ကေတာ့ Activity ၆မ်ိဳးကို ေအာ္တုိေျခရာခံေနမွာျဖစ္ျပီး Samsung Health Mobile App နဲ႔ တြဲသံုးရမွာ ျဖစ္ပါတယ္။

Auto Sleep Tracking လည္း ပါတာေၾကာင့္ အိပ္တဲ့အဆင့္ ၄ဆင့္လံုးကို ေသခ်ာစိစစ္ေပးႏုိင္မွာပါ။

ေတာ္ေတာ္မိုက္တာကေတာ့ Stress Level ကို တိုင္းတာေပးႏုိင္တာပါပဲ။ Stress ေတြအရမ္းမ်ားေနျပီလို႔ ထင္တယ္ဆိုရင္ Galaxy Fit မွာ Stress Level ကိုတိုင္းတာျပီး သူလုပ္ခိုင္းတဲ့ အသက္ရွဴေလ့က်င့္ခန္းအတုိင္းလုပ္ရင္း Stress ေတြ ေလွ်ာ့ခ်ေပးႏုိင္မွာပါ။

အေရာင္ကေတာ့ အနက္နဲ႔ အျဖဴ ၾကိဳးအေရာင္ ၂မ်ိဳးနဲ႔ထြက္ရိွထားပါတယ္။ က်န္းမာေရးလုိက္စားမႈကို ပံ့ပိုးေပးဖို႔ၾကိဳးစားလာၾကတဲ့ နည္းပညာကုမၸဏီေတြလည္း မ်ားလာျပီဆိုေတာ့ သင္သာက်န္းမာေရးလိုက္စားသူတစ္ေယာက္ဆိုရင္ Fitness Band ေကာင္းေကာင္းတစ္ခုေတာ့ ဝယ္ထားသင့္တယ္လို႔ ထင္ပါတယ္။

Source: Samsung Global

[Unicode]

အခုတလောမှာ အရမ်းလူပြောများလာတဲ့ Samsung ရဲ့ Device လေးတစ်ခုရှိပါတယ်။ အဲတာကတော့ စမတ်ကျပြီး Premium ဆန်တဲ့ဒီဇိုင်းကြောင့် နာမည်ကြီးနေတဲ့ Samsung Galaxy Fit လေးတွေပါပဲ။

အခုတော့ Galaxy Fit လေးနဲ့ သူ့ရဲ့ Feature တွေ ဘာတွေလုပ်ပေးနိုင်လဲဆိုတာတွေကို ဖော်ပြပေးသွားမှာပါ။

Design

ဒီဇိုင်းက အရမ်းမဆန်းဘဲ တစ်ခုခုနဲ့သွားတူနေတယ်ဆိုပေမယ့် Premium ပိုဆန်တာတော့ လက်ခံရမယ့်အချက်ပါပဲ။

ကိုယ့်ရဲ့လက်က Fitness Band မှာ ကိုယ့်ကျန်းမာရေး၊ ခန္ဓာကိုယ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို အမြဲတမ်းကြည့်နေရမှာဖြစ်လို့ Band ရဲ့ Display ကို Resolution မြင့်တဲ့ AMOLED Display သုံးပေးထားပါတယ်။

အကြမ်းခံပြီး ပိုပေါ့ပါးတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ဖန်တီးထားတဲ့အတွက်ကြောင့် လက်မှာတစ်ခုခုပတ်ထားလို့ စိတ်ရှုပ်တတ်သူတွေကလွဲရင် ကျန်တဲ့သူတော်တော်များများနဲ့ အဆင်ပြေနိုင်မယ်ထင်ပါတယ်။

Performance

နေ့စဉ် လေ့ကျင့်ခန်းလုပ်ရင်းပတ်ထားတာတောင် နာရီပေါင်းမြောက်များစွာ အားခံပြီး မြန်မြန်အားကုန်သွားမယ့်ကိစ္စ ခဏခဏအားသွင်းရမယ့် ဒုက္ခတော့ ဝေးသွားမှာပါ။ ဘက်ထရီကတော့ 120mAh ဘက်ထရီကိုသုံးထားတာဖြစ်ပါတယ်။

Water Resistance 5ATM ဖြစ်တာကြောင့် မိုးရွာထဲသွားသွား၊ ရေထဲဆင်းဆင်း၊ ဖုန်ပဲထူထူ အေးဆေးအသုံးပြုနိုင်ပါလိမ့်မယ်။

Life Style

ကိုယ့်ရဲ့ နှလုံးခုန်နှုန်းကိုတိုင်းတာပေးနိုင်ပြီး သတ်မှတ်ထားတဲ့သွေးခုန်နှုန်းထက် မြင့်လာပြီဆိုရင် အသိပေးမှာဖြစ်ပါတယ်။ Fitness Tracker သက်သက်တင်မဟုတ်ဘဲ ဝင်လာတဲ့မက်ဆေ့ချ်တွေကို ကြိုသိမ်းထားတဲ့ Preset Message တွေနဲ့ စာပြန်နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းမှာ Do Not Disturb Setting ကို On ထားရင် Galaxy Fit မှာပါ အတူတူအလုပ်လုပ်သွားမှာပါ။ နိုင်ငံခြားတွေ ခရီးသွားဖြစ်တဲ့အခါမှာလည်း တခြားနိုင်ငံရောက်တာနဲ့ Time Zone အသစ်ရဲ့ နာရီကို Display မှာ ပြောင်းဖို့ အကြံပြုပေးပါလိမ့်မယ်။

Health

ကျန်းမာရေးအတွက်ကတော့ Activity ၆မျိုးကို အော်တိုခြေရာခံနေမှာဖြစ်ပြီး Samsung Health Mobile App နဲ့ တွဲသုံးရမှာ ဖြစ်ပါတယ်။

Auto Sleep Tracking လည်း ပါတာကြောင့် အိပ်တဲ့အဆင့် ၄ဆင့်လုံးကို သေချာစိစစ်ပေးနိုင်မှာပါ။

တော်တော်မိုက်တာကတော့ Stress Level ကို တိုင်းတာပေးနိုင်တာပါပဲ။ Stress တွေအရမ်းများနေပြီလို့ ထင်တယ်ဆိုရင် Galaxy Fit မှာ Stress Level ကိုတိုင်းတာပြီး သူလုပ်ခိုင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းအတိုင်းလုပ်ရင်း Stress တွေ လျှော့ချပေးနိုင်မှာပါ။

အရောင်ကတော့ အနက်နဲ့ အဖြူ ကြိုးအရောင် ၂မျိုးနဲ့ထွက်ရှိထားပါတယ်။ ကျန်းမာရေးလိုက်စားမှုကို ပံ့ပိုးပေးဖို့ကြိုးစားလာကြတဲ့ နည်းပညာကုမ္ပဏီတွေလည်း များလာပြီဆိုတော့ သင်သာကျန်းမာရေးလိုက်စားသူတစ်ယောက်ဆိုရင် Fitness Band ကောင်းကောင်းတစ်ခုတော့ ဝယ်ထားသင့်တယ်လို့ ထင်ပါတယ်။

Source: Samsung Global