တောင်ကိုရီးယား မီဒီယာ ၁ ခုက Samsung ဟာ Galaxy Fold 2 ကို အမြောက်အများ ထုတ်လုပ်နေပြီလို့ သတင်းပေးလိုက်တဲ့အတွက် ဩဂုတ်လမှာ ကြေညာနိုင်ပါတယ်။ ဇွန်လကတည်းက အဲဒီ ဖုန်းရဲ့ တရားဝင် သတင်းအချက်အလက် တချို့ကို သိခဲ့ရပြီး Samsung က Galaxy Fold 2 နဲ့ Note20 ကို ဒုတိယနှစ်ဝက်မှာ ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။

အတွင်းသတင်းတွေအရ Samsung ဟာ Z Flip မှာလို Ultra Thin Glass (UTG) ကို Galaxy Fold 2 မှာ အသုံးပြုထားမယ်လို့ သိရပါတယ်။ Samsung က အဲဒီ UTG တွေကို မှာယူထားတယ်လို့ သတင်းထွက်နေပါတယ်။

Fold 2 မှာ 120Hz မျက်နှာပြင်နဲ့ အဆင့်မြှင့်ထားပေမယ့် ကုန်ကျစားရိတ် သက်သာသွားမယ်လို့ ထင်ရပါတယ်။ ဈေးကွက်ကျွမ်းကျင်သူတွေက Samsung ဟာ ဒီနှစ်မှာ အလုံးရေ ၂.၅ သန်းကနေ ၃ သန်း အတွင်း ရောင်းချရနိုင်တယ်လို့ ခန့်မှန်းထားပြီး အရင်နှစ် Fold ထက် အဆများစွာ ပိုရောင်းကောင်းနိုင်ပါတယ်။

Samsung ရဲ့ ရေစိုခံ Foldable ဖုန်း ဒီဇိုင်း Patent ကို မနေ့က တွေ့ခဲ့ရပါတယ်။ Fold 2 ဟာ ရေစိုခံမလားဆိုတာ မသေချာသေးပါဘူး။ တောင်ကိုရီးယားက သတင်းတွေအရ Samsung ဟာ UTG ထည့်ဖို့ အဆင်မပြေရင် Back Up အနေနဲ့ မူလ ပလတ်စတစ် မျက်နှာပြင်ကို သုံးမယ်လို့ သိရပါတယ်။

Ref : gsmarena