Samsung ကနေ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Unpacked Event ကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ Galaxy Note 20 Series စမတ်ဖုန်းတွေအပြင် Galaxy Z Flip 5G ဖုန်းနဲ့ Galaxy Fold 2 ဖုန်းတွေကို အသီးသီးမိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Samsung ကနေ Galaxy Fold 2 Foldable ဖုန်းအသစ်ကို အဆိုပါ Galaxy Unpacked Event မှာ မိတ်ဆက်သွားတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ XDA Developers က Max Weinbach ကနေ Twitter Account ကနေတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။

Max Weinbach ရဲ့ ပြောကြားချက်အရတော့ Galaxy Fold 2 စမတ်ဖုန်းဟာ လက်ရှိမှာ လာမယ့်စက်တင်ဘာလမှာမိတ်ဆက်ဖို့အတွက်တောင်မှ Software က အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် Galaxy Fold 2 ကို ယခုနှစ်ကုန်ပိုင်းမှပဲ မြင်တွေ့ရဖို့များနေပါတယ်။

Galaxy Fold 2 ဖုန်းဟာ တရားဝင်မိတ်ဆက်သွားဖို့အဆင်သင့်မဖြစ်သေးဘူးဆိုပေမယ့် Galaxy Unpacked Event မှာ မိတ်ဆက်လာနိုင်မယ့်အချိန်ကိုတော့ ပြောကြားနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း စျေးနှုန်းနဲ့ပါဝင်မယ့် Feature တွေကိုတော့ အတိအကျသိရှိရဦးမှာမဟုတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် လာမယ့် Galaxy Unpacked Event မှာတော့ Galaxy Note 20 Series နဲ့ Galaxy Z Flip 5G ဖုန်းပဲ မိတ်ဆက်ဖို့က ကျိန်းသေသွားပါပြီ။

Ref – Giz China