Flagship ထုတ္ကုန္သစ္ေတြလို စိတ္လႈပ္ရွားစရာ ေျပာင္းလဲမႈေတြ မပါေပမယ့္ ဆမ္ေဆာင္းရဲ႕ Galaxy J4+ နဲ႔ Galaxy J6+ တုိ႔ကေတာ့ တရားဝင္ အခ်က္အလက္ေတြ ထြက္လာခဲ့ပါျပီ။ ဆမ္ေဆာင္းက J4+ နဲ႔ J6+ တုိ႔မွာ ပါဝင္လာမယ့္ Infinity Display နဲ႔ ေဘးဘက္မွာ ထည့္သြင္းထားတဲ့ Fingerprint ဆင္ဆာေတြကိုေတာ့ ၾကိဳျပီး Tease လုပ္ထားခဲ့ပါတယ္။

ဖုန္းအသစ္ႏွစ္ခုလုံးမွာ 6” လက္မအရြယ္ 720x 1480p Display ပါဝင္ျပီး ႏွစ္ခုစလုံးမွာ 3300 mAh ဘကၳရီေတြနဲ႔ Android 8.1 Oreo ပါဝင္ပါတယ္။ သူတုိ႔ကြာျခားတဲ့ေနရာက မန္မိုရီပုိင္းမွာျဖစ္ျပီး J6+ က RAM မန္မုိရီ 3GB / 4GB ႏွစ္မ်ဳိးနဲ႔ Storage 32GB / 64GB ေရြးခ်ယ္ႏုိင္မွာျဖစ္ကာ J4+ မွာေတာ့ RAM 2GB / 3GB နဲ႔ Storage ပမာဏ 16GB သုိ႔မဟုတ္ 32GB ေရြးခ်ယ္ဝယ္ယူႏုိင္မွာ ျဖစ္ပါတယ္။

ဆမ္ေဆာင္းရဲ႕ Galaxy J6+ မွာ ေက်ာဘက္ Dual ကင္မရာပါဝင္ျပီး 13MP + 5MP နဲ႔ ေရွ႕ဘက္ 8MP ဆယ္လ္ဖီကင္မရာတုိ႔ ပါဝင္ပါတယ္။ ေစ်းပိုခ်ဳိတဲ့ J4+ ကေတာ့ ပိုရုိးရွင္းျပီး ေက်ာဘက္ 13MP ကင္မရာနဲ႔ 5MP ဆယ္လ္ဖီ တုိ႔ပါ။ ဟန္းဆက္အရြယ္အစားနဲ႔ အေလးခ်ိန္အပါအဝင္ အျခားအစိတ္အပုိင္းေတြကေတာ့ တူညီေနျပီးေတာ့ Snapdragon 425 ကိုပဲ အတူတူအသုံးျပဳထားတယ္။

Galaxy J6+ ရဲ႕ ေဘးဘက္မွာ Fingerprint ဖတ္စက္ ပါဝင္ျပီး J4+ အတြက္ကေတာ့ အေမရိကန္ ေစ်းကြက္မွာ ေရာင္းခ်တဲ့ ေမာ္ဒယ္မွာသာ အလားတူ Fingerprint ဆင္ဆာပါမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ J6+ က အေျခခံေစ်းႏႈန္း ယူရုိေငြ ၂၄၀ ခန္႔နဲ႔ J4+ အေျခခံေစ်းႏႈန္းက ယူရုိေငြ ၁၉၀ ခန္႔တုိ႔ ျဖစ္ပါတယ္။

Ref – https://www.gsmarena.com/samsung_galaxy_j4_and_j6_unveiled_6_screens_on_both_also_quadcore_processors-news-33318.php

Unicode

Flagship ထုတ်ကုန်သစ်တွေလို စိတ်လှုပ်ရှားစရာ ပြောင်းလဲမှုတွေ မပါပေမယ့် ဆမ်ဆောင်းရဲ့ Galaxy J4+ နဲ့ Galaxy J6+ တို့ကတော့ တရားဝင် အချက်အလက်တွေ ထွက်လာခဲ့ပါပြီ။ ဆမ်ဆောင်းက J4+ နဲ့ J6+ တို့မှာ ပါဝင်လာမယ့် Infinity Display နဲ့ ဘေးဘက်မှာ ထည့်သွင်းထားတဲ့ Fingerprint ဆင်ဆာတွေကိုတော့ ကြိုပြီး Tease လုပ်ထားခဲ့ပါတယ်။

ဖုန်းအသစ်နှစ်ခုလုံးမှာ 6” လက်မအရွယ် 720x 1480p Display ပါဝင်ပြီး နှစ်ခုစလုံးမှာ 3300 mAh ဘက္ထရီတွေနဲ့ Android 8.1 Oreo ပါဝင်ပါတယ်။ သူတို့ကွာခြားတဲ့နေရာက မန်မိုရီပိုင်းမှာဖြစ်ပြီး J6+ က RAM မန်မိုရီ 3GB / 4GB နှစ်မျိုးနဲ့ Storage 32GB / 64GB ရွေးချယ်နိုင်မှာဖြစ်ကာ J4+ မှာတော့ RAM 2GB / 3GB နဲ့ Storage ပမာဏ 16GB သို့မဟုတ် 32GB ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဆမ်ဆောင်းရဲ့ Galaxy J6+ မှာ ကျောဘက် Dual ကင်မရာပါဝင်ပြီး 13MP + 5MP နဲ့ ရှေ့ဘက် 8MP ဆယ်လ်ဖီကင်မရာတို့ ပါဝင်ပါတယ်။ ဈေးပိုချိုတဲ့ J4+ ကတော့ ပိုရိုးရှင်းပြီး ကျောဘက် 13MP ကင်မရာနဲ့ 5MP ဆယ်လ်ဖီ တို့ပါ။ ဟန်းဆက်အရွယ်အစားနဲ့ အလေးချိန်အပါအဝင် အခြားအစိတ်အပိုင်းတွေကတော့ တူညီနေပြီးတော့ Snapdragon 425 ကိုပဲ အတူတူအသုံးပြုထားတယ်။

Galaxy J6+ ရဲ့ ဘေးဘက်မှာ Fingerprint ဖတ်စက် ပါဝင်ပြီး J4+ အတွက်ကတော့ အမေရိကန် ဈေးကွက်မှာ ရောင်းချတဲ့ မော်ဒယ်မှာသာ အလားတူ Fingerprint ဆင်ဆာပါမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ J6+ က အခြေခံဈေးနှုန်း ယူရိုငွေ ၂၄၀ ခန့်နဲ့ J4+ အခြေခံဈေးနှုန်းက ယူရိုငွေ ၁၉၀ ခန့်တို့ ဖြစ်ပါတယ်။

Ref – https://www.gsmarena.com/samsung_galaxy_j4_and_j6_unveiled_6_screens_on_both_also_quadcore_processors-news-33318.php