[Zawgyi]

ေတာင္ကုိရီးယားအေျခစုိက္ Samsung ကုမၸဏီရဲ႕ ပထမဆုံး Foldable စမတ္ဖုန္းဟာ ဘကၳရီႏွစ္လုံး ပါဝင္မယ္လို႔ သတင္းေပါက္ခဲ့ၿပီးျဖစ္သလို တစ္ခုခ်င္းဆီမွာ 3,000 mAh အနည္းဆုံး ပါဝင္မယ္လို႔လည္း သိထားၾကတာပါ။ အခုအသစ္ထြက္လာတဲ့ သတင္းအခ်က္အလက္အရမွာေတာ့ အမ်ားႀကီး ပုိေသးတဲ့ ဘကၳရီအားနဲ႔ ထြက္လာမယ္လို႔ သိလိုက္ရပါတယ္။

ဘကၳရီႏွစ္လုံးပါမယ္ဆုိတာေတာ့ အမွန္ပဲျဖစ္ၿပီး တစ္လုံးကို 2,190 mAh သာပါဝင္ေတာ့မွာ ျဖစ္ကာ စုစုေပါင္း 4,380 mAh ျဖစ္ပါတယ္။ ဒီအခ်က္အလက္ကိုေတာ့ EB-BF900ABU နဲ႔ EB-BF901ABU ဆုိတဲ့ ဆမ္ေဆာင္းဟန္းဆက္ေမာ္ဒယ္ႏွစ္ခုဆီမွာ ေတြ႕ခဲ့ရတာျဖစ္ၿပီး ဘကၳရီႏွစ္လုံးေၾကာင့္ Galaxy F အတြက္ ပါဝါရင္းျမစ္လို႔ ယူဆရတာပါ။

ဒါ့ျပင္ Samsung Galaxy A70 အတြက္ ဘကၳရီလည္း ေပၚထြက္လာခဲ့ပါၿပီ။ EB-BA705ABU ဟန္းဆက္ဟာ 4,400 mAh ပမာဏရွိပါတယ္။ ဒါဟာ Galaxy A50 မွာပါတဲ့ 4,000 mAh ပမာဏထက္ ပိုမ်ားၿပီး Galaxy M20 မွာပါမယ့္ 5,000 mAh ထက္ေတာ့ နည္းပါတယ္။

Galaxy A70 ကေတာ့ Samsung ရဲ႕ 10nm တည္ေဆာက္ပုံအေျခခံ Exynos 9610 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး A50 နဲ႔အတူတူပါပဲ။ LCD Display ကုိပဲအသုံးျပဳတဲ့ A စီးရီးဝင္ ဟန္းဆက္အသစ္ေတြနဲ႔ မတူညီတာကေတာ့ သူ႕မွာ AMOLED Display ကိုအသုံးျပဳလာမွာျဖစ္ပါတယ္။

အခ်ိန္ၾကာျမင့္စြာ ေစာင့္ေမွ်ာ္ေနတဲ့ Samsung Foldable ဖုန္းဟာ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာပါ။ M စီးရီးကိုလည္း ဇန္နဝါရီ ၂၈ မွာ မိတ္ဆက္လာမွာျဖစ္ကာ A စီးရီးအသစ္ကိုေတာ့ ပြဲထုတ္လာမယ့္ရက္ကို မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်းဟာ ဘက္ထရီနှစ်လုံး ပါဝင်မယ်လို့ သတင်းပေါက်ခဲ့ပြီးဖြစ်သလို တစ်ခုချင်းဆီမှာ 3,000 mAh အနည်းဆုံး ပါဝင်မယ်လို့လည်း သိထားကြတာပါ။ အခုအသစ်ထွက်လာတဲ့ သတင်းအချက်အလက်အရမှာတော့ အများကြီး ပိုသေးတဲ့ ဘက္ထရီအားနဲ့ ထွက်လာမယ်လို့ သိလိုက်ရပါတယ်။

ဘက္ထရီနှစ်လုံးပါမယ်ဆိုတာတော့ အမှန်ပဲဖြစ်ပြီး တစ်လုံးကို 2,190 mAh သာပါဝင်တော့မှာ ဖြစ်ကာ စုစုပေါင်း 4,380 mAh ဖြစ်ပါတယ်။ ဒီအချက်အလက်ကိုတော့ EB-BF900ABU နဲ့ EB-BF901ABU ဆိုတဲ့ ဆမ်ဆောင်းဟန်းဆက်မော်ဒယ်နှစ်ခုဆီမှာ တွေ့ခဲ့ရတာဖြစ်ပြီး ဘက္ထရီနှစ်လုံးကြောင့် Galaxy F အတွက် ပါဝါရင်းမြစ်လို့ ယူဆရတာပါ။

ဒါ့ပြင် Samsung Galaxy A70 အတွက် ဘက္ထရီလည်း ပေါ်ထွက်လာခဲ့ပါပြီ။ EB-BA705ABU ဟန်းဆက်ဟာ 4,400 mAh ပမာဏရှိပါတယ်။ ဒါဟာ Galaxy A50 မှာပါတဲ့ 4,000 mAh ပမာဏထက် ပိုများပြီး Galaxy M20 မှာပါမယ့် 5,000 mAh ထက်တော့ နည်းပါတယ်။

Galaxy A70 ကတော့ Samsung ရဲ့ 10nm တည်ဆောက်ပုံအခြေခံ Exynos 9610 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး A50 နဲ့အတူတူပါပဲ။ LCD Display ကိုပဲအသုံးပြုတဲ့ A စီးရီးဝင် ဟန်းဆက်အသစ်တွေနဲ့ မတူညီတာကတော့ သူ့မှာ AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

အချိန်ကြာမြင့်စွာ စောင့်မျှော်နေတဲ့ Samsung Foldable ဖုန်းဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မိတ်ဆက်လာတော့မှာပါ။ M စီးရီးကိုလည်း ဇန်နဝါရီ ၂၈ မှာ မိတ်ဆက်လာမှာဖြစ်ကာ A စီးရီးအသစ်ကိုတော့ ပွဲထုတ်လာမယ့်ရက်ကို မသိရသေးပါဘူး။

Ref – GSM Arena