Zawgyi

Samsung ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္း Galaxy Fold ဟာ လက္ေတြ႕အသုံးျပဳတဲ့အခါမွာ အားနည္းခ်က္ေတြ ေပၚလာခဲ့တာေၾကာင့္ သတ္မွတ္ထားတဲ့ ရက္မွာ မျဖန္႔ခ်ိႏုိင္ဘဲ ျပန္လည္ေနာက္ဆုတ္ခဲ့ရပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ လတစ္ခုလုံးမွာ သူတုိ႔ဟာ ျပႆနာကို အလွ်င္အျမန္ ေျဖရွင္းႏုိင္ဖို႔ ႀကိဳးစားခဲ့ၾကတာကို ေတြ႕ရမွာပါ။ Foldable စမတ္ဖုန္းနည္းပညာသစ္ကို စမ္းသပ္အသုံးျပဳခ်င္ေနတဲ့ ကမာၻတဝန္းက နည္းပညာခ်စ္သူ ေတြကေတာ့ မခ်င့္မရဲျဖစ္ၿပီး အသစ္ေၾကျငာလာမယ့္ ထြက္ရွိရက္ကို ေစာင့္ေမွ်ာ္ေနၾကမွာ အမွန္ပါပဲ။

ယေန႔မွာေတာ့ Samsung အႀကီးအကဲတစ္ဦးဟာ ကိုရီးယားျပည္တြင္းမီဒီယာေတြကို Galaxy Fold စမတ္ဖုန္းအား ဇူလိုင္လထဲမွာ ေစ်းကြက္ထဲသို႔ ျဖန္႔ခ်ိသြားမယ္လို႔ ေျပာၾကားလာခဲ့ပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႔ ေလာေလာဆယ္ ေမွ်ာ္လင့္ထားတဲ့ အေျဖအတိအက်ေတာ့မဟုတ္ေပမယ့္ ေလာေလာဆယ္မွာ လက္ခံခ်င္စရာ သတင္းျဖစ္ပါတယ္။ ဒီကုမၸဏီဟာ မၾကာခင္ Galaxy Fold နဲ႔ပတ္သက္တဲ့ မီဒီယာပြဲတစ္ခု လုပ္သြားမွာျဖစ္ၿပီး ဇူလိုင္လထဲ မိတ္ဆက္ႏုိင္ဖို႔ ႀကိဳးစားသြားမွာပါ။

အဆုိပါ မီဒီယာပြဲၿပီးမွသာ ထြက္ရွိလာမယ့္ရက္ကို အတိအက်သိရမွာ ျဖစ္တယ္။ ဒါေတာင္မွ ေစ်းကြက္ကို လုိက္ၿပီး ထြက္ရွိရက္ေတြက ကြဲျပားေနဦးမွာပါ။ Foldable ေစ်းကြက္မွာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Huawei တစ္ေယာက္ လက္ရွိမွာ ျပႆနာေတြရင္ဆုိင္ေနရတာေၾကာင့္လည္း Samsung မွာ ဖိအားေတာ္ေတာ္ေလးကို ေလ်ာ့က်ေနတဲ့အတြက္ စိတ္ေအးလက္ေအးပဲ စီစဥ္လို႔ ရေနပါတယ္။

Ref – GSM Arena

Unicode

Samsung ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း Galaxy Fold ဟာ လက်တွေ့အသုံးပြုတဲ့အခါမှာ အားနည်းချက်တွေ ပေါ်လာခဲ့တာကြောင့် သတ်မှတ်ထားတဲ့ ရက်မှာ မဖြန့်ချိနိုင်ဘဲ ပြန်လည်နောက်ဆုတ်ခဲ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လတစ်ခုလုံးမှာ သူတို့ဟာ ပြဿနာကို အလျှင်အမြန် ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရမှာပါ။ Foldable စမတ်ဖုန်းနည်းပညာသစ်ကို စမ်းသပ်အသုံးပြုချင်နေတဲ့ ကမ္ဘာတဝန်းက နည်းပညာချစ်သူ တွေကတော့ မချင့်မရဲဖြစ်ပြီး အသစ်ကြေငြာလာမယ့် ထွက်ရှိရက်ကို စောင့်မျှော်နေကြမှာ အမှန်ပါပဲ။

ယနေ့မှာတော့ Samsung အကြီးအကဲတစ်ဦးဟာ ကိုရီးယားပြည်တွင်းမီဒီယာတွေကို Galaxy Fold စမတ်ဖုန်းအား ဇူလိုင်လထဲမှာ ဈေးကွက်ထဲသို့ ဖြန့်ချိသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ လောလောဆယ် မျှော်လင့်ထားတဲ့ အဖြေအတိအကျတော့မဟုတ်ပေမယ့် လောလောဆယ်မှာ လက်ခံချင်စရာ သတင်းဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ မကြာခင် Galaxy Fold နဲ့ပတ်သက်တဲ့ မီဒီယာပွဲတစ်ခု လုပ်သွားမှာဖြစ်ပြီး ဇူလိုင်လထဲ မိတ်ဆက်နိုင်ဖို့ ကြိုးစားသွားမှာပါ။

အဆိုပါ မီဒီယာပွဲပြီးမှသာ ထွက်ရှိလာမယ့်ရက်ကို အတိအကျသိရမှာ ဖြစ်တယ်။ ဒါတောင်မှ ဈေးကွက်ကို လိုက်ပြီး ထွက်ရှိရက်တွေက ကွဲပြားနေဦးမှာပါ။ Foldable ဈေးကွက်မှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ Huawei တစ်ယောက် လက်ရှိမှာ ပြဿနာတွေရင်ဆိုင်နေရတာကြောင့်လည်း Samsung မှာ ဖိအားတော်တော်လေးကို လျော့ကျနေတဲ့အတွက် စိတ်အေးလက်အေးပဲ စီစဉ်လို့ ရနေပါတယ်။

Ref – GSM Arena